Tuesday, March 29, 2022



အစ အဆုံး
---------------

အစ
စပြီးရင်
အဆုံး
ဆုံးသတ်တတ်ဖို့အထိ
ပြင်ဆင်ထားရမယ်

အခု
အစအဆင့်ပဲ ရှိသေးတယ်

ကိုယ်စီကိုယ်စီ
အဆုံးသတ်တစ်ခုကို
မျှော်ရည်မှန်းထားကြပေမယ့်
အချိန်
နေရာ
အမှန်တရား
ဒီသုံးပါးအပေါ်မူတည် 
အနားသတ်ကြရမယ်

စပြီးရင်
အဆုံးသတ်ဖို့ 
ဘုံအနားသတ်တစ်ခု
အခုကတည်းက 
ချရေးထားဖို့လိုတယ်

ဒီလမ်းဟာ
အစကောင်းဖို့လိုသလို
အဆုံးသတ်လှဖို့လည်းလိုတယ်

ရှေ့တစ်ကွေ့ရောက်ရင်
အဆုံးသတ်တော့မယ်


San Zuren 🌸


ရင်ဆိုင်ကျော်ဖြတ်ကြမယ်
-------------------------------


ငါတို့ဟာ...
အဆိုးဆုံးဆိုတဲ့
အာဏာရူးတွေကို
အမြစ်ဖြတ်သုတ်သင်ပြီး
အေးမြငြိမ်းချမ်းတဲ့
ဖက်ဒရယ်ပြည်ထောင်စုကို
ဒီမိုကရေစီစနစ်နဲ့
တည်ဆောက်နိုင်ရမယ်ဆိုပီး
မျှော်လင့်တိုက်ပွဲဝင်ကြသလို 

ရန်သူရဲ့အစားခံကြရတဲ့
အဆိုးရွားဆုံးဒုက္ခတွေကိုလည်း
အသက်နဲ့ဘဝတွေကို
လောင်းကြေးထပ်ကစားကြတာမလို့
ရင်ဆိုင်ကျော်ဖြတ်ကြရမယ်
ရင်ဆိုင်ကျော်ဖြတ်နိုင်ရမယ်

ကျော်ကို...ကျော်ဖြတ်ကြမယ်...


San Zuren 🌸

ပြည်သူ့  PDF
-----------------

ဒို့ မြန်မာပြည်
စစ်ကျွန်လက်အောက်မှ
လွတ်မြောက်ဖို့ အရေးပေမို့

သွေးအေးမနေ 
သံမဏိစိတ်ဓာတ်တွေနှင့်
ဇွဲမာန်တွေသွင်း သွေးချင်းညီနောင်

PDF ညီ‌နောင်တို့ 
အားမာန်ဟုန်တင်း
ရှေ့သို့စစ်ချီ   မိစ္ဆာတပ်ကို
ချေမှုန်းကြမည်


San Zuren 🌸

ပြည်သူ့ဘက်တော်သား


ပြည်သူကမွေးဖွား
ပြည်သူ့သွေးသားမို့
လက်နက်ကိုင်တော်လှန်ဖို့ ရွေးခဲ့တာ
ကြင်သူကို ယုံလို့မဟုတ်ဘူး....  အမေ
ပြည်သူကို ယုံလို့ပါ။

ပြည်သူတွေရဲ့ အား
ပြည်သူကိုသာ အလေးထားတာမို့
အသက်ပေးပြီး ကာကွယ်နေခဲ့တာ
ကိုယ့်ကိုယ်ကို မချစ်လို့မဟုတ်ဘူး...အမေ
တိုင်းပြည်ကို ပိုချစ်သွားလို့ပါ။

နေရေးက အဆင်မပြေ
စားရေးက အခက်ကြုံလည်း
ဆူးခင်းလမ်း  ရဲရဲလျှောက်ကာ
အနာဂါတ်တွေ ပိုလှလာဖို့ အရေး
သား အသက်ပေးနေခဲ့တာပါ အမေ...။


# သျှမ်း

Friday, March 25, 2022



"နွေ"
ဓားမဦးချ
တောင်ယာအလုပ်တေနဲ့
ဘိုးဘွားတို့ရဲ့အမွေ
ရိုးသားတဲ့တောသူတောင်သားတေ
ဒီနွေမှာ
ထွန်းချဖို့ရာ
မျိုးကြဲဖို့ရာ . . .
ရာပေါင်းများစွာဟာ
အတ္တသမား
အဓမ္မဝါဒီ
လူရမ်းကားတစ်စုကြောင့်
ပူလောင်ရဦးမှာပေါ့။

⏩ပန်းပျိုးသူ


"ချစ်သူ PDF"

မွန်မြတ်တဲ့...
ခွဲခွာခြင်းအတွက်

အလွမ်းတွေကို
ဂုဏ်ယူစွာနဲ့
သိမ်းဆည်းထားတယ်...

တနေ့...
ကျမရဲ့ အလွမ်းတွေက
သပြေခက် ဖြစ်စေရမယ်❤️💪

#Dragon


အမှောင်ခေတ် ပြန်မဆုတ်ချင်တော့ပါ။

ပုံမှန်တစ်ခွက် အရင်လို
ပုံမှန်မဟုတ်တော့တဲ့ တိုင်းပြည်မှာ
ဆီစျေးတွေ တက်တယ်၊
ရွှေစျေးတွေ တက်တယ် ၊
တို့ ပြည်သူတွေ ခမျာ........
သွေးတိုးတွေလည်း တက်ပါတယ်။

ကိုယ့်ဆီက ရေနံ သူများကိုရောင်း
ဖယောင်းတိုင် ပြန်ရောင်း ပေးတာကို
ကျေးဇူးရှင်လို့ အခေါ်ခံချင်တဲ့ နိယာမ
အစိမ်းမြင်သမျှ ကြောက်နေရတာလဲ
ဒီခေတ် ဒီဘဝ ဒီအမျှနဲ့သာ
နောက်ဆုံး ဖြစ်ပါစေလေ။

ရင်တွင်းရှိသမျှ အကုန်ပြောရရင်တော့..
ဖယောင်းတိုင်မီး ပြန်မထွန်းချင်ဘူး၊
ဆင်းကဒ်တခု သိန်းချီ မဝယ်ချင်ဘူး၊
ကြယ်ပွင့်ရှိတဲ့သူ လက်အုပ်မချီချင်ဘူး၊
ဘယ်နေရာ သွားသွား 
လာဘ်မထိုးချင်တော့ပါဘူး။

# သျှမ်း


မာန်တင်းထားသောတော်လှန်ရေး

ကလောင်တံကိုင်ပြီး  မာန်ကိုခဲ
မရေးနိုင်တဲ့ရက်ပေါင်းလည်းများပြီလေ။
အားပြန်တင်းတွေးသော်လည်း
ရေကြည်တစ်ပေါက် မျက်ရည်စကို
မထိန်းနိုင်ပါလေ။
ပြုံးပြန်လည်းလိပ်ပြာမလုံ
တိုင်းပြည်ကြီးကငိုသကိုး။
ပြည်သူတွေကိုအမှောင်ချ
အာဏာရူးသပါ့။
ပြည့်သူကျိန်စာတန်ပြန်ထိ
အဝီစိငရဲထိ။
ခြောက်တိုင်းကြောက်တဲ့အမျိုးထဲ
တို့များမပါဘဲ။
လက်ပြန်တုတ်လည်းရုန်းမဟဲ့
အမှန်တရားလက်ကိုင်မြဲ။
သူတော်ကောင်းမှန်လေသမျှ သူယုတ်ဖျက်
တိုင်းပြည်အနာဂတ်။
တစ်ထောင့်တစ်နေရာဝင်ကူရင်း
အသက်ဆက်မလေး။
လင်္ကာလက်ကိုမြှောက်ကာရေး
တိုင်းပြည်လွတ်မြောက်ရေး။
                                  
