Tuesday, March 29, 2022



အစ အဆုံး
---------------

အစ
စပြီးရင်
အဆုံး
ဆုံးသတ်တတ်ဖို့အထိ
ပြင်ဆင်ထားရမယ်

အခု
အစအဆင့်ပဲ ရှိသေးတယ်

ကိုယ်စီကိုယ်စီ
အဆုံးသတ်တစ်ခုကို
မျှော်ရည်မှန်းထားကြပေမယ့်
အချိန်
နေရာ
အမှန်တရား
ဒီသုံးပါးအပေါ်မူတည် 
အနားသတ်ကြရမယ်

စပြီးရင်
အဆုံးသတ်ဖို့ 
ဘုံအနားသတ်တစ်ခု
အခုကတည်းက 
ချရေးထားဖို့လိုတယ်

ဒီလမ်းဟာ
အစကောင်းဖို့လိုသလို
အဆုံးသတ်လှဖို့လည်းလိုတယ်

ရှေ့တစ်ကွေ့ရောက်ရင်
အဆုံးသတ်တော့မယ်


San Zuren 🌸

3 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...