Monday, January 31, 2022


လူငယ်လေးတစ်ဦး

စာအုပ်တွေခိုးဖတ်
မွန်ထရီစီးကရက်တွေခိုးသောက်
ဂီတာကိုခိုးတီး
ကဗျာကိုခိုးရေး
နှင်းသီတာကိုခိုးငေးခဲ့ရတဲ့နေ့များ

လက်ဖက်ရည်ဆိုင်တွေခိုးထိုင်
ကြယ်တံခွန်အချစ်ကလေးရေ 
ပြန်ဆုံရာလမ်းဝေးနေ 
ကြိတ်ဆွေးခဲ့တဲ့နေ့များ

ထန်းရည်တွေခိုးသောက်
ပန်းချီတွေခိုးဆွဲ
တက်တူးတွေခိုးထိုး
ငြီးငွေ့ဖွယ်စာသင်ခန်းတွေက 
ဘယ်လိုမှမစွဲဆောင်နိုင်ခဲ့တဲ့နေ့များ

 `ခင်ဗျားတို့ထပ်ပြီးဆူဆူပူပူလုပ်ဦးမယ်ဆိုရင်တော့
စစ်တပ်ဆိုတာဘယ်တော့မှ
မိုးပေါ်ထောင်ပစ်မှာမဟုတ်ဘူး´
ရက်စက်လှတဲ့ဦးနေဝင်းရဲ့နောက်ဆုံးမိန့်ခွန်းနဲ့
ညစ်တွန်းတွန်းနေတဲ့ ပြည်သူတွေကြား
ဘောင်းဘီထဲလက်နှိုက်ပြီး
ပလက်ဖောင်းဘေးက 
လျှောက်သွားခဲ့ရတဲ့နေ့များ

နေပူသလိုအသည်းပူတယ် 
ဘာကြောင့်လဲသိရဲ့လား
အော်ဟစ်ခဲ့တဲ့နေ့များ

မွေးရပ်မြေက တရွေ့ရွေ့
မှောင်မည်းခြောက်ကပ်လာ
စစ်အစိုးရထပ်ရောက်လာချိန်
လူငယ်ဘဝအကောင်းဆုံးအရွယ်တိုင်း
သွေးထွက်အများဆုံးနေ့များ

စာအုပ်တစ်အုပ်နဲ့
လက်ဖက်ရည်တစ်ခွက်နဲ့ ရင်ထဲမှာမီးများတောက်
စောင့်ရတာဝေးလွန်းလို့
ငါမင်းဆီအပြေးလာခဲ့တဲ့နေ့များ

ရေဒီယိုနားထောင်ရင်နိုင်ငံရေးသမားပဲလို့
စောင့်ကြည့်ခံရတဲ့ခေတ်မှာ
နှလုံးသားအိမ်မှာပူတယ် 
ဆောင်းနှင်းမြူအေးတယ်
အခါးဆုံးအရက်ကိုမိတ်ဆွေလုပ်မယ်
ချိုပါတယ်ခဲ့ရတဲ့နေ့များ

လူငယ်ဟာလူငယ် မော်တော်ယာဉ်ဖန်ဆင်းခဲ့တယ်
မော်တော်ယာဉ်ကျော်ကာ 
လေယာဉ်ပျံတီထွင်သွားကြတယ်
လမ်းထိပ်အုတ်ခုံပေါ်ထိုင်ပြီး 
အားတင်းအော်ဆိုခဲ့ကြတဲ့နေ့များ

ကိုယ့်ကိုပျော်ရွှင်ယဉ်ကျေးအောင်
မထိန်းကျောင်းနိုင်တဲ့ကျောင်းတွေကို
စိတ်ပျက်မိတဲ့အချိန်တိုင်း
အသိုက်လည်းမရှိဘူး ကူးချင်ရာကိုကူး
သွားချင်ရာကိုသွား လွတ်လပ်ခဲ့ကြတဲ့နေ့များ

တစ်နေ့ပြီးတစ်နေ့
ပြာပုံဖြစ်လာတဲ့နှစ်တွေထဲ
အံတွေကြိတ်ပြီး သူပုန်စိတ်မွေးခဲ့ရတဲ့နေ့များ

ငါတို့မျှော်လင့်ချက်တွေကို
သေနတ်အလက်ပေါင်းများစွာနဲ့
ဝိုင်းချိန်ထားတဲ့ခေတ်မှာ
ငါတို့တတွေ
ကဗျာတွေသီချင်းတွေနဲ့တော်လှန်ရေးခဲ့ကြ
မြင်နိုင်ရင်လေ ကိုယ့်ရင်ထဲ
တားဆီးကြည့်မနေနဲ့
မြေအောက်နည်းလမ်းနဲ့ 
ကြံဖန်အသည်းကွဲရတဲ့နေ့များ

စာဖတ်တဲ့လူငယ်ဟာ ရန်ရှာခံခဲ့ရတယ်
လူငယ်တစ်ယောက်ဟာ
အာဏာရှင်ကိုမကျေနပ်လို့ 
ရတဲ့နည်းနဲ့ပေါက်ကွဲပြီးရင်
ပြေးပေါက်တွေရှာထားရ
သယ်ဆောင်ရာအိတ်လည်းပြင် ယာဉ်မြန်ကိုစီး
ခရီးထွက်ဖို့ဒို့လာနေပြီလေသီချင်းကိုအော်ဆိုရင်း
အိမ်ပြေးဖြစ်ခဲ့တဲ့နေ့များ

ဒီမိုကရေစီရမှ
ဆံပင်တွေညှပ်ပစ်မယ်
ငါတို့မတိုင်ပင်ထားပဲ
တပြိုင်တည်းဆံပင်ရှည်ရှည်
လူငယ်တွေရဲ့နေ့များ

ဟုတ်ပါတယ် ဟုတ်ခဲ့ပါတယ်
လူငယ်ဘဝရဲ့ကြွေရွက်ဝါနေ့များ

သြော်
လူငယ်လေးတစ်ဦး
လူငယ်လေးတစ်ဦးတွေ
ငါတို့လူငယ်လေးတစ်ဦးတွေ။

-အောင်ခိုင်မြတ်

အချစ်ရေ့ မောင်မောင်မငိုဘူး


အချစ်ရေ့ မောင်မောင်မငိုဘူး
_____________________

ဘဝမှာ 
တယောက်ထဲကို ချစ်ဖူးပြီ
အယူဝါဒတခုကို ယုံပြီးပြီ
တပ်တောင်တာ ဗိုလ်ထုကိုလည်း
အံတုခဲ့ဘူးပြီ

ငါတို့ရဲ့ဘဝများ
ငါတို့အခွန်များလို 
ဖြစ်ချင်ရာလည်း ဖြစ်ခဲ့ပြီ

မင်းရင်ငွေ့ကိုလှုံပြီး
အသက်ရှင်ခဲ့သည်
အလံတခုကိုခြုံပြီး
သေအုံးမည် 
မောင်မောင်မငိုဘူး ရင့်ကျက်ပြီ ။     ။

-ဆူးရစ်နွယ်

Sunday, January 30, 2022


အစစအရာရာ ဂရုစိုက်ပါခင်ဗျာ။ ဖက်စစ်တပ်ရဲ့ရက်စက်မှု ဒဏ်တွေကနေ အန္တရာယ်ကင်းကင်းနဲ့ ဘေးကင်းပါစေခင်ဗျာ။

Saturday, January 29, 2022







Goodmorning!!ပါခင်ဗျာ။Happy Sundayလည်း ဖြစ်ပါစေခင်ဗျ။ စိတ်ချမ်းသာစွာနဲ့ တ​စ်နေ့တာကို ကျော်ဖြတ်နိုင်ပါစေခင်ဗျာ။
Clickersတို့တစ်ယောက်ချင်းစီကို C4Tကနေ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။

သားမရတော့ဘူး
( Wai Yan Tun )

ကိုယ်ပြန်လာမှ သိမ့်ကိုချော့မယ်နော်
( Nyi Nyi Aung Htet Naing )

ခရီးတွေ အတူတူ သွားကြမယ်လေကွာ
( Htet Wai Htoo )

Morning နောက်ဆုံး တကြိမ်လဲ ဖြစ်ကောင်း
ဖြစ်နိုင်တယ် အရမ်းချစ်တယ် မမေ့နဲ့
( Kyal Sin )

သဲငယ်ကိုကိုက ပါဝါတွေနဲ့လေ သိတယ်မလား
( Htet Myat Aung )