                                          နွေဦး


တော်လှန်ရေးသွေးဗီဇ

လေပြည်နုနုရှက်သွေးဥ
တိုက်ခတ်လာလည်းမငြိမ်းနိုင်
နှလုံးသားထဲကဇာတိမာန်။
နေရောင်ခြည်တွေကန့်လန့်ကာဖွင့်
အမှောင်ယံတွေတော်တန်တိတ်
အလွမ်းတွေကိုအနာနဲ့ဖြေ
ဖိနှိပ်မှုတွေသတ္တိနဲ့ဖျက်
သွေးမရွံ့နောက်မတွန့်
ရှေ့ဆက်တက်ကြိုးစားကြမည်
အားတင်းလျက်
လိပ်ပြာလုံမယ့် ထိုတစ်နေ့အတွက်။
တစ်ယောက်သတ် တစ်ရာထွက်
တစ်ယောက်ဖမ်း အယောက်တစ်သန်း
နှလုံးသားချင်းငြိ လက်ချင်းထိ
မီးဖျက်ထားလည်း တော်လှန်ဆဲ
စျေးတက်သွားလည်း တော်လှန်မြဲ
တက်ကျိုးနေလည်း လက်အားမနည်း
အာဂသွေးမို့ ရဲရဲနီ
မင်းယှဥ်ရဲရင် စမ်းလိုက်ပါ။
မျက်ရည်မိုးတွေ အထက်သို့ပျံ
ပြုံးပန်းခင်းတွေ ဝေဝေညံ
သစ္စာတရားနဲ့ သံဓိဌာန်
ကမ္ဘာတည်သရွေ့ မပျက်နိုင်
မိစ္ဆာဘီလူးတွေ ကုန်သည်ထိ
ဆက်တိုက်ကြမည် ဒေါင်းစစ်သည်
ကျုပ်တို့တစ်နေ့တော့ လွတ်လပ်မည်
                                      
                                           နွေဦး

Wednesday, March 23, 2022

အိုဘယ့်  မြန်မာပြည်
------------------------

ထင်းခွေလဲ မပါ 
ရေခပ်လဲ မပါ
ဆန်ဆေးလဲ မရှိ
မီးမွေးတော့လဲ  မပါ
သို့သော် မကျက်သေးဘူးလားဟု 
ခနခနမေးနေကြသည်


San Zuren 🌸


Tuesday, March 22, 2022

◼ကာတွန်း©မယ်တင်◼

#thevoiceofspring #cartoon





ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)အနေနဲ့  အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့တဲ့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုများအပေါ်  စာထုတ်တာတွေ  အပြောနဲ့ စိုးရိမ်နေတာတွေကို ရပ်ပြီး တကယ် အရေးယူဖို့ တောင်းဆိုတဲ့ petition ပါ။ 

Deadline - 22.3.2022 မြန်မာအချိန်ည ၁၂နာရီ (ထပ်တိုး edited)
Target     -  အနည်းဆုံး 150000 (၁ သိန်းခွဲ)
Petition link - https://chng.it/6L4DgmCf

ယခုလက်ရှိ လက်နက်အားကိုး အာဏာလုထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းခင်အချိန်ထဲက နှစ်ပေါင်းများစွာ လူမျိုးစု ပြည်နယ်ဒေသတွေနဲ့  ရိုဟင်ဂျာလူမျိုးစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့ပါတယ်။ အာဏာလုပြီး နောက်ပိုင်းမှာတော့ တစ်နိုင်ငံလုံးက တိုင်းရင်းသားလူမျိုးအားလုံးကို ပေါ်ပေါ်ထင်ထင်ပဲ ကျူးလွန်လာတာပါ။ 

အာဏာသိမ်းကာလ ၁ နှစ်ကျော်အချိန်မှာ  ပြည်သူလူဦးရေ ၂၀၀၀ ကျော် (အရေတွက်ဆက်တိုးနေ) မှာ အနည်းဆုံး ကလေး ၁၀၀ ဉီး အပါအဝင် အကြမ်းဖက် သတ်ဖြတ်ခံထားရပြီး ၁၂၅၀၀ ကျော် (အရေတွက်ဆက်တိုးနေ) ဖမ်းဆီးထိမ်းသိမ်းခံထားရကာ ၂၀၀၀ နီးပါး (အရေတွက်ဆက်တိုးနေ) လည်း ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။ 

ယခု petition ကတော့ ဒီလို လူ့အခွင့်အရေး အပြင်းအထန် ကျူးလွန်ချိုး‌ဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်နိုင်ရေးအတွက်  အချက် ၄ ချက်ပါ တောင်းဆိုချက်များကို ပြည်သူလူထုမှ တောင်းဆိုသော လတ်မှတ်အရေအတွက်နှင့်တကွ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ  UNHCRကို ပေးပို့မှာဖြစ်ပါတယ်။ 

၁။ ယုတ်မာရက်စက်သောရာဇဝတ်မှုများအတွက် ကုလသမဂ္ဂမှ အခွင့်အာဏာအပ်နှင်းထားသော တရားစီရင်ရေးကို တည်ထောင်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် တရားမျှတမှု ရရှိရေး ဘက်ပေါင်းစုံက ဆောင်ရွက်ရန်၊ 

၂။ မြန်မာ့အရေး အခြေအနေများကို ICC သို့ ပို့နိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေး အကြံပြုတိုက်တွန်းရန် 

၃။ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံပိုင်နက်အတွင်း ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇ၀တ်မှုများနှင့်စပ်လျဉ်း၍ ICC တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို လက်ခံခြင်းအားဖြင့် ရောမသဘောတူစာချုပ် အပိုဒ် ၁၂(၃) အရ မြန်မာအစိုးရ NUG မှ တင်သွင်းသော ကြေညာချက်ကို လက်ခံရေး ICC အား တောင်းဆိုရန် 

၄။ ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆက်လက်အတည်ပြုထားသော NUG အစိုးရ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ရေး  ပံ့ပိုးပေးရန်။

စသည့် အချက်များကို လက်မှတ်ရေးထိုးတောင်းဆိုကြမှာ ဖြစ်လို့ ပြည်သူလူထုအင်အားများစွာနဲ့ ပါဝင်ပေးကြဖို့ တိုက်တွန်းအပ်ပါသည်။

အရေးတော်ပုံ အောင်ရမည်။



#HoldJuntaAccountable
#EndImpunityInMyanmar
#ReferMyanmarToICC
#UN_MustNotFail_Myanmar  
#UNHRC_TakeAction
#HRC49
#BloodMoneyCampaignMM
😥😥


စစ်ကြီးပြီးရင်
ခန်းစီးအသစ်တွေလဲကြမယ်

ပျော်စရာကောင်းတဲ့
ဖျော်ရည်တွေသောက်ကြမယ်

ဘုရားစင်ပေါ်မှာ
အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်

တောင်းရမယ့်ဆုက
ချစ်သူများသာ အဓွန့်ရှည်ပါစေ။

_ကြည်ဇော်အေး

ကျနော်တို့ရဲ့နေ့စဉ်ရက်များဟာ
ဒဏ်ရာနဲ့ရက်များချည်းပါပဲ
ချစ်ခြင်းမေတ္တာရဲ့ဟိုဘက်မှာ
ဘာများရှိပါသလဲ..။

