ပြည်သူ့ဘက်တော်သား
ပြည်သူကမွေးဖွား
ပြည်သူ့သွေးသားမို့
လက်နက်ကိုင်တော်လှန်ဖို့ ရွေးခဲ့တာ
ကြင်သူကို ယုံလို့မဟုတ်ဘူး.... အမေ
ပြည်သူကို ယုံလို့ပါ။
ပြည်သူတွေရဲ့ အား
ပြည်သူကိုသာ အလေးထားတာမို့
အသက်ပေးပြီး ကာကွယ်နေခဲ့တာ
ကိုယ့်ကိုယ်ကို မချစ်လို့မဟုတ်ဘူး...အမေ
တိုင်းပြည်ကို ပိုချစ်သွားလို့ပါ။
နေရေးက အဆင်မပြေ
စားရေးက အခက်ကြုံလည်း
ဆူးခင်းလမ်း ရဲရဲလျှောက်ကာ
အနာဂါတ်တွေ ပိုလှလာဖို့ အရေး
သား အသက်ပေးနေခဲ့တာပါ အမေ...။
# သျှမ်း
💪💪💪
ReplyDeleteGood
ReplyDelete🤔
ReplyDelete