မနဲ့ မခွဲနိုင်ဘူး
( Min Wai Yan Mauk )

တော်လှန်ရေးပြီးရင် လက်ထပ်တော့မှာ
( Kaung Pyae Kyaw )

မိန်းမ ငါ့လိုမသွားတဲ့လူများလာရင် ဒီမိုကရေစီ
မရပဲ နေလိမ့်မယ်
( Chit Min Thu )

ဆန္ဒ ထွက်ပြတာ အမေမသိစေနဲ့နော်
( Hein Thant )

တို့က အဖြူနဲ့အစိမ်း ဝတ်ထားတာပဲ
မပစ်လောက်ပါဘူး
( Daw Tin Nwe Yee )

အကောင်းတိုင်းပြန်လာမယ်လို့ အာမ မခံနိုင်တဲ့လမ်းကို သွားတဲ့အခါ နှောင်ကြိုးတွေက ခွင့်လွှတ်ပေးပါ။ (သဉ္ဇာဟိန်း)

အသက်တွေရော နှလုံးသားတွေရောရင်းထားရတဲ့
တိုက်ပွဲမို့လို့ သွေးမအေးစေချင်ဘူး😥🙏🙏

Respectfully to Owner

ရင်ထဲမှာ စွဲထင်နေတဲ့ စကားလေးတွေ😢


#သွေးအေးတိုင်းပြန်ဖတ်ကြပါ
#Credit

"ပြည်သူ့စစ်သား သူရဲကောင်းများအတွက် အားပေးစကား"


ငြိမ်းချမ်းရေးအတွက် အသက်ကို ပဓာနမထားအားမာန်အပြည့်နှင့် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေသော အို,
ပြည်သူ့ သူရဲကောင်းတို့...

"အာဏာရှင်" ကိုလည်း တော်လှန်ပါ
" အသက်" ကိုလည်း တန်ဖိုးထားကြပါ...

 ဒီအချိန်မှာ ငါတို့ပေးနိုင်တာ
"‌နွေးထွေးမှု" နဲ့   "ချစ်ခြင်းမေတ္တာ"တွေပဲ ရှိပါတယ်...

ရှင်သန်ပါ၊ တော်လှန်ပါ၊
ဒါ သမိုင်းကပေးတဲ့ တာဝန်...

စိတ်ဓါတ်မကျကြပါနဲ့ သူရဲကောင်းတို့... 

အတွေ့အကြုံဆိုတာ ဘဝရဲ့သက်လုံတွေပဲမို့ သက်လုံကောင်းအော င်လေ့ကျင့်နေတယ်လို့ပဲ သဘောထားပါ...

တော်လှန်ရေးဟာ
ရေရှည်တိုက်ပွဲဆိုတာ သတိချပ်ပါ
ငါတို့တွေ နောက်မျိုးဆက် ကို တော်လှန်ရေး အမွေ လက်ဆင့်မကမ်းကြေး

ဘာပဲဖြစ်ဖြစ်
ပြည်သူကိုရှေ့အတင်းတွန်းထိုးပြီး ကိုယ်တိုင်တော့ ရောင်နီအလာကို ဖျာလိပ်ရွက်စောင့်နေသူတွေထက်စာရင် မင်းတို့ကို အပုံကြီးလေးစားဂုဏ်ယူပြီးသား...

စည်းစည်းလုံးလုံးနဲ့ အတူဆက်လျှောက်ကြမယ်...

အားတင်းထားကြပါ သူရဲ‌ကောင်းတို့...
ငါတို့ဟာ..
အာဏာရူးတွေကိုအမြစ်ဖြတ်သုတ်သင်ပြီး
အေးမြငြိမ်းချမ်းတဲ့ဖက်ဒရယ်ပြည်ထောင်စုကို
ဒီမိုကရေစီစနစ်နဲ့တည်ဆောက်နိုင်ရမယ်ဆိုပီး
မျှော်လင့်တိုက်ပွဲဝင်ကြသလို...

ရန်သူရဲ့အစားခံကြရတဲ့
အဆိုးရွားဆုံးဒုက္ခတွေကိုလည်း
အသက်နဲ့ဘဝတွေကိုလောင်းကြေးထပ်ကစားကြတာမလို့...

ရင်ဆိုင်ကျော်ဖြတ်ကြရမယ်
ရင်ဆိုင်ကျော်ဖြတ်နိုင်ရမယ်
ကျော်ကို...ကျော်ဖြတ်ကြမယ်...

တိုင်းပြည်ကြီးမပျက်ဆီးအောင်
တောင်ပေါ်မြေပြန့် တိုင်းရင်းသားအားလုံး ညီညာညာလက်တွဲ တိုက်ပွဲဝင်ကြမယ်...

ပြက္ခဒိန်တွေသာ ရက် / လ / နှစ် 
ပြောင်းသွားတယ်
တော်လှန်ရမဲ့ ငါတို့စိတ်တွေက 
ခုထိမပြောင်းလဲသေးဘူး...

#အရေးတော်ပုံအောင်ရမည်

San Zuren 🌸

"မနက်ဖြန်"


မိုးခိုနေတဲ့ တိမ်တွေ
အနားရောက်လာတဲ့ ကျည်ဆံတွေ 
အဝေးရောက်နေဆဲ ကိုယ်ချင်းစာတရားတွေ 

ပြန်စရာအိမ်လည်း မရှိတော့ဘူး 
ငါပိုင်တာလည်း မရှိတော့ဘူး 
နောက်ထပ်ဆုံးရှုံးစရာ ဘာရှိသေးလို့လဲ 

သူရဲကောင်းဆိုတာ 
အမှန်တရားက လွဲရင် 
အားလုံးကို စွန့်လွှတ်ရဲသူဖြစ်တယ် 

အလင်းရဲ့တန်ဖိုးဟာ 
အမှောင်ထဲမှာ ပိုတောက်ပလေ့ရှိတယ် 

မနက်ဖြန်ဆိုတဲ့ စိတ်နဲ့ 
အိမ်လွမ်းစိတ်ကို 
ညစဉ် ငါတို့ မီးဖိုခဲ့ကြတယ်

San Zuren 🌸

"ဖက်ဒရယ် ဒီမိုကရေစီ"

ပုဂ္ဂိုလ်စွဲ ကင်းသော နိုင်ငံရေးသမားသည် အောင်မြင်၏ 

လူမှုရေး အရှုပ်အရှင်း ကင်းသော
တော်လှန်ရေးသမားသည်
ကျော်ကြား၏  

နိုင်ငံရေးတွင် ရိုးသားမှ
တော်လှန်ရေးတွင် သစ္စာရှိမှသာ  
အဘက်ဘက်မှ အောင်မြင်၏

နိုင်ငံရေး ဒေသနာမှာ
ပြည်သူ့ တရား မနာကြားတဲ့ 
အစိုးရမှန်သမျှ ကျရှုံး၏

ဖက်ဒရယ် ဒီမိုကရေစီ
အောင်ရမည်...


San Zuren 🌸

"တိုင်းပြည်"


မနက်ခင်းတိုင်း
မနက်ခင်းတိုင်းကို
သေစာရင်းတွေနဲ့
မျက်နှာသစ်နေရတဲ့
"တိုင်းပြည်"...