-မောင်ချောနွယ်

Collagebypoetryoflife


ကျမျက်ရည် 

အိုင်းရစ်ပန်းလေးတွေ ပွင့်လုရောပေါ့လို့ 
နိုးထမိတဲ့ ဖေဖေါ်ဝါရီရဲ့ အဦးဆုံးနံနက်ခင်းမှာ
မြို့ရဲ့မြူတွေကြားက သံချပ်ကားတွေ
ခေါင်းထိုးထွက်လာတာကို တွေ့လိုက်ရတယ် ။

နောက်တော့ အမှောင်ရယ် ၊ ငရဲရယ်  ၊
အား .......  လို့ မဆုံးတော့မယ့်အသံနဲ့
အာခေါင်ခြစ်အော်နေတဲ့ ဦးခေါင်းပွင့်မျိုးဆက်ရယ် ။

အချစ်ရေ တိမ်တွေက သေနတ်ဒင်နဲ့တူလိုက်တာ
မင်းကြောက်လား ။
မကြောက်ဘူး၊ ရွံတာလို့ဖြေ ၊
ကိုယ်မင်းကို ပန်းလေးပန်ပေးချင်သေးတယ်
ဒါပေမယ့် ဝမ်းနည်းစရာပဲ ဒီတိုင်းပြည်ဟာ ဘာပန်းမှပွင့်တော့မှာမဟုတ်ဘူး ။

မင်းရဲ့မျက်ရစ်ကလေးတွေ မို့နေပါလား
ငိုကြွေးထားသလားကွယ် ၊
အတွင်းရော အပြင်ရော ငိုနေတယ်လို့ဖြေ ၊
ငိုပါ ချုံးပွဲချပြီး ငိုပါလေ
ဒီအချိန် ရယ် နေတဲ့ မိန်းမတွေထက် 
ငိုနေတဲ့မိန်းမတွေကပိုလှတယ်လို့ထင်တယ်
မင်းမျက်ဝန်းတွေက သိပ်လှတော့
ကျမျက်ရည်ကလည်း သိပ်ကိုလှမှာပေါ့ ။

ကိုယ်တို့အမိမြေ
ချစ်စရာလေးနော်
သေနည်းရောင်စုံနဲ့လေ ။

မင်းဘာအရောင်နဲ့သေချင်လဲ
အနီရောင်နဲ့သေချင်တယ်လို့ဖြေ၊
ကိုယ်လည်း Crimson ဘက်ယိမ်းတဲ့အနီရောင်နဲ့သေမယ် 

ကိုယ်တို့ရက်သိပ်မကွာဘဲသေကြမယ်
အရမ်းအေးတဲ့နိုင်ငံတွေမှာ ပြန်မွေးဖွားကြမယ် 
တက္ကသိုလ်အတူတက်ကြမယ်
သမိုင်းစာအုပ်အတူဖတ်ကြမယ်
မြန်မာနိုင်ငံအကြောင်းဖတ်မိတဲ့အခါ
" ဒီနိုင်ငံကြားဖူးသလိုလိုပဲ ..."
ဆိုတဲ့ မျက်မှောင်ကြုံတာမျိုးဖြစ်သွားလိမ့်မယ် ။

ကိုယ်တို့နောင်ဘဝရောက်နေပြီလေ။
အရင်ဘဝက အကြောင်းတွေ ပြန်မသိတော့ဘူးလေ ။
အရင်ဘဝအကြောင်း မှတ်မိနေဦးမယ်ဆိုရင်
နောင်ဘဝဆိုတာကလည်း ဘာအဓိပ္ပါယ်ရှိမှာလဲနော့် ။

ကိုယ်တို့ သားမွှေးမဟုတ်တဲ့ အနွေးထည်တွေဝတ်မယ်
တောင်ယဉ်စွန်းတန်းက တာရာတွေကို ကြည့်မယ်
မင်းကို သွေးအားကောင်းအောင် ဂရုစိုက်မယ် 
နှစ်သစ်ကူးနီးရင် ကိုယ်တိုင်လုပ်ထားတဲ့ ဝိုင်တွေသောက်မယ် ။

ကိုယ်တို့နောင်ဘဝမှာ တကယ်ပျော်ရွှင်နိုင်လောက်တယ်
ဒါပေမယ့် ထူးဆန်းတဲ့ ပြဿနာတစ်ခုတော့ ရှိချင်ရှိနိုင်တယ် ။
အဲ့ဒါကတော့ နှစ်စဉ် နှစ်တိုင်း
ဖေဖေါ်ဝါရီလရဲ့ အစောဆုံးနံနက်ခင်းတိုင်းမှာ ကိုယ်တို့နိုးနေသည်ဖြစ်စေ
အိပ်မောကျနေသေးသည် ဖြစ်စေ
ကိုယ်တို့မျက်လုံးထောင့်စွန်းတွေက 
ဘယ်လိုမှ ရပ်တန့်လို့ရအောင်
မျက်ရည်တွေ တသွင်သွင်စီးကျနေလေ့ရှိတဲ့အကြောင်းပေါ့ ။

-သူဝေး
◼ဖဲဝဲလ် သင်းကြန် ◼

ကာတွန်း©သမိန်ဂွတို
#thevoiceofspring #cartoon



#thevoiceofspring

Sunday, March 20, 2022



သုံးရာသီ တစက်ဝန်း
------------------------------

ကိုယ့်ဆံပင်နဲ့ကို 
မိုးထားရတဲ့ 
မိုးကိုလည်း ကျော်ခဲ့ပြီ

ကိုယ့်လက်နဲ့ကို 
ထွေးထားရတဲ့ 
ဆောင်းကိုလည်း 
ဖြတ်ခဲ့ရပြီ

ကိုယ်အရေပြားနဲ့ကို
ကာထားရတဲ့ 
နွေနေပူလည်း ထပ်ဖြတ်ရပြီ

ငါတို့မှာ
ငါတို့ရှိတယ်

ပြည်သူမှာ
ပြည်သူရှိတယ်

ငါမှာတော့
ငါပဲရှိတယ်

ငါ့မနက်ဖြန်အတွက်
ငါ့ကိုငါ အဖော်ခေါ်သွားခွင့် 
ငါရထားတယ်

ငါ့ရှင်သန်ခြင်းကို
ငါ့ယုံကြည်ချက်နဲ့
ဆွဲဆန့်ထားရတာမို့
ငါကိုငါ ပြတ်ကျမသွားအောင်
ငါနှင်တံ ငါနှင်နေရတယ်

ကိုယ်ကျောကို ကိုသပ်ပြီး
ကိုယ့်ခရီးကို ကိုယ်စီးနေရတယ်



San Zuren 🌸


"အမှန်တရားကခါးလိမ့်မယ်"


လူအများစုဟာ လွတ်လပ်မှုကို အမှန်တကယ် မလိုချင်ကြဘူး
အကြောင်းက လွတ်လပ်မှုမှာ တာဝန်ယူမှု တွဲပါနေလို့
ပြီးတော့ တာဝန်ယူမှုတွေကို လူအများစု လန့်တတ်ကြလို့


♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️


“ မင်းတို့ မြို့ကြီးပြကြီးတွေမှာသာ မီးပျက်လို့ မှောင်မဲနေတာပါကွာ …

ငါတို့တောဘက်မှာတော့
တရွာလုံးကို လင်းထိန်လို့ … ”

“ ဟာ … မီးတွေ လာနေတာလား … ”

“ ဟင့်အင်း … လောင်နေတာ ... ” 🔥


San Zuren 🌸


Click ကြပါ
---------------------

မီးတွေ လာကြလား

ကုန်စျေးနူန်းတွေ သက်သာရဲ့လား 

internet dataတွေသက်သာရဲ့လား 

အကုန်လုံးဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာတောင်မှ click ဖို့ ပျင်းနေကြတုန်းလား

 wifi နဲ့ internet သုံးကြတဲ့လူများကို အားကိုးချင်ပါတယ်

တော်လှန်ရေး အမြန်အဆုံးသတ်ဖို့
 click ပေးကြပါ


San Zuren 🌸

Saturday, March 19, 2022



"ငရဲကိုဖြတ်သန်းနေရပြီဆိုရင် မရပ်နဲ့ ဆက်သာလျှောက်"


ငရဲကိုရောက်နေပြီဆိုရင် ထွက်လမ်းကိုမနားမနေ ရှာမှလွတ်မြောက်မယ်...
ဒီနေရာကိုရောက်နေရလို့ "အဖြစ်ဆိုးလှချည်ရဲ့"လို့ ငိုကြွေးမြည်တမ်းနေတာ အလကားပဲ...