‌ဆုတ်ဖြဲခံရတဲ့
အမှန်တရားတွေအတွက်
မမျော်လင့်ပဲ
အနိုင်ကျင့်ခံလိုက်ရတဲ့
တရားစောင့်နတ်သမီးကလည်း
"ငိုကြီးနဲ့ချက်မ"

ဒီနိုင်ငံမှာ...
လူဖြစ်ရတာ
ကုသိုလ်ကံတွေ
ကောင်းလှချည်ရဲ့တဲ့
ဗုဒ္ဓ နဲ့ ငါ
အဲ့မှာကို လွဲခဲ့တယ်...။

မတက်နိုင်ဘူး....
ရှိရှိသမျှ ဘုရား
အကုန်ကယ်ပါ...
"အတ္တာဟိ အတ္တာနော
နာထော" ရတာလည်း
မောလှပြီ....။

ကမ္ဘာမကြေ တဲ့
တောက် ခေါက်ရပေါင်းလည်း
အလီလီ.....
ဟော..ဒီက
ဟော.…ဒီက
"ပြိုလဲနေတဲ့ တိုင်းပြည်"

/ငရာ/

ကျိန်စာ


ကျိန်စာ


သူ့အလိုလို ကြွေတဲ့
ကြယ်တွေကို မြင်တိုင်း
ကျမ ဆုတောင်းတယ်

ရက်ရက်စက်စက် ချွေချခံရတဲ့
ကြယ်တွေ အတွက်တော့
 ကျိန်စာ တိုက်မိတယ်

ထပ်မံဆန္ဒ ပြုပါတယ်
တိုက်သောကျိန်စာများ
စူးပါစေသား


San Zuren 🌸
တဖြည်းဖြည်း နဲ့ ကိုယ်တွေရဲ့ ပျော်ရွှင်မှုတွေဟာ #အပေါစား ဆန်လာတယ်။

❕မီးလာရင်ပျော်ရတယ်။

❕အပြင်သွားလို့ အစစ်အဆေး အလုပ်မခံရရင် ပျော်ရတယ်။

❕အင်တာနက်ကလေး လိုင်းနည်းနည်း ကောင်းလာရင် ပျော်လာတယ်။

❕ဆီစျေးလေး နည်းနည်း ကျလာရင် ပျော်တတ်လာတယ်။

❕ရုံးကိစ္စ သွားလို့ စာရေးက မရစ်ရင် ပျော်ရတယ်။

❕ကိုယ် ဘာမှ မလုပ်ထားပဲ အစစ်အဆေး ခံရရင်တောင် ပြသနာ မရှာပဲ လွှတ်ပေးလိုက်တာကိုပဲ သက်ပြင်းချပြီး ပျော်ရပြန်တယ်။

❕ညဘက် ကိစ္စရှိလို့ နည်းနည်းလေး နောက်ကျ သွားလို့ အိမ် အပြန် အေးချမ်းရင် ပျော်လာတတ်ပြီ။

❕ဒီ အပျော်တွေက တကယ့် အပျော်အစစ် တွေလား ?

❕❕တကယ်တော့ ဒါတွေဟာ သာမန် လူသားတစ် ယောက် အတွက် ခေါင်းထဲ ထည့်စရာတောင်မလိုပဲ ရရှိနေပြီးသား အခွင့်အရေးသေးသေး လေးတွေ ပဲ ရှိပါသေးတယ်။

❕❕တခြား နိုင်ငံသား တွေအတွက် ဒါဟာ 
ရပိုင်ခွင့်လို့တောင် မခေါ်ရလောက်တဲ့ အခြေအနေလေးတွေ။

❕❕❕တဖြည်းဖြည်း နဲ့ ဒီ နိုင်ငံသား တွေဟာ
လူဖြစ် ရှုံး လာကြတယ်။

အဲ့ လူဖြစ်ရှုံးတဲ့ အချင်းချင်း ထဲကိုမှ

သာသာယာယာ နေပြီး အဆင်ပြေသေးပါတယ်လေ ဆိုတဲ့ လူတန်းစားက သပ်သပ်ရှိတယ်။

တကယ်တော့ အားလုံးက တူတူပဲ

မြုပ်မယ့် လှေထဲက လူတွေလိုပဲ မြုပ်ရင် အားလုံး သေမှာ

မမြှပ်အောင် ကြိုးစားနေရတဲ့ လူတစ်စု နဲ့ပဲ ဆိုင်တာ မဟုတ်

----

ခြင်းတောင်းထဲက ငါးတွေလိုပဲ

အကုန်လုံး အစားခံရမှာပဲ

အိုးထဲ စောစောရောက်တာနဲ့ နောက်ကျ ရောက်တာပဲ ကွာပါတယ်

ခြင်းတောင်းထဲက ရုန်းထွက်ဖို့ ကြိုးစားခြင်းကသာ လွတ်မြောက်ဖို့ အခွင့်အရေးရှိတော့တယ်

ဒီနိုင်ငံ မှာ မွေးဖွားခြင်း နဲ့ သေဆုံးခြင်းထက်ပိုတဲ့

" လူ လူ သူ သူ တူ တူ တန် တန် နေ ဖူး သွား ချင် ပါ တယ်"

ဒီလောက်လေးပဲ မျှော်လင့်ပါတယ်

#Credit_sayarsan

Friday, January 28, 2022

ကမ္ဘာကြီးလုံးတယ်ဆိုတုန်းကလည်း
ကျွန်တော်ပြုံးမိပါတယ်။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲလို့။

တစ်ခါ
ကမ္ဘာကြီးပြားပြန်ပြီတဲ့
ဘယ်လိုဖြစ်ရတာတုန်း။
အင်းပေါ့လေ။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲကိုး။

ကမ္ဘာကြီးဟာ
သူတို့အလိုအရ လုံးရပြားရ။

သူတို့အလုပ်
တော်တော်လည်း ဟုတ်တယ်လို့
သူတို့ဘာသာသူတို့
သက်သေပြချက်ထုတ်ကြတယ်။

ကျွန်တော်ဟာ သာမာန်ပြည်သူ
ကဗျာတို၊ စာတိုလေးတွေ
မရေးတတ် ရေးတတ်နဲ့ ရေးနေတဲ့
ကဗျာရေးသူပါ။

ကမ္ဘာကြီးလုံးသည်ဖြစ်စေ
ကမ္ဘာကြီးပြားသည်ဖြစ်စေ
တရားမျှတသော ကမ္ဘာကြီးသာ
တောင့်တပါ၏။    ။

အောင်ချိမ့်
(ကမ္ဘာကြီးအကြောင်း)



ပွဲတော်တွေဟာလည်း 
ပျော်စရာမကောင်းတော့ပါဘူး
ဒို့ခေါင်းပေါ်မှာ
ကောင်းကင်ကြီးဟာ
လွတ်လွတ်လပ်လပ်မှမဟုတ်တာ...။

-မောင်ချောနွယ်

အလုပ်တစ်ခုရပီ


အလုပ်တစ်ခုရပီ


ငါ  အလုပ်တစ်ခုရပီ
ငါ့အလုပ်က လစာမရှိ

ပင်စင်မရှိ
ပိတ်ရက်မရှိ
Public Holiday  မှာတောင် မနားရ
ပွဲတော်ရက်တွေမှာလဲ မနားရ
အိပ်ချိန် စားချိန်လဲ မမှန်
မိုးလင်း မိုးချုပ် တကုပ်ကုပ် 

ဒါပေမဲ့ အဲဒီအလုပ်ကို 
လုပ်နေရတာ  ငါ ပျော်တယ်
အဲဒါကတော့ 
သူ့ကို " ကလစ် "  နေရတဲ့ အလုပ်ပေါ့

Hey, everybody click, everybody click
" CLICK 2 DONATE "


San Zuren 🌸

အသွားနှစ်ဖက်နဲ့ ဓါး


အသွားနှစ်ဖက်နဲ့ ဓါး


အသွားနှစ်ဖက်နဲ့ ဓါးလို
ဒီနေ့ ဒုက္ခတွေဟာ 
နှစ်ဖက်စလုံးကို ထိတယ်

ပိုအားစိုက်တဲ့ ဖက်က
ပိုပြီး နာကျင်ရတယ်

ဒါပေမယ့် အပြုံးမပျက်
ရှေ့‌ဆက်တိုးနေကြတယ်

တချို့က နာမည်မကြီးဘူး
ဒါ‌ပေမယ့် ပုဒ်မကြီးတယ်

သူ့အကြောင်း ပြည်သူက မသိဘူး
ရန်သူကတော့ သိတယ်

ရောင်နီလာရင် တလေးတစား
ဂါရဝပြုရမယ့် သူတွေ

ခေတ်က မှတ်ကျောက်တင်ထားတဲ့
ပြည်သူ့သားကောင်းတွေကို
အစဉ်အမြဲ ဦးညွတ်လျက်...