ငရဲမီး ပူတဲ့ခဏမှာ အလန့်တကြား ထပြေးတဲ့ ပြေးခြင်းမျိုးကလည်း ထွက်လမ်းကို ရောက်စေမှာ မဟုတ်ဘူး ...
ထွက်လမ်း ကို မတွေ့မချင်းရှာမယ်ဆိုတဲ့ ခိုင်မာတဲ့သန္နိဌာန်မျိုးနဲ့ အလုပ်လုပ်မှသာ လွတ်မြောက်နိုင်မယ်...

ဒီငရဲသားတွေကို လူမဆန်ဘူးလို့ပြောနေလို့ ရပ်သွားကြမှာမဟုတ်ဘူး အသိတရားဝင်လာကြမှာ မဟုတ်ဘူး...

ရလိုက်တဲ့ပူဆွေးသောကတစ်ခုကြောင့် ဝုန်းခနဲထလုပ်တဲ့အလုပ်ထက် ရည်မှန်းချက်တစ်ခုကို ရေရှည် ရေတိုပန်းတိုင်ထားပြီး အင်နဲ့အားနဲ့ မှန်မှန်လုပ်တာမျိုးကပိုထိရောက်တယ်...

ငရဲမီးပူလို့ အလောတကြီး ထွက်ပေါက်ပြေးရှာတာမျိုးထက် တည်ငြိမ်တဲ့စိတ်နဲ့ ပုံမှန်အားထုတ်နေ့မယ့် မဆုတ် မနစ်တဲ့ ဇွဲမျိုးကမှ အလုပ်ပိုဖြစ်တယ်...

လူအုပ်ကြီးနဲ့ ဝုန်းခနဲထလုပ်ပြီး ခဏပဲခံတာမျိုးထက် လူအင်အားတစ်ရပ်က ပုံမှန်အလုပ်လုပ်ပေးတာက ပိုထိရောက်ပါတယ်...


San Zuren 🌸


"ကိုယ့်အသက်က ကိုယ့်အလံ"


ပြိုင်ဘက်ရဲ့
နေဝင်ချိန်ကို
ကြည့်ချင်တယ်ဆို
အသက်ရှင်အောင်
နေဖို့လိုမယ်

ကိုယ့်အသက်က
ကိုယ့်အလံပါပဲ
ရဲဘော်တို့ရေ 💪💯


San Zuren 🌸
တိုက်လည်းတိုက်ထုတ်ရ၊ ရေပေါ်ဆီတွေကိုလည်း သယ်နေရ🙂


◼ကာတွန်း©ကိုနေဇင်ဦး ◼
#thevoiceofspring #cartoon




Friday, March 18, 2022



"အဘခေတ်မှာ"
ငြိမ်ဝပ်ပိပြား
လိမ္မာများက
ဆုကား ကျွန်သက် ရှည်အံ့တည်း။

ရမ္မာကို (ကျောက်ချောင်း)


စစ်မီး
----------

သေကြ
ပြာကျ
ရွာကလူတွေ

အိုးပျောက်
အိမ်ပျောက်
ဘဝပျက်သူတွေ

သူပြေး
ကိုယ်ပြေး
စစ်ဘေးပြေးတွေ

အခြေမကျ
အနေမလှ
ကြေမွများလှပြီ


San Zuren 🌸

Thursday, March 17, 2022


Revolution
-----------------

တော်လှန်ရေးလုပ်တယ်ဆိုတာ 
စနစ်ကိုဖြိုချတာဖြစ်ပါတယ်

- အနစ်နာခံမှု ပြိုင်နေတာ မဟုတ်
- ရဲဝံ့မှု ပြိုင်နေတာ မဟုတ်
အာဏာရှင်ကို တော်လှန်နေတာ ဖြစ်တယ်

ကိုယ်နိုင်သလောက် ဝန်ကို ဝင်ထမ်းပါ 
ဘေးလူကို ငါ့လောက်မထမ်းနိုင်လို့ဆိုပြီး အပြစ်မတင်နဲ့

တစ်ယောက်နဲ့တစ်ယောက် ဘဝအခြေအနေ , ခံယူချက်, ရဲဝံ့မှု မတူတတ်ဘူး
အသုံးဝင်ပုံလည်း မတူကြသလို အသုံးဝင်တဲ့နေရာချင်းလဲ မတူကြဘူး

ဒါကြောင့် သွေးမကွဲနဲ့
ဓမ္မ အဓမ္မ ခွဲသိရင်ကို ချီးကျူးဖို့ ကောင်းနေပြီ

- စိတ်ဓာတ် မကျိုးပဲ့စေနဲ့
- စုဖွဲ့မှု မကျိုးပဲ့စေနဲ့
- ကျန်းမာရေး မကျိုးပဲ့စေနဲ့

San Zuren 🌸



Failed State
--------------------

Failed State ဆိုတာ 
နိုင်ငံစိုးမိုးထားသူများ
ဟာ အုပ်ချုပ်ရေး ၊ စီမံခန့်ခွဲရေးဘယ်လိုမှ မထိန်းချုပ်နိုင်တဲ့အခါ တိုင်းပြည်ဟာ စီးပွားရေး
လူမှု့ရေး၊ အထွေထွေအကြပ်အတည်းဆိုက်
ရောက်လာပါတယ်

ဒီကာလအတွင်းမှာ
- မင်းမဲ့စရိုက်တွေအများကြီးပေါ်လာပါမယ်
- စားဝတ်နေရေးအကျပ်အတည်းအများကြီး
ကြုံတွေ့ပါမယ်
- အငတ်ဘေးဆိုက်နိုင်ပါတယ်
 ဒါတွေကို အထူးသတိထား ရင်ဆိုင်ရပါလိမ့်မယ်

Fail State ရဲ့နမိတ်လက္ခဏာဟာ အဓိကလက်နှက်
ကိုင်အုပ်စိုးထားသူ ကျရှုံးနေပြီဆိုတဲ့သင်္ကေတတခုလည်း ဖြစ်ပါတယ်