San Zuren 🌸

နွေဦးရဲ့ကံ့ကော် ပြည်သူ့ရဲ့တပ်တော်


နွေဦးရဲ့ကံ့ကော်  ပြည်သူ့ရဲ့တပ်တော် 


ငါတို့မှာ နှောင်ကြိုးမှ တစ်ပါး ဆုံးရှုံးစရာ မရှိတော့ဘူး

ဒီတော်လှန်ရေးကို နိုင်မယ်ထင်လို့ တိုက်ခဲ့ကြတာ မဟုတ်ဘူး
မတရားမှန်းသိလို့ နိုင်အောင်တိုက်ဖို့ ငါတို့ ကြိုးစားခဲ့ကြတာ

တစ်ချို့က လမ်းမထက်မှာ 
တစ်ချို့က စစ်ကြောရေးမှာ
တစ်ချို့က စစ်မြေပြင်မှာ
တစ်ချို့က အကျဥ်းကျခံနေရဆဲ

သူတို့တွေ လိုချင်ခဲ့ကြတဲ့
တရားမျှတမှု  လွတ်လပ်မှု ငြိမ်းချမ်းမှုတွေ ဆောင်ကြဥ်းပေးနိုင်ဖို့ ငါတို့တွေ
အဆုံးထိ တိုက်ကြမယ်

ယုံကြည်ချက်အတွက် 
အသက်တွေကို စွန့်ခဲ့ကြရ
ဘဝတွေကို ကိုယ်စီ ချန်ခဲ့ကြရ
ချစ်ရတဲ့သူတွေနဲ့ ကွေကွင်းခဲ့ကြရ
လမ်းချင်းတူလို့ လူချင်းတွေ့ကြရသူတွေနဲ့
ဒီတော်လှန်ရေး ခရီးကို ဆက်လျှောက်ကြမယ်

တော်လှန်ရေးအမွေ နောက်မျိုးဆက်ကို 
ငါတို့ တတွေ လက်ဆင့်မကမ်းစေရ
အနာဂတ်ကို ပြန်ရဖို့ အာဏာရှင်ကို
အပြီးသတ်ချေမှုန်းကြမယ်

ရောင်နီသမ်းမယ့် ပန်းခင်းလမ်းမှာ
အောင်ပန်းတွေ ဝေပီးသားမို့
အရိုးကြေကြေ အရေခမ်းခမ်း
အောင်ပန်းကို ဆွတ်ခူးဖို့ 
ပန်းတိုင် အရောက်လှမ်းကြရအောင်...



San Zuren 🌸

လက်တွဲ မဖြုတ်ကြေး


လက်တွဲ မဖြုတ်ကြေး

Hold on...
ဓမ္မတရားတွေ ရဲ့
အလင်းရောင်....
အမှန်တရားတွေ အတွက်
လောက ရဲ့ သစ္စာ
ပြစ်ခွာတဲ့ မိစ္ဆာတွေ
ကျဆုံးစေဖို့...
ဒီမှာ...ဒီမှာ
ယုံကြည်မှု တွဲလက်တွေ
ဘယ်တော့မှ မဖြုတ်ကြေး


/ငရာ/

Thursday, January 27, 2022

ခေတ်ကိုရေးမယ့် သူရဲကောင်းများ


ခေတ်ကိုရေးမယ့် သူရဲကောင်းများ


သေသူ သေခဲ့ပြီ
ရှင်ကျန်ရစ်သူကတော့
လောကငရဲပါပဲ

ပုံမှန်ဘဝ
ပုံမှန်အပျော်
ပုံမှန်ရက်စွဲတွေ
ရှင်လျက်နဲ့ ဘဝခြားနေသလို
ကိုယ်နဲ့ သက်ဆိုင်မှု မရှိတဲ့ 
အတိတ်တွေလို

နေရာသစ်ဟာ အလွမ်းတွေကို
ထွေးပွေ့ဆီးကြို ထားလေရဲ့

တော်လှန်ရေးဟာ
သွေးဆိုရင်
ချစ်ခြင်းမေတ္တာက
အသက်ပါပဲ

တဆစ်ဆစ်နာကျင်လည်း
တင်းတင်းကြပ်ကြပ် 
ဖက်တွယ်ထားနေတုန်းပဲ

ငါတို့ဟာ
ခေတ်ကိုရေးမယ့် သူရဲကောင်းများ

San Zuren 🌸

"တော်လှန်ရေး"


"တော်လှန်ရေး"


တော်လှန်ရေးဆိုတာ 
ဖေ့ဘုတ်ပေါ်တင်ခြင်းတိုင်းတင်လို့မရဘူး
စစ်တိုက်နေတာ game ကစားနေတာမဟုတ်ဖူး
ဖေ့ဘုတ်ပေါ် အစစ အရာရာတင်နေတာဟာ
တော်လှန်ရေးကိုထိခိုက်တယ်ဆိုတာနားလည်ကြပါ

ငါဘာအတွက်လာတာလည်းဆိုတာကိုပြန်စဥ်းစားပါ
တော်လှန်ရေးမှာ
နှုတ် စည်းကမ်းရှိရမယ်
လူကလည်းစည်းကမ်းရှိရမယ်
အဖွဲ့အစည်း စည်းကမ်းကိုလိုက်နာရမယ်
နှုတ် စည်းကမ်းမရှိရင် အသက်ပါ ဆုံးရှုံးတတ်တယ်

တိုင်းပြည်နဲ့လူမျိုးအတွက် တန်ဖိုးကြီးမားတဲ့လူငယ်တွေမို့ ပိုမို
သတိရှိပါ
စည်းလုံးပါ
စည်ကမ်းရှိပါ

စည်ကမ်းမရှိမှု နာမည်ကြီးခြင်မှုတွေကြောင့်
အသက်ပါဆုံးရှုံးမူတွေ ကိုယ့်သူငယ်ချင်းရဲဘော်တွေကိုပါဆုံးရှုံးရတတ်ပါတယ် 
ဆင်ခြင်နိုင်ကြပါစေ

တော်လှန်ရေးလမ်းကြောင်းပေါ်မှာ တော်လှန်ရဲသော မျိုးဆက်သစ်တို့ အသိ သတိရှိကြနိုင်ပါစေ

San Zuren 🌸

Wednesday, January 26, 2022

ပြန်စရာအိမ်






ပြန်စရာအိမ်
===========
အဖေက ဓားမဦးချ 
လုပ်ကိုင်ခဲ့ရတဲ့ 
မိဘအမွေ လယ်ယာ 
ကိုင်းကျွန်းလေးကို 
မျက်ရည်ရွှဲ အံ့ကို ကြိတ် 
လှည့်မကြည့်ဖြစ်အောင်
စိတ်ကိုထိန်းပြီး စွန့်လွှတ်လိုက်ရတယ်...။
အမေက သူစိုက်ပျိုးထားတဲ့  
စပယ် နှင်းဆီ သစ်ခွ 
ပန်းတောက်ပင် အစပြုတဲ့
စိမ်းစိမ်းစိုစို ပန်းပင်ပျိုတွေ 
ဝန်းရံနေတဲ့ 
သူမ ချစ်တဲ့ အိမ်ကို 
အငိုမျက်လုံးနှင့်(နဲ့) အံကိုတင်းပြီး 
ကြောခိုင်းခဲ့ရတယ်...။
အမေ့လက်ကို တစ်ဘက် 
သားလက်ကို တစ်ဘက်
စွဲကိုင်ရင်း နက်ရှိုင်းတဲ့ တောနက်ထဲ 
ဘဝတူတွေနဲ့ အတူ ဝင်ခဲ့ကြရတယ်ပေါ့...။
ပိုင်ဆိုင်မှုပြစရာ ဘာမှမရှိ 
ဗလာနတ္ထိနှင့်(နဲ့)
လက်ထဲမှာ ရာတန်အကြွေတစ်ချို့ရယ် 
ဖုန်လိမ်းလိမ်းတက်နေတဲ့ အဝတ်အစားအိတ်ရယ်
တန်ဖိုးအသင့်အတင့်ရှိတဲ့ 
လက်ဝတ်ရတနာလေးတွေရယ်နှင့်(နဲ့)..။
သနပ်ခါးနေ့တိုင်း လိမ်းနေကြ အမေ 
နေလောင်ဒဏ်ကြောင့် 
နီရဲနေတဲ့ မျက်နှာလေးက အတိုင်းသား...။
အလုပ်ချိန်ပုံမှန်သွား 
အလုပ်လုပ်တက်တဲ့ အဖေ 
ခုတော့ ဘဝတူတွေစု 
ထင်းခုတ် ရေခတ် 
ဟင်းစားရှာ လုပ်ပေးနေလေရဲ့...။
အားလုံးစိတ်ထဲ အံတကြိတ်ကြိတ် 
တောက် တစ်ခေါက်ခေါက်နဲ့ 
ဘယ်လောက်တောင် ပူဆွေးနေကြပါလိမ့်...။
ကံဆိုးမသွားလေရာ
 မိုးများလိုက်ရွာနေသလား 
ဆန်စျေးကကြီး 
ထမင်းတစ်နပ်မှန်မှန်စားဖို့တောင် 
ရှိစုမဲ့စုဖြစ်ညှစ်သုံးခဲ့ရတယ်
လောဘသား စီးပွားရေးသမားတွေရဲ့ 
ရိုက်နှပ်ချက်...။
သားလေးအတွက် ဒီနှစ်ရှင်ပြုဖို့ 
ရည်မှန်းထားတဲ့ မိဘတွေ
သမီးလေးကို နားဖောက်ပေးဖို့
စုထားတဲ့ စုဗူးလေးရော
သားသမီးမင်္ဂလာဆောင်အတွက် 
သာရေးနာရေးတွေအတွက် 
ကုန်းရုန်း ရှာခဲ့တာတွေလဲ
အကုန်စွန့်လွှတ် ခဲ့ရပြီလေ....။
ဝုန်းခနဲ အသံကြားရင်
ဒိုင်းခနဲ အသံကြားရင်
တစ်ခါမှ မကြားဘူးလေတော့
မြေမှာပြားပြားဝပ် 
ခေါင်းတောင် မော်မကြည့်ရဲလေတဲ့အဖြစ်။
အော် ငါတို့က ပြည်သူတွေလေ 
လေယာဥ်နဲ့ ဗုံးကျဲလောက်အောင် 
ဆိုးသွမ်းနေလို့လား
မြေကျင်းလေးတွေ ကိုယ်စီတူး
သားသမီးကို ပွေ့ဖက်လို့
ဝင်ခိုနေရတယ်...။ 
ဝမ်းဟာနေမြဲ နေ့ရက်တွေများတဲ့
ချို့တဲ့လျော့ရဲ လက်တစ်စုံနဲ့...။
သတင်းတွေကကြား 
စစ်ဘေးကိုရှောင်နေတဲ့ 
အပြစ်မဲ့ပြည်သူ
ငါတို့အိမ်ကိုများ မီးရှို့သွားလေခြင်း 
နေလို့မရအောင် ဖျက်စီးသွားလေခြင်း 
နံရံမှာထောင်ထား 
ဓားများကို ယူသွားလေခြင်း 
မသယ်နိုင်ထား သေတ္တာများကို 
ဖောက်ထွင်းသွားလေခြင်း
မယူနိုင်များပြား အိုးခွတ်ပန်းကန်များကို
ထုထောင်းသွားလေခြင်း
အဝတ်အစားနဲ့အသုံးအဆောင်များကို 
ဖြန့်ကျဲ ခြေသုတ် 
ဖျက်စီးသွားလေခြင်း
မစားရက် မသောက်ရက် 
စုပြီးဝယ်ထား ဆိုင်ကယ်များကိုလဲ 
ယူငင်သွားလေခြင်း
လိုချင်ပစ္စည်းမှန်သမျှ ပိုင်ရှင်ကိုမသိ 
ခိုးသွား ရက်လေခြင်း...။
ဒါတွေဟာ ငါတို့ ချွေးနဲ့ရင်းပြီး 
ရှာထားရတဲ့ 
ငါတို့ကိုယ်ပိုင် ပစ္စည်းဥစ္စာတွေလေ...။
စိတ်ထဲ မချိနိုင် ဘယ်သူ့ကိုများ 
တိုင်ခွင့်ရှိမလဲ အမေ...။
ဖျက်ပိုးကြလို့ သီးအနှံပျက်တာ 
အချိန်ခနတာ 
ပိုသတ်ဆေးဖြန်း ရှင်သန်နိုင်ကြသေးရဲ့....။
ခုတော့ တိုင်းပြည်မှာ 
စစ်ပိုးကြတော့ 
ပြည်သူလုထုရဲ့ စည်းစိမ်ဥစ္စာ 
မကုန်နိုင်ရိုး ထုံးစံရှိမလား....။
ခွေးလေ ခွေးလွင့်တွေ 
အိမ်မရှိလေတော့ 
အိမ်ရဲ့ တန်ဖိုးကို မသိ....။
မိသားစုဆိုတဲ့ အရသာ 
မခံစားကြဘူးလေတော့ 
သူများ အသိုက်အမြုံကို 
ဖျက်လို ဖျက်စီးလုပ်...။
တစ်ကောင်ကြွက်
မိဘက မဆုံးမလေတော့ 
ရိုင်းဆိုင်းလိုက်တာများအလွန်...။
ပညာကမတက် 
အသိဉာဏ်မိုက်မဲနေလေတော့ 
ပြည်သူကို ရန်သူလိုသဘောထား....။
ပြည်သူက မွေးဖွားလာ
လေသလား 
တိရစ္ဆာန်က ဆင်းသက်
လာလေလား 
ငမိုက်သားတို့ရယ်...။
ကိုယ်ချင်းစာစိတ် ဗလာနတ္ထိ 
အမိန့်ဆိုတိုင်း မှား မှန်မသိ 
လိုက်လုပ်နေရင်
မင်းအမေ မင်းပြန်ရိုးခိုင်းလေရင်ကော 
လုပ်နေမည်ပဲလား...။
လူရိုင်းတွေနဲ့ ဝေးရာနေ 
စစ်ဘေးရှောင် ငါတို့ကိုများ
တောနင်းရှာဖွေ...။ 
ငါတို့ဘဝတွေ 
ပုန်းနေလဲ မလွယ် 
မိရင်လဲ မလွယ်
အသက်ကိုပါ ပေးရဦးမယ်...။
ငါတို့မှာ ဘာများအပြစ်ရှိလို့လဲ 
ငါ့သားတို့ရယ်..။
ပြန်စရာမြေ 
အိမ် မရှိတော့ပါလား
တွေးရင်းသာ ရင်မောမိတော့တယ်..။
#HAM
👇crd photo
နဖူးပေါ် တော်လှန်ရေးတင် စဉ်းစားတဲ့အခါ 
ကိုယ်ချင်းစာတရားဟာ
ဖက်ဒရယ်ကို လိုချင်လာလိမ့်မယ်ဗျာ 

ကျုပ်တို့ ကိုယ့်စိတ်ကိုယ် နေ့တိုင်းတော်လှန်ပေးပါ 🙏🏿🙏🏿🙏🏿


#တော်လှန်ကောမစ်

ရပ်တည်ချက်


ရပ်တည်ချက်


ကိုယ့်ဒုက္ခမှ ဒုက္ခလို့ထင်တဲ့
လူ့အဖွဲ့အစည်းကို ဆောရီးပါပဲ

အမှန်တရားနဲ့ ကိုယ်ချင်းစာတရားကို
အဓိပ္ပါယ်ဖွင့်တတ်ဖို့ လိုတယ်

တိတ်ဆိတ်မှုကို လိုလားသူ ရှိသလို
ဆူညံမှုကို လိုလားသူရှိတတ်တာ
သဘော သဘာဝပဲလေ

အမှန်တရားစစ်စစ် အလင်းစစ်စစ်ဟာ
နေသားတကျ ရှိပြီးသားပါ

                              
San Zuren 🌸

"လွတ်မြောက်ခြင်း"

လွတ်မြောက်ခြင်း
အစစ်အမှန် ဆိုတာ
အပြင်က မလာဘူး
ကိုယ့်စိတ်အတွင်းက လာတာ

သင်ဟာ
တော်လှန်ရေးမှာ 
အသက်ပင် မြှုပ်နှံကြောင်း 
သစ္စာဆိုလိုက်ပါ

အရာရာကို ရင်ဆိုင်ရတာ 
လွယ်ကူသွားပြီး
လွတ်မြောက်မှုအစစ်အမှန်ကို 
ရလိမ့်မယ်

စွန့်ဝံ့သူ၊ ဖြတ်တောက်နိုင်သူသာ 
လွတ်မြောက်သူ 
အစစ် ဖြစ်လာပါလိမ့်မယ်

San Zuren 🌸

" တော်လှန်ရေးက စျေးကြီးတယ် "


" တော်လှန်ရေးက စျေးကြီးတယ် "

နေရင် စျေးကြီး
သေရင်လည်း စျေးကြီးတဲ့ မြေမှာ    
တော်လှန်ရေးလည်း စျေးကြီးတယ်လို့ 
ငါတို့ မျက်မြင်ကိုယ်တွေ့ သိခဲ့ရပေါ့ 

တချို့တွေ ပြန်မဆုံတော့ဘူး 
တချို့တွေ ဖုတ်ဖက်ခါ ထွက်သွားတယ်
လူ့ အကြောင်းတွေကို သင်ရ 
သမိုင်းအသစ်ကို ရေးရ​
တော်လှန်ရေးက စျေးကြီးတယ် 