San Zuren 🌸

လူမဆန်သော  လူထဲကလူ

ပခုံးနှစ်ဖက်ကြား  ခေါင်းပေါက်လို့သာ
လူလို့ခေါ်တွင်   
အသိဉာဏ်  စာနာစိတ်က
လူနဲ့မတူ  တစ်မူကွဲပြား
လူ့ဘီလူးများနှင့်  မခြားသာ
သေနတ်မောင်း  ပြောင်းလှည့်
တဒိုင်းဒိုင်း ပစ်ခတ်လို့
လူလိုသိ လူစိတ်ရှိသူတို့
ဦးနှောက်ကို တရှိန်ထိုး  ဖောက်ကာသွား
ထိုကျည်ဆံတို့ ကခုန်ကာပြေးလွှားလို့
ဖြာကနဲ သွေးစက်တို့  စင်ထွက်ကာသွားတော့မှ
ဒါလားဟဲ့   အာဂသွေး   ရဲရဲနီပေသကိုး
တစ်ခါကသမိုင်းရိုင်းခဲ့ပေမယ့်  
ဒီတစ်ခါရေးတဲ့သမိုင်း  ဂျင်းစော်မနံစေဖို့   
လူမဆန်တဲ့   လူထဲကလူတွေအတွက်
စာနာညှာတာဖို့အချိန်   ကုန်လွန်သွားခဲ့ပြီ
သွေးကြွေးမှာ  ဆွေးနွေးသွေးအေးစရာမရှိ
အသာနေရင်တော့ အသေနာဖို့လမ်းသာမြင်
အနည်မပါတဲ့  ရေကိုရဖို့  တို့တွေဟာ
စ(ဇ)ကာပေါက်ဖြစ်မယ်ဆိုရင်တောင်
တို့စ(ဇ)ကာပေါက်လေးတွေ
တွဲလက်ညီကြစို့......
  
                                       ThaeNu

Friday, March 11, 2022

ကျနော်တို့ စစ်ချီတေး တွေဟာ 
ခင်ဗျားတို့ ကစ် ချီ လေးလောက် 
အရေးမကြီးဘူးလားဗျာ 😢

#တော်လှန်ကောမစ်


◼ကာတွန်း©ညိုမြ◼
#thevoiceofspring #cartoon




ရာမွန်သို့ပြန်စာ

သို့
ချစ်သောရာမွန်
သင့်ထံမှပေးပို့သော စာလွှာကို
ကျွန်ုပ်တို့ပြည်သူတွေရှေ့မှာဖတ်ပြခဲ့တယ်။

ကျွန်ုပ်တို့စတွေ့ခဲ့ကြတဲ့
"မာရီယာ အန်တိုနီယာ"ရဲ့ အိမ်ခန်းလေးကနေ
သင့် နောက်ဆုံးသတင်းကို
ကျွန်ုပ် အတည်ပြုကြေညာနေရတဲ့
ယခုအချိန်ထိ
ကျွန်ုပ်တို့နှစ်ဦးကြားက ခေါင်းစဉ်ဟာ
"တော်လှန်ရေး" မဟုတ်လား ရာမွန်။

တပ်(ဇ်)ပန် ဆိပ်ကမ်း ၊ အူဗာရိုတိုက်ပွဲ
စန်တာကလာရာထိုးစစ်...
ကျွန်ုပ်တို့ လက်ဆွဲနှုတ်ဆက်တိုင်း
စေးပျစ်နေတဲ့ သွေးကိုချည်း ထိစမ်းမိခဲ့
ရွက်ဖျင်ဟာ ဟောင်းနွမ်းခဲ့ပေမယ့်
ကျွန်ုပ်တို့ရွက်လှေကတော့
ဆက်လက်ရွက်လွင့်ဆဲပါပဲ ရာမွန်။

အို...ရာမွန်
"တစ်ကမ္ဘာလုံးအတွက်
တော်လှန်ရေးကို သင်ချန်ထားနိုင်ခဲ့ပေမယ့်
သင့်ချစ်ဇနီးနဲ့သင့်သားငယ် သမီးငယ်တို့အတွက်တော့ 
တာဝန်မကျေပွန်သူတစ်ယောက်"တဲ့လား
မဟုတ်ရပါဘူး ရာမွန်
"အယ်လင်ဒါ"ဟာ
သင့်အတိုင်း ရဲရင့်သူ ဇနီးတယောက်ဖြစ်ပြီး
သင့်သားသမီးတွေကလည်း
သင့် စွန့်လွှတ်မှုမှာ ဂုဏ်ယူတတ်ကြပါရဲ့ ရာမွန်။

အို...ရာမွန် သင်က
အရပ်ရပ်သော အဖိနှိပ်ခံလူတန်းစားတို့အတွက်
တော်လှန်သော တပ်ဦးက
လွန်သွားတချောင်းဖြစ်ရဲ့
သင့်သေဖော်ဟာ ကျွန်ုပ်ဖြစ်ပြီး
ကျွန်ုပ်သေဖက်က သင်ဖြစ်ရဲ့ ရာမွန်။

တစ်ကမ္ဘာလုံးက 
ညီညွတ်သော အလုပ်သမားထုနဲ့
ညီညွတ်သော လယ်သမားတို့ရဲ့ တိုက်ပွဲဝင်အလံမှာ
သင့်သွေးဟာ ပင်မရောင်စဉ်ပါပဲ ရာမွန်။

ချစ်သော ရာမွန်
လူတန်းစားပဋိပက္ခတွေကို ငြင်းပယ်ခြင်းဟာ
ဘုရားသခင်ကို ငြင်းပယ်ခြင်းဖြစ်ပြီး
ဘုရားသခင်ကို ငြင်းပယ်ခြင်းကတော့
လူတန်းစားပဋိပက္ခကို လက်ခံခြင်းဖြစ်ရဲ့ မဟုတ်လား
အပျင်းထူတဲ့ (နတ်)ဘုရားတွေ
အဆီယစ်နေတဲ့ ဘုန်းတော်ကြီးတွေနဲ့
သေသောက်ကြူးနေတဲ့ အာဏာရှင်တွေဟာ
လွန်ခဲ့တဲ့ ရာစုနှစ်တွေကထက် ပိုညီညွတ်လာကြပေါ့
ကမ္ဘာအရပ်ရပ်မှာတော့
သီးနှံစပါးတွေ စိုက်ပျိုးရင်းက
လယ်သမားတွေက ဝမ်းစာရိက္ခာချို့ငဲ့နေကြဆဲ
တနေ့...ရှစ်နာရီထက် ပိုအလုပ်လုပ်ရင်းက
အလုပ်သမားတွေဟာ
မျှတနေတဲ့ လုပ်ခလစာကို တောင်းဆိုနေရဆဲ
တော်လှန်ရေးဟာ မပြီးဆုံးသေးခင်
သင်ကတော့ ထွက်ခွာနှင့်ပြီပေါ့ ရာမွန်။

ရာမွန်ရေ...
သူတို့ရဲ့ သွားလေသူ သမ္မတအတိုင်းပဲ
တက္ကဆပ်က ကောင်းဘွိုင်တွေလည်း
ဟာဗားနား ဆေးပြင်းလိပ်ကို ခဲကုန်ကြပြီ
ဝက်ပင်လယ်အော်မှာလည်း
ခရီးသည်တင် သင်္ဘောတချို့ဟာ ဖြတ်သန်းလို့။

အမေရိကဟာ
ပုပ်ပွနေတဲ့ သူ့အလောင်းကောင် သူထမ်းပြီး
အခုထိ   ရူးနှမ်းနေဆဲပေါ့ ရာမွန်။

ကျွန်ုပ်တို့ရဲ့ ခံကတုတ်တချို့လည်း
ကော်ပိုရိတ်ယဉ်ကျေးမှုအောက်မှာ ပြိုလဲခဲ့ပေါ့
ကျွန်ုပ်တို့ လူ့တော်လှန်ရေးကတော့ 
လူလူချင်း ကုပ်သွေးစုပ်မှုတွေ မချုပ်ငြိမ်းမချင်း
မြင်းရိုင်းတကောင်လို
ခရီးပြင်း နှင်နေဆဲပဲ ရာမွန်။

ဘိုလီဗီးယားရဲ့ တောနက်ထဲက
တောင်ပေါ်ရွာငယ်ကလေး "ဟီ‌ဂွေးရာ"မှာ
သင်အိပ်ပျော်ခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပေမယ့် 
သင့်အမည်နာမနဲ့ သင့်တော်လှန်ရေးကတော့
ကမ္ဘာ့အမည်နာမနဲ့ ကမ္ဘာ့တော်လှန်ရေးဖြစ်နေဆဲပါပဲ ရာမွန်။

အို...ကျွန်ုပ်တို့ရဲ့ ရာမွန်
ချူချာတဲ့ ပန်းနာရင်ကျပ်သည် ကောင်ကလေးဟာ
ကမ္ဘာကြီးကို သူ့ပခုံးနဲ့ တွန်းရွှေ့ခဲ့ပါပေါ့။
တောင်အမေရိကရဲ့ နယ်စပ်မျဉ်းတွေပေါ်
မော်တော်ဆိုင်ကယ်တစီးနဲ့ ဖြတ်သန်းခဲ့တဲ့ လူငယ်ကလေးဟာ
ကျွန်ုပ်တို့ ကမ္ဘာကြီးရဲ့ ကောင်းကင်ယံမှာ
နီလင်းနေတဲ့ ကြယ်ဖြစ်ခဲ့ပါပေါ့လား  ရာမွန်...။

အလေးနီဖြင့်
သင့်ရဲဘော်  ဖီဒယ်

#ကေဇဝင်း

(Illustrated by Pantaleon)
Collage by ဝီကီပီဒီးယား

Thursday, March 10, 2022

လူတစ်ယောက်ရဲ့တန်ဖိုးကို သိရဖို့
သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက
သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို
သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့
အချက်နဲ့ တိုင်းတာရမှာပဲ ။

# ဗန်းမော်တင်အောင်
ငါမှတ်မိတာက
ငါတို့ နာမည်တွေကို ခေါ်တဲ့အခါတိုင်း
"ရှိ" လို့ အကျယ်ကြီးထူးခဲ့ကြတာတွေ။
တစ်ရက်မှာ မြူခိုးတွေ ငါတို့ရဲ့ စာသင်ခန်းထဲဝင်လာပြီး
ငါတို့အားလုံး ပျောက်ဆုံးသွားတဲ့ အချိန်အထိ။

ဟိုတစ်ချိန်တုန်းကတော့ ငါ့အဘိုးဟာ
ပင်လယ်လှိုင်းကြမ်းတွေအပေါ်ကို
မောင်ဗမာစက်ဘီးလေးတစ်စီးနဲ့
အေးအေးသက်သာ ကျော်ဖြတ်သွားခဲ့တယ်။
ငါတို့ခေတ်ရောက်မှပဲ
ရွှေရောင်ကရဝိတ်ကြီး နဲ့ ဒုက္ခမြစ်ထဲ တဝဲလည်လည်။

ဒီလိုနဲ့ ငါတို့ ခန္ဓာကိုယ်ပေါ်က အက်ကြောင်းကြီးက
တစတစ ရှည်လျားလာခဲ့ပေါ့။

နံရံပေါ်က ကိုယ့်နိုင်ငံမြေပုံဟာလည်း
နှစ်ပေါင်းများစွာ စိုက်ကြည့်လာတဲ့အခါ
ခြေတစ်ဘက်ပြတ် စစ်ပြန်ကြီးနဲ့ တူလာခဲ့တယ်။

- အောင်ခင်မြင့်

ခက်ခဲတဲ့အခါ ပိုပြီးလက်တွဲရတယ် ။

လက်လည်း ဆေးတယ်
ဘယ်တော့မှလည်း လက်တွဲ မဖြုတ်တယ် ။

ဘယ်ကမ္ဘာမဆို နှလုံးသားအလိုအရပဲ
အရင်လို ကမ္ဘာကြီးကို ပြန်မလိုပါဘူး
အခုလို ကမ္ဘာထဲမှာကိုပဲ
တစ်ယောက်ကိုတစ်ယောက် လိုတယ် ။ ။

#စိုင်းဝင်းမြင့်

Wednesday, March 9, 2022


ဘာတွေလိုအပ်နေလဲ 
ဆုတံဆိပ်တွေမဟုတ်။
လက်နက်တွေဗျ။

တလက် တလက်ကို 
စျေး ၂ ဆ/ ၃ ဆ မြင့်သွားတယ်လား။
ပြည်တွင်းပြန်ကြည့်၊
လူငယ်တွေ ဦးနှောက်နဲ့
နည်းပညာတွေ။

တချို့ လူငယ်တွေ ကမ္ဘာတပတ်ပတ်ပြီး
မလိုက်မဖက် တောခိုနေတာ။
နည်းပညာတွေ အပြည့်ရှိနေတယ်။

မင်းအောင်လှိုင်တို့ဘက်က
သစ်(စ) အစ်(စ) အေ ဘုတ်(ခ) လုပ်နေချိန်
ကျုပ်တို့ မျိုးဆက်သစ်တွေ
ထမင်းစား၊ ရေသောက်ပြောတတ်နေပြီ။

အထင်မသေးနဲ့။
ဉာဏ်ရည်၊ တီထွင်နိုင်စွမ်းနဲ့ 
လုပ်ချင်တဲ့ ဆန္ဒ ပေါင်းစပ်လိုက်ရင်
ကျေးလက်ဒေသတွေတောင် 
လက်လုပ်ထုတ်နေပြီ။
ဒါအနိမ့်ဆုံးနော်။

ထောက်ပံ့ပါ။
မြေတောင်မြှောက်ပါ။
နေရာပေးပါ။
အချိန်ကြာလာရင် အဖိုးတန်လူငယ်တွေ
ပေးဆပ်နေရတာ အသက်တွေဗျ။

ထပ်ပြောပါတယ်။
လိုနေတာ လက်နက်ပါ။

ထောက်ပံ့ပါ။
နေရာပေးပါ။
လုပ်ခွင့်ပေးပါ။



#ရှင်အေးဘုံ**

#People's Voices

Photo Credit🙏🏻🙏🏻🙏🏻

ရှေ့တန်းက တံတိုင်းလို ကာထားတဲ့သူတွေမှာလည်း နှောင်ကြိုးတွေနဲ့......


.




ရှင်သန်ခြင်းရှင်းတမ်း

သူရဲကောင်းလည်း မဖြစ်ချင်ဘူး
အာဇာနည်လည်းမဖြစ်ချင်ဘူး
ပျော့ညံ့သွေးကြောင်သူလည်း မဖြစ်ချင်ဘူး။

မိုက်ရူးရဲလည်း မဖြစ်ချင်ဘူး
တွေဝေခြောက်ခြားသူလည်း မဖြစ်ချင်ဘူး
ကိုယ့်ကိုယ်ကို ပြန်အရှက်ရသူလည်း မဖြစ်ချင်ဘူး။ 

လျာဖြတ်ခံရတဲ့ပြောရေးဆိုခွင့်ကို ကြုံဖူးတယ်
အကျဉ်းချခံရတဲ့ လူ့အခွင့်အရေးတွေ နေဖူးတယ်
သားကြောဖြတ်ခံရတဲ့ နေ့ရက်တွေနဲ့ ရှင်သန်ဖူးတယ်။ 
ငါတို့ ငရဲကို ငါတို့နဲ့ပဲ အဆုံးသတ်ချင်တယ်။

ရေပေါ်ဆီ နိုင်ငံရေးသမားမဖြစ်ချင်ဘူး
စိတ်ကူးယဉ်ကဗျာဆရာ မဖြစ်ချင်ဘူး
အဓမ္မဝါဒကို ထောက်ခံတဲ့လူတယောက်မဖြစ်ချင်ဘူး ။