အသက်တစ်ချောင်းနဲ့ မလောက်လို့ 
အသက်ပေါင်းများစွာ ထပ်ပြီး ဝယ်ရ 
ဘဝ နည်းနည်းနဲ့ မလောက်လို့ 
ဘဝပေါင်းများစွာ ပေးဆပ်ပြီး ဝယ်ခဲ့ရ 
တော်လှန်ရေးက စျေးကြီးတယ် 

တော်လှန်ရေးက စျေးကြီးတဲ့အကြောင်းတွေးမိရင် 
စာသင်ကျောင်းမရှိတဲ့ ကချင်ရွာလေးကို သတိရ 
လျှပ်စစ်မီးမရတဲ့ ကရင်ရွာလေးကို သတိရ 
ခုထိ အိမ်မပြန်ရတဲ့ ကမန်ဒုက္ခသည်တွေကို သတိရ 
ငါတို့ရဲ့ အတိတ််တွေကို ဘယ်လို ခိုးယူခဲ့သလဲ 
ငါတို့ရဲ့ မနက်ဖြန်တွေကိုကော ဘယ်လို လုယူခဲ့ကြသလဲ

ဒီနိုင်ငံမယ် 
အသက်တွေ စျေးပေါတယ်
ဘဝတွေ စျေးပေါတယ် 
မူးယစ်ဆေးဝါး စျေးပေါတယ် 
တော်လှန်ရေးက စျေးကြီးတယ်

တော်လှန်ရေးက စျေးကြီးလိုက်တာလို့ 
ငါ ညဥ်းမိတော့ 
ရဲဘော်တစ်ယောက်က နှစ်သိမ့်တယ် 
အနာဂတ်တွေကို ဝယ်ရတာပဲ
တရားမျှတမှုကို ဝယ်ရတာပဲ
တော်လှန်ရေးက စျေးကြီးမှာပေါ့တဲ့ 

မနက်ဖြန်တွေ အတွက် 
ကိုယ့်ကောင်တွေ အသေခံပြီး ဝယ်ထားရတဲ့ တော်လှန်ရေး 
ပြားနေအောင် အနင်းခံထားရတဲ့ ဆင်းရဲသားတွေရဲ့ တော်လှန်ရေး 
မျက်ရည်တွေကနေ လှိုင်းတံပိုးတွေဖြစ်သွားတဲ့ တော်လှန်ရေး 
ကျိုးကြေသွားတဲ့ ပြာပုံထဲကမှ ဖီးနစ်လို ရုန်းထလာတဲ့ တော်လှန်ရေး
တော်လှန်ရေးက စျေးကြီးတယ်။ 

-မောင်မြတ်သူ 



#poetryoflife


တိမ်အရုပ်ရေးသူ (၆၄)
__________________

မအ​အောင်လို့ သမိုင်းကိုသင်ရတယ်ဆိုတာ လက်ခံရင်
အ​နေတဲ့သမိုင်းကို ဖတ်ပြီး
ကျ​နော်တို့ မျိုးဆက်တွေတုံးခဲ့ကြတာ
ခင်ဗျား နားလည်မှာပါ။

-ကိုသန်းထွန်း

Tuesday, January 25, 2022


"စုပေါင်းအား"


ရေရှိရင် ငါး ရှိတယ် 
ရေမရှိ ငါး သေမယ်
ရေ နဲ့ ငါး ခွဲမ‌ရအောင်
တစ်သားတည်း ရှိနေမယ့်
ပြည်သူ ဟာ ရေ ပဲ
ဓါးနဲ့ ခုတ်လို့ မပြတ်သလို
အရှိန်အဟုန်နဲ့စီးဆင်းတယ်
စမ်းချောင်း လေး စီးသလိုလည်း
နူးညံစွာ သိမ်မွေ့တက်ကြတယ်

ရေ အသက် တစ်မနက်တဲ့
ပြည်သူမထောက်ခံတဲ့ 
အာဏာရှင် အစိုးရ
ငါတို့ လက်ထက်မှာ
ဘယ်တော့မှ သက်ဆိုးမရှည်စေရ

ရေ နဲ့ ငါး ပြည်သူ့မဟာဗျုဟာမှာ
စစ်မိစ္ဆာ အမျိုးယုတ် ကို
ကြိုးတုပ်ပြီး ကားစင်တင်
ကြားချင်နေရင် ဝိုင်းတွန်းကြ

/ငရာ/

ရင်ထဲက စကားလုံးများ


ရင်ထဲက စကားလုံးများ


တို့အရေးလို့ အော်ခဲ့သူတွေ
လက်နက်ကိုင်ကြ
အာဏာဖီဆန်ကြ
ဇိမ်နဲ့မနေနိုင်တဲ့ CDM တွေ ရုန်းနေကြ

PDF တွေလှူဖို့ အခြေခံလူတန်းစားတွေ
နေ့စားလုပ်အားခတွေ စုပြီးလှူနေကြ
တချို့ နားကပ်တွေ ချွတ်လှူကြ
တချို့ အိမ်တွေ ရောင်းလှူကြ
တချို့ မြေတွေ ရောင်းလှူကြ

ဘယ်မလဲ လူချမ်းသာတွေ
ဘယ်မလဲ စီးပွားရေးသမားတွေ
အမြတ်တင်ဖို့နဲ့ ခေတ်ပျက်ဖို့ စောင့်နေကြ

သပိတ်တွေလဲ ဆက်မှောက်နေကြ
လက်လုပ်သေနတ်နဲ့  တိုက်ပွဲဝင်နေကြပေါ့

ငတ်တလှည့်ပြတ်တလှည့် CDM တွေ
ပြည်သူ့ ရဲဘော်တွေ
ဒါဟာ စကားလုံး မဟုတ်ဘူး 
ဘဝတွေ

အသက်တွေ ပေးခဲ့ကြရပြီ
ဘဝတွေ မရှိတော့ဘူး
အကျဥ်းထောင်ထဲက ပြည်သူတွေ
အကျယ်ထောင်ထဲမှာလည်း ပြည်သူတွေ
ဘယ်သူမှ မလွတ်မြောက်သေးဘူး

စကားလုံးနဲ့ မကူနဲ့
စကားလုံးနဲ့ အားမပေးနဲ့
စကားလုံးနဲ့ မတော်လှန်နဲ့
စကားလုံးတွေကို ပုံဖော်ကြ

လွတ်မြောက်ခြင်း စကားလုံး အတွက်
လွတ်မြောက်ဖို့ လက်တွေ့ တော်လှန်ကြပါတော့လား

San Zuren 🌸

ရင့်ကျက်သော ရင့်သီးမှု

အချိန်တွေကြာခဲ့ပြီးနောက်မှာ
ငါဟာ ပါပီယွန့်စကား မှန်ကြောင်းသိလာခဲ့

အပြော၊အရေး၊အတွေးတိုထက် ဗလထုတ်ပြဖိုလိုနေခဲ့
သက္ကရာဇ်တော်တော်ဝေးဝေးဆီသို ခေတ်နောက်ပြန်ဆွဲ
လက်ရုံးရည်ခေတ်ကြီး ပြန်ရောက်လာတယ်

ပြောင်းဝအာဏာ ဆုပ်ကိုင်ထားသူတိုရယ်
အရေး၊အတွေး၊အပြောလေးနဲ့ပဲ တတ်နိုင်တဲ့ငါရယ်

ပြဒါးတစ်လမ်း သံတစ်လမ်း ထိရောက်မှုအကြီးကြီးခြားနားနေခဲ့
ကလောင်ကိုပဲကိုင်တဲ့ ဤလက်က သေနတ်ကိုစွဲ
လူမဟုတ်သူတို ခေါင်းထဲ ကျည်ဆံသာထည့်ခဲ့
လူမဟုတ်တော့ စာကဗျာတွေသွင်းလို ဘယ်ဖြစ်မလဲ
ဖန်တီးသူသာ နစ်နာပါမယ်

ဂစ်တာကြိုးကြောင့်ပွန်းခဲ့တဲ့ ဒီလက်ချောင်းတွေက
မောင်းခုလုတ်ကို ဆွဲလိုဖြုတ်ကာ ငါဟာအာဂ
အမိမြေကိုစောင့်ရှောက်မယ့်သူကွ