ရှင်သန်မှုဟာ တမိနစ်ပဲကျန်တော့မယ်ဆိုရင်
အဲ့ဒီတမိနစ်ကိုတောင် လိပ်ပြာသန့်သန့်နေချင်တယ် ။     ။

-ခက်သီ
သွားနှင့်ဦးတော့ညီကိုတို့ရေ...ခေတ်ဆိုးကြီးကနေအနားယူပါတော့...
အုပ်စုဖွဲ့အပျော်ခရီးတွေထွက်တဲ့ပုံတွေမြင်ရတဲ့အခါ မင်းတို့အတွက်ပိုပြီးရင်နာရတယ်...
အလှဓာတ်ပုံတွေအပြိုင်အဆိုင်တင်ကြတဲ့အခါတိုင်း မလှမပနဲ့နောက်ဆုံးအဆုံးသတ်သွားတဲ့ မင်းတို့အတွက်ပိုပြီးရင်နာရတယ်...
ညီကိုတို့ရေ ပျော်ရွှင်ခြင်းဟာငါတို့နဲ့မသက်ဆိုင်သလိုပဲ..ပျော်နေတဲ့သူတွေကို စိတ်နာမိတယ်ကွာ..
တို့ပြည်သူတွေရဲ့ညီရဲ့လားဆိုတဲ့ စကားဟာတကယ်ကတိမတည်ခဲ့မှန်းသိခဲ့ရင်ကွာ....
အေးချမ်းစွာအနားယူပါတော့ညီကိုတို့..နောက်ဘဝမှာများလူပြန်ဖြစ်ခဲ့ရင် အေးချမ်းဆိတ်ငြိမ်ပြီးလူပီသတဲ့လူ့အသိုင်းအဝိုင်းထဲမှာပဲ ပြန်ဖြစ်ကြပါကွာ.

#Ezue Aki



*ငါတို့ တကယ်ပျော်ခဲ့ကြတာ ဘယ်အချိန်က နောက်ဆုံးလဲ*

မိစ္ဆာနှင်သူများရဲ့ လည်ပင်းမှာ သွားပေါက်ရာ ကိုတွေ့တော့ ဘယ်သူမှ မအံ့ဩခဲ့ကြဘူး။

နောက်ဖေးလမ်းကြားထဲကနေ အလံတော်ကိုင်ပြီးထွက်လာတဲ့အခါ လက်သည်း မဆိတ်ဘဲ လက်ထိပ်နာ ကြရတယ်။

အာဏာ လုကြတဲ့ အချိန်တွေမှာတောင်
လက်ဖျံရိုးနှစ်ချောင်း ကြက်ခြေခတ်ထားတဲ့ 
အရိုးခေါင်းကို maskတပ်ထားရသေးတာပဲ

အဖေက သားသတ်သမားဖစ်လို့ဆိုပြီး သူ့သားရဲ့ ကျောင်းအကျီအဖြူကို အနီရောင်ဆိုးသွားကြတဲ့သူတွေ တကယ်ရှိခဲ့တယ်။

ရဲဘော်ရေ
ငါတို့ရဲ့ ကြက်ပေါင်ဖိနပ်‌ထဲမှာ မြွေတစ်ကောင်လာခွေနေတာကို ငါတို့ တကယ်သိခဲ့ကြပါတယ်။

အဲဒီလိုနဲ့
ဘယ်လောက် မိုက်ရဲသလဲလို့ အော်ပြောရင်း ရင်ပြင်ဆီကို သွေးထွက်နေတဲ့ခြေ‌ဗလာ နဲ့ ငါတို့ ချီတက်လာခဲ့ကြတယ်။

တစ်ချို့တွေကျ အချစ်ဇာတ်လမ်း ဆုံးသွားသည့်တိုင်အောင် ခင်တို့လမ်းရှေ့မရောက်ခဲ့ ရသူတွေပေါ့။

ပြောရင် ယုံကြမလား။
အပြာရောင်လမ်းလျှောက်သူများမတိုင်ခင်က
ရုံးခန်းထဲမှာ အ၀တ်မဲ့ပင်ပေါင်ရိုက်ပွဲ ဆိုတာတကယ်ရှိခဲ့တယ်။

ဒဏ်ရာ လို့ပြောရင် ငါတို့ရိုက်ရင်း ကွဲသွားခဲ့တဲ့  အလံတော်အောက်က ပင်ပေါင်ဘောလုံးတွေပဲ ။

လူအုပ်ကြီးရဲ့ကြွေးကြော်သံတွေထဲကို
စုပ်ခွက်ပါတဲ့ ရေဘဝဲလက်တံတွေ ထိုးသွင်းထားတာ အရှင်းသားမြင်နေရတယ်။

စကားလုံးတွေထက်ပိုတဲ့ စကားတစ်ခွန်းက 
ငါတို့ရင်ဘတ်ကို လက်သီးဆုပ်နဲ့ ထုထုပြခဲ့ကြတာပဲ။

လမ်း‌မထက်ကို ချီတက်ရင်း ကျသွားတဲ့ ရဲဘော်လက်ထဲက တပ်ဦးအလံကို အသက်ရှိသေးတဲ့ ရဲဘော်တစ်ယောက်က လက်လွှဲယူလိုက်တယ်။

တကယ်တော့ ငါတို့သိခဲ့တဲ့
ဥပဒေဆိုတာ လက်နက်ကြီးတစ်ခု ပဲ။
အဆက်မပြတ် ပစ်ခတ်နေကြတယ်။

အဲဒီလိုနဲ့ 
နောက်ထပ်တစ်ယောက်
နောက်ထပ်တစ်ယောက် 
နောက်ထပ်တစ်ယောက်...

ရဲဘော်ရေ .... ရဲဘော်တို့ရေ...
ငါတို့ တကယ် ပျော်ခဲ့ကြတာ ဘယ်အချိန်က နောက်ဆုံးလဲ ။

- ဆစ်နိုင်
# ငါသိတဲ့ကဗျာဆိုတာဒီလိုမျိုးကွ 
Ctto

◼ကာတွန်း ©နေညိုအေး ◼
#thevoiceofspring #cartoon



တဖြည်းဖြည်းနဲ့ ဆွဲချသွားတာ ငါတို့ဘဝတွေလဲ အဝိစီရောက်နေပြီ🙂
◼အမှောင်◼

ကျေးရွာအနှံ့
မီးလင်းလိုက်တာ ထိန်လို့...။

တခဏချင်း
ပြာပုံဖြစ်သွားတယ် ။

©လကျာ်ဧ
#thevoiceofspring
 #poem


#thevoiceofspring
စစ်ရှောင်တွေမှာ ရောင်းစရာ
ပြာနဲ့မီးသွေးပဲရှိပါတယ်ခင်ဗျာ 😥


#credit 
#တော်လှန်ကောမစ်



Tuesday, March 8, 2022


ငှက်ကလေးတေတေးသီမယ့်
မနက်ဖြန်
အမှောင်ကထွက်အလင်းရောက်မယ့်
မနက်ဖြန်
အရုဏ်ဦးမှာတေးသံကျူးရမယ့်
မနက်ဖြန်
အဏာရှင်တေမြေလှန်ပြီးမယ့်
မနက်ဖန်
တို့အားလုံးရဲ့မနက်ဖန်
ပိုလှလာမယ့်မနက်ဖန်


⏩ပန်းပျိုးသူ


စစ်အာဏာရှင်တွေက 
ပြည်သူ့အာဏာကို
အတင်းအဓမ္မ လုယူထားစဥ်
လူတစ်စု ပျောက်ကြားသပိတ်လုပ်ပြီး
ပြည်သူတွေ သွေးမအေးစေဖို့
အာဏာရှင်စနစ်ဆိုတာ
အမှတ်ရနေစေဖို့ 
နှိုးဆော်စဥ်
စားသောက်ဆိုင် ဆီက
ရူဘီဆေးလိပ် ခဲပြီး
မြန်မာဘီယာ ထောင်ထားတဲ့
လူတစ်စု ဆီက
အသံတစ်သံထွက်လာတယ်
"စစ်အာဏာရှင် စနစ် ကျဆုံးရမည်"တဲ့
ရေမှာ တယ်ပေါ်တဲ့ ဆီတွေပါလား

Zeus


Freedom from Fear

ငါတို့သည်  ကောက်ရိုးမီးမဟုတ်
အာဏာရှင်ကို  ပြာချမယ့်ငရဲမီး
ငါတို့သည်   နုတ်ချင်တိုင်းနုတ်
ခုတ်ချင်တိုင်းခုတ်လို့ရမယ့်  
လမ်းဘေးပေါက်ပင်မဟုတ်
ငှက်တစ်သောင်းမက  ခိုနားလို့ရမယ့်
အရိပ်ကောင်းကောင်း  အမြစ်ခိုင်ခိုင်နဲ့
သစ်တစ်ပင်
မင်းတို့နဲ့ငါတို့ပြည်သူ
ဘယ်စက်ဝိုင်းပိုကျယ်သလဲ
သံတိုင်နောက်ထားချင်သလား
လက်ထိပ်ခတ်ချင်သလား
ထားစမ်းပါစေ  ခတ်စမ်းပါစေ
အားလုံးဝိုင်းဖြိုရင်  ဒီဖက်စစ်တံတိုင်း
ပြိုကိုပြိုပါတယ်
တစ်ကြိမ်တစ်ခါနာမှာကိုတွေးကြောက်နေရင်တော့
တစ်သက်လုံးအရိုးဆွေးတဲ့ထိ  
အထိတ်ထိတ်အလန့်လန့်နဲ့ကြောက်နေရလိမ့်မယ်
ပြာမှုန့်တွေကလည်းအဓိပ္ပာယ်မဲ့စွာနဲ့ပဲ  
လွင့်ပြယ်ပျောက်ကွယ်သွားမှာ
ငါတို့ရုန်းမှလွတ်မယ်
အနာခံမှအသာစံရမယ်
No Pain No Gain ပဲ
အပေးရှိရင်အယူလည်းရှိတယ်
ငါတို့ပေးဆပ်လိုက်ရတဲ့
သွေးတစ်စက်ချင်းစီအတွက်
သွေးကြွေးပြန်ယူကိုယူရမယ်
ငါမသေသေးဘူး
အာဏာရှင်အမြစ်မပြတ်သေးဘူး
ငါတို့မလွတ်မြောက်သေးဘူး 
ငါတို့ရဲ့အကြောက်တရားကိုဖယ်ဖျောက်ထား
အာဏာရူးလက်ကလွတ်အောင်ရုန်းရမယ်
ပျောက်သောသူ  ရှာရင်တွေ့
သေသောသူ  ကြာရင်မေ့တဲ့
ဟက်ဟက်ပက်ပက်ကို အော်ရယ်ချင်ပါသေးရယ့်
တစ်လုံးချိုင့်လိုကောင်တွေကြောင့်
သေဆုံးသွားရတဲ့ငါတို့သူရဲကောင်းတွေကို
ငါတို့မေ့နိုင်မယ်ထင်သလား
ဘယ်တော့မှမမေ့ဘူးကွ  ဘယ်တော့မှမမေ့ဘူး
ကြယ်ခြွေတဲ့  သွေးစွန်းလက်တွေကိုလည်း
ဆယ်ကမ္ဘာမကြေဘူး.......

                                  ThaeNu

Friday, March 4, 2022



လိုအပ်လို့ အကူညီတောင်းကြတာလေ
------------------------------------------------------

ကျည်ဆံတွေကို လက်နဲ့ ကာလို့မှ မရတာ
ပိုက်ဆံရှိမှ ကျည်ဝယ်လို့ ရမယ်
ကျည်ဝယ်ရမှ တိုက်ပွဲဝင်လို့ရမယ်
ဒါပေမဲ့ တိုက်ပွဲက ကျည်ဆံကို စောင့်မနေဘူး

ကျည်မရှိတဲ့သေနတ်ကလည်း တုတ်တစ်ချောင်းလောက် အသုံးမဝင်ဘူး
ကူညီကြပါ..
ကျည်ဆံ
ဘယ်သူ့ကိုပဲ မှန်မှန်
အားလုံးရဲ့ ရင်မှာ လာနာတယ် 😢

PDFတွေအတွက် ကျည်ဖိုးအလှူခံတဲ့ခါ
1000 ဘဲရှိလို့ နည်းတယ်ဆိုပီး
မလှူဘဲ မနေလိုက်ပါနဲ့
10ယောက်ဆို တစ်သောင်းရပါတယ်

ပြိုင်တူတွန်းရင် ရွေ့ပါတယ်
အားလုံးပါဝင်မှ နိုင်မဲ့ပွဲပါ
မဆိုင်သလိုတော့ မနေလိုက်ကြပါနဲ့

ပေးဆပ်တာခြင်း အတူတူကို
သူတို့က အသက်တွေပါ ရင်းထားရတာ
တိုက်ပွဲတိုင်းအောင်မြင်ပီး
ဘေးမသီရန်မခပဲ အနိုင်ရကြပါစေ ရဲဘော်တို့ရေ ✊


San Zuren 🌸


Silence
-------------

လူမိုက်တွေ ပြစ်တင်ဝေဖန်မှာကို 
ကျွန်တော်မကြောက်ပါဘူး
ပညာရှိတွေ ရေငုံနှုတ်ပိတ်နေမှာကိုပဲ 
စိုးရိမ်တာပါ


I was not afraid of the words 
of the violent.
But of the silence of the honest.


San Zuren 🌸


တစ်ခုသော ပြဇာတ်ရုံ
------------------------------

ဝမ်းနည်းကြေကွဲစရာ 
အ‌ဖြစ်အပျက်တွေ
စင်ပေါ်မှာ တင်ဆက်ကပြနေတယ်

ကိုယ်နဲ့
ဘာမှ မဆိုင်သလိုလူတွေ
စင်အောက်က ခုံတွေမှာ 
ထိုင်ကြည့်နေကြတယ်


San Zuren 🌸

Thursday, March 3, 2022



ခေါင်းခွံများအကြောင်း
__________________ (ကေဇဝင်း)

တော်လှန်ရေးက
လေရေမြေ အာဟာရညီမှ ပွင့်တဲ့ ပန်းပဲ

တော်လှန်ရေးမပွင့်ခင်
လမ်းမပေါ် ပွင့်ထွက်သွားနဲ့ ခေါင်းခွံက
စကားတခွန်း ပြောသွားသေးလား

မိစ္ဆာတွေနဲ့ တေ့တေ့ရင်ဆိုင်နေရချိန်မှာ
သဘောထားကြေငြာချက်တွေဟာ အရေးပါသေးလား

ဓားရဲ့တရားဆိုတာ
ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်

တော်လှန်ရေးပဲ
တွေးနေရုံနဲ့ မရ၊ သွေးအတိုင်း ရဲတက်လာမှ ရမယ်

မတွေဝေနဲ့တော့
တော်လှန်ရေးရဲ့စနက်တံဟာ
ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။

-ကေဇဝင်း



လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...