ဘယ်ဆီဘယ်အခါ ရောက်လာမှ
ဤကလောင်တံကိုလက်က မချစတမ်း
ပြန်လည်ဖန်တီးနိုင်မယ်မှန်း
မသိခြင်းတိုနဲ့ပဲ လုံးပန်း
အနုပညာကလည်း ကြမ်းတမ်းလို မလန်းဆန်းတော့ပြီ

ဟာသတွေကလည်း မရယ်နိုင်ပြီ
ကြည်နူးခြင်းတိုလည်း မရှိနိုင်ပြီ
ငိုကြွေးခြင်းတိုလည်း အသက်မဲ့ပြီ

ငါသည်အနုပညာနဲ့ မသိမသာပဲဝေးခဲ့ပြီ
လူတိုနှလုံးသားကို စာကဗျာများ
ထည့်သွင်းစီးဆင်းလို ပျော့ပျောင်းသွားအောင်
ကြံဆောင်နေကြ ဤလက်နဲ့ဦးနှောက်က
အခုတော့ မောင်ခုလုတ်ကိုဆွဲဖြုတ်ဖို အမိန့်ချ
"ဒိုင်း"ကနည်း မြည်သံက ငှက်များလန့်ဖျတ်စေခဲ့ရပြီ

တေးသံတိုသာ ညည်းညူကာ
သာယာနာပျော်စရာသာ
ထုတ်ပြောသော ဤပါးစပ်က
"ပစ်"လို အကြင်နာမဲ့သော အမိန့်များ
ရေရွတ်လို ထွက်သွားခဲ့ပြီ

ကဗျာဆိုသည်ကိုလည်း မေ့ခဲ့ပြီ
စာဆိုသည်ကိုလည်း မတွေးခဲ့ပြီ
သွေးစွန်းနေသော လက်ဖြင့်သာ
ငါမသိသောသူတိုနဲ့ ရန်တွေ့ခဲ့ပြီ

တစ်နေ့နေ့တော့ ပြန်လာကာ
ဤကလောင်တံငါ ကိုင်ဖြစ်ခဲ့လို
ရင်ထဲက ဒဏ်ရာအမာရွတ်တိုနှင့်
သွေးတိုထားသော ကလောင်တံကိုကိုင်ရင်း
ဤအက္ခရာ ကဗျာစာများအား သွေးနံ့တိုမကင်း
ရေးခြစ်လို အရှင်း
ခံစားချက်တိုကို ချနင်းကာ
ဖော်ပြဖြစ်ပါမည်

#Tommy

ရင့်ကျက်သော ရင့်သီးမှု

အချိန်တွေကြာခဲ့ပြီးနောက်မှာ
ငါဟာ ပါပီယွန့်စကား မှန်ကြောင်းသိလာခဲ့

အပြော၊အရေး၊အတွေးတိုထက် ဗလထုတ်ပြဖိုလိုနေခဲ့
သက္ကရာဇ်တော်တော်ဝေးဝေးဆီသို ခေတ်နောက်ပြန်ဆွဲ
လက်ရုံးရည်ခေတ်ကြီး ပြန်ရောက်လာတယ်

ပြောင်းဝအာဏာ ဆုပ်ကိုင်ထားသူတိုရယ်
အရေး၊အတွေး၊အပြောလေးနဲ့ပဲ တတ်နိုင်တဲ့ငါရယ်

ပြဒါးတစ်လမ်း သံတစ်လမ်း ထိရောက်မှုအကြီးကြီးခြားနားနေခဲ့
ကလောင်ကိုပဲကိုင်တဲ့ ဤလက်က သေနတ်ကိုစွဲ
လူမဟုတ်သူတို ခေါင်းထဲ ကျည်ဆံသာထည့်ခဲ့
လူမဟုတ်တော့ စာကဗျာတွေသွင်းလို ဘယ်ဖြစ်မလဲ
ဖန်တီးသူသာ နစ်နာပါမယ်

ဂစ်တာကြိုးကြောင့်ပွန်းခဲ့တဲ့ ဒီလက်ချောင်းတွေက
မောင်းခုလုတ်ကို ဆွဲလိုဖြုတ်ကာ ငါဟာအာဂ
အမိမြေကိုစောင့်ရှောက်မယ့်သူကွ

ဘယ်ဆီဘယ်အခါ ရောက်လာမှ
ဤကလောင်တံကိုလက်က မချစတမ်း
ပြန်လည်ဖန်တီးနိုင်မယ်မှန်း
မသိခြင်းတိုနဲ့ပဲ လုံးပန်း
အနုပညာကလည်း ကြမ်းတမ်းလို မလန်းဆန်းတော့ပြီ

ဟာသတွေကလည်း မရယ်နိုင်ပြီ
ကြည်နူးခြင်းတိုလည်း မရှိနိုင်ပြီ
ငိုကြွေးခြင်းတိုလည်း အသက်မဲ့ပြီ

ငါသည်အနုပညာနဲ့ မသိမသာပဲဝေးခဲ့ပြီ
လူတိုနှလုံးသားကို စာကဗျာများ
ထည့်သွင်းစီးဆင်းလို ပျော့ပျောင်းသွားအောင်
ကြံဆောင်နေကြ ဤလက်နဲ့ဦးနှောက်က
အခုတော့ မောင်ခုလုတ်ကိုဆွဲဖြုတ်ဖို အမိန့်ချ
"ဒိုင်း"ကနည်း မြည်သံက ငှက်များလန့်ဖျတ်စေခဲ့ရပြီ

တေးသံတိုသာ ညည်းညူကာ
သာယာနာပျော်စရာသာ
ထုတ်ပြောသော ဤပါးစပ်က
"ပစ်"လို အကြင်နာမဲ့သော အမိန့်များ
ရေရွတ်လို ထွက်သွားခဲ့ပြီ

ကဗျာဆိုသည်ကိုလည်း မေ့ခဲ့ပြီ
စာဆိုသည်ကိုလည်း မတွေးခဲ့ပြီ
သွေးစွန်းနေသော လက်ဖြင့်သာ
ငါမသိသောသူတိုနဲ့ ရန်တွေ့ခဲ့ပြီ

တစ်နေ့နေ့တော့ ပြန်လာကာ
ဤကလောင်တံငါ ကိုင်ဖြစ်ခဲ့လို
ရင်ထဲက ဒဏ်ရာအမာရွတ်တိုနှင့်
သွေးတိုထားသော ကလောင်တံကိုကိုင်ရင်း
ဤအက္ခရာ ကဗျာစာများအား သွေးနံ့တိုမကင်း
ရေးခြစ်လို အရှင်း
ခံစားချက်တိုကို ချနင်းကာ
ဖော်ပြဖြစ်ပါမည်

#Tommy

ဟေ့ရောင် ...သားကြီးတို့ 

မင်းတို့တွေက မြန်မာပြည် ရဲ့ ကောင်းကင်အမိုးကြီးကို
 တက်လဲနေကြတာလေကွာ...
ခွေနေပြီလား
လျော့နေပြီလား
ရောင်နီပဲ လာလာ
နေမွန်းပဲ တည့်တည့်
ညအမှောင်တွေပဲရောက်ရောက်
ငါတို့ရင်ထဲ 
အမြဲတမ်း လင်းမယ့်
 "ကြယ်" က မင်းတို့ ..မင်းတို့ လေကွာ

ကိုလင်းလင်း သီချင်းလိုပါပဲ
အမှောင်ယံ ထဲ က ကပွဲတွေစရင်
ငါတို့ အတူတူ ကမယ်
ဇာတ်လမ်းတွေ တစ်ပုဒ်စီ 
တိုးတိုးလေး ရွတ်မယ်
အာရုံတွေကို နားစွင့်မယ်
တောရိုင်းဥပဒေတွေနဲ့
အကျဉ်းတန်မြို့ပြကနေ
မင်းတို့အလာကို 
ဓါးသွေးပြီးတော့စောင့်တယ်
အားခဲပြီးတော့ တိုက်မယ်
မိစ္ဆာအစွယ် ပြုတ်အောင်
ငါတို့ အတူတူ နုတ်မယ်...

ဟေ့ရောင်..တွေ
မင်းတို့ မှတ်မိသေးလား
ငါတို့ ပြောနေကျ စကားလေးလေကွာ
"ရန်ကုန်မှာ ပြန်ဆုံမယ်"

ဒါပဲကွာ...သားကြီးတို့ရေ 


/ငရာ/
"အဆဲအရှုခံ တောင်းနေသော ဂျပု"

ကာတွန်း - ပိုးဟပ်ဖြူ
#thevoiceofspring
 #cartoon


ပြုလိုက်ပြီ အလေး နဲ့...
ကာတွန်း - ဟယ်မား


Monday, January 24, 2022

😃
ရေပေါ်ဆီဆိုသည်မှာ..



ရုန်းကန်မလား ကုန်းခံမလားကတော့ 
ကိုယ့်ရဲ့ရွေးချယ်မှုပဲ 

သူများတွေလုပ်ပါလိမ့်မယ် 
ငါတို့မလုပ်လဲရပါတယ်လို့ 
အခုထိတွေးနေသေးရင် 
အပြစ်ရှိသူဟာ ကိုယ်တိုင်ဖြစ်လာမယ် 

အပြစ်ရှိသူတင်မဟုတ်ပဲ
 ဒုက္ခရောက်သူပါ  ကိုယ်တိုင် ဖြစ်လာတဲ့နေ့ကျရင်တော့ 
နောင်တရဖို့နောက်ကျသွားမယ် 

အခုတောင် မီးနဲ့  အင်တာနက်
နပ်မမှန်တော့ဘူးမို့လား
မျက်စိရောနားရောပိတ်ပီး အနာဂတ် ကိုမုဒိန်းကျင့်ခံရဖို့ လမ်းအစပဲ

အချိန် စိတ်ဓာတ် လူသူအင်အား အစစအရာရာ သာနေတုန်း 
ဖိတွန်းလိုက်ကြရအောင်ပါ  
အားကုန်စိုက်ထုတ်လိုက်ကြရင်း 
ကိုယ့်အနာဂတ် ကိုယ်တိုင်ဖန်တီးကြရအောင်ပါ
လူလိုသူလိုနေခွင့်ရဖို့ 
သူများပေးမှရမယ့်ဘဝထက် 
ကိုယ်တိုင်ရုန်းကန်လိုက်ကြရအောင်ပါ 
#credit to originaluploader
Janunary ရဲ့ Birth Flower "Carnation"

Mother's Love ရဲ့ signဖြစ်တဲ့ ပန်းလှလှလေးတွေဟာ Janunary bornတွေရဲ့ မွေးလပန်းလေးပါ။😍















မီးပုံထဲကဘဝများ
ပြာပုံထဲကဘဝများ
ပြန်ထပါစေ..
ပြည်သူအများ
အရှုံးမှ ပြန်ထပါစေ..
ငါတို့တိုင်းပြည်ကြီး 
စစ်မီးငြိမ်းပါစေ......။

-အောင်ချိမ့်

Sunday, January 23, 2022


ချေဂွေဗားရား (၂)

ဆိုတော့ လူငယ်လုပ်တီရှပ်တထည်ပေါ်က 
ငါ့ရဲ့ပုံအောက်မှာ
“ဒူးထောက်အသက်ရှင်နေရတာထက်
ရပ်ပြီး သေရတာ ပိုကောင်းတယ်” ဆိုတဲ့ စာသား ရိုက်ထည့်လိုက်။

အီမယ်ဒါမားကို့စ်ရဲ့ လေဒီရှူး အရံပေါင်း ၂၇၀၀ ထက်
အဖေ့ စာအုပ် ၃၀၀၀ ကျော်က ငါ့ခြေထောက်တွေကို ပိုရွေ့စေခဲ့တယ် 
စေလိုရာ စေနိုင်ဟာတွေ။

စာအုပ်ဖတ်ပြီး သေနတ်နဲ့ပစ်ပါ 
အဖေ က
သေနတ်နဲ့စာအုပ် တပြိုင်တည်း ငါ့ကို၀ယ်ပေးထားခဲ့တယ်။

ချီလီကဗျာဆရာကြီး ပါပလိုနီရူဒါ ရဲ့ကဗျာတွေ ငါစွဲ
“ပန်းခြံအတွင်း၌ သေဆုံးသူများ” ငါစွဲ
ဒါက ကျုပ်အတွက် စကားလုံးတွေမဟုတ်ဘူး 
သိပ်လှတဲ့ အာဏာရှင်ချေမှုန်းရေးကျည်ဆန်တွေ ။

အလိုင်ဒါ ရေ မင်းနှုတ်ခမ်းနီထောင့်တွေ 
ငါယူသွားပြီ လိုအပ်ရင် သေနတ်ထဲထည့်ပစ်ဖို့
ကဗျာတွေဆက်ဖတ်ပြီး မင်းကျန်ရစ်ခဲ့လေတော့။

ဟေ့ဂွာတီမာလား ဟေ့ကွန်ဂို 
ဟေ့ဘိုလီးဗီးယား 
ငါ့နိုင်ငံတွေ ဒါ ငါ့လူနာတွေ 
ဆေးထိုးအပ်တချောင်းနဲ့ မလုံလောက်ခဲ့တဲ့ ငါ့ပြည်သူတွေ

ငါသွားပြီ (သို့မဟုတ် ) ငါလာပြီ။

ကျူးဘားရေ 
ကျုပ်ကို ဆေးပြင်းလိပ်တိုက်ပါဦး
ခင်ဗျားတို့အတွက် ကျုပ်တိုက်ဖို့ လာပြီ။

ကျူးဘားရေ
ကြံခင်းများထဲ ပြောက်ကျားစစ်သားကြီးချိုခဲ့တဲ့အကြောင်း 
နောင်လာနောင်သားတွေကိုပြောဖို့လုပ်ကြတော့။

ကိုယ့်လူကြီး ကက်စထရိုရေ
မက္ကဆီကိုကမ်းခြေမှာ
မြင်းတွေကိုထားပြီး ကျုပ်တို့ ဂရမ်မာရွက်လှေကလေးနဲ့သွားကြမယ်
ဒါဟာ အပျော်ခရီးပါ
ကောင်းကင်ကြီးပြာနေမှာပါ အောက်မှာတော့ သွေးပင်လယ်ကြီးပေါ့။

ဘာတစ္စတာရေ
ဆေးထိုးအပ်ဆိုရင်လည်း 
ပေါက်ဓါးတချောင်းလို မင်းမျက်လုံးများကိုစိုက်စေ
သေနတ်တလက်ဆိုရင်တော့ 
မင်းတို့အကုန်လုံးအတွက် ဗုံးကျဲသလိုဖြစ်စေပေါ့။

ဘယ်ရီကတ်ဦးထုပ်အပျော့လေးပေါ်မှာ ကြယ်ပွင့်တပွင့်နဲ့
နံရံကပ်ပိုစတာကြီးတွေပေါ်မှာ 
စျေးဆိုင်တွေ အလှပြင်ခန်းမတွေနဲ့ ကော်ဖီဆိုင်နံရံတွေပေါ်မှာ
ဟေ့ ဆံပင်ညှပ်ဆိုင်နဲ့ ဟိုချာတိတ်တွေရဲ့လက်ဖျံပေါ်မှာ 
မော်တော်ကားဒက်ရ်ှဘုတ်ပေါ်မှာ
အဲ့ဒါဘယ်သူလဲ ကိစ္စမရှိ 
ဟိုကောင်မလေးရဲ့အခန်းထဲက နံရံပေါ်မှာ ဟောလိဝုဒ်စတားလား "နိုး
ရော့ခ်သူရဲကောင်းလား "နိုး"
ကမ္ဘာကျော်ဘောလုံးသမား "နိုး" ဟေ့ မင်းအင်္ကျီပေါ်မှာ 
ငါ့လက်ပတ်နာရီဒိုင်းခွက်ထဲမှာ
" ချေ " တဲ့ကွ ဝေါကနဲ ဆိုင်ကယ်ကိုမောင်းထွက်သွား သူ့ဂျင်းအင်္ကျီနောက်ကျောမှာ 

မရောက်သေးတဲ့ အစွန်အဖျားတွေ ဘယ်မှာ 
သူ့နာမည်ကိုင်ပြီး လူငယ်တွေ ကြယ်တွေဆီ တန်းစီနေကြ။

လူကြီးတွေရမ်းကားနေသမျှ လူငယ်တွေကျောင်းအိပ်ကျောင်းစား
တော်လှန်ရေးကို တေးလိုဆို တောလိုစိုနေကြရလိမ့်ဦးမည် အို ချေဂွေဗာရား။

-ခရမ်းပြာထက်လူ
၂    ၀     ၁    ၄

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...