ငါမှတ်မိတာက
ငါတို့ နာမည်တွေကို ခေါ်တဲ့အခါတိုင်း
"ရှိ" လို့ အကျယ်ကြီးထူးခဲ့ကြတာတွေ။
တစ်ရက်မှာ မြူခိုးတွေ ငါတို့ရဲ့ စာသင်ခန်းထဲဝင်လာပြီး
ငါတို့အားလုံး ပျောက်ဆုံးသွားတဲ့ အချိန်အထိ။
ဟိုတစ်ချိန်တုန်းကတော့ ငါ့အဘိုးဟာ
ပင်လယ်လှိုင်းကြမ်းတွေအပေါ်ကို
မောင်ဗမာစက်ဘီးလေးတစ်စီးနဲ့
အေးအေးသက်သာ ကျော်ဖြတ်သွားခဲ့တယ်။
ငါတို့ခေတ်ရောက်မှပဲ
ရွှေရောင်ကရဝိတ်ကြီး နဲ့ ဒုက္ခမြစ်ထဲ တဝဲလည်လည်။
ဒီလိုနဲ့ ငါတို့ ခန္ဓာကိုယ်ပေါ်က အက်ကြောင်းကြီးက
တစတစ ရှည်လျားလာခဲ့ပေါ့။
နံရံပေါ်က ကိုယ့်နိုင်ငံမြေပုံဟာလည်း
နှစ်ပေါင်းများစွာ စိုက်ကြည့်လာတဲ့အခါ
ခြေတစ်ဘက်ပြတ် စစ်ပြန်ကြီးနဲ့ တူလာခဲ့တယ်။
- အောင်ခင်မြင့်
"ဗမာ့ဆိုက်ဘေးရီးယား"
ReplyDeleteဘယ်တုန်းကမှ
ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး။
ကိုယ့်အလံကိုယ်လွှင့်
ကိုယ့်ရွက်ကိုယ်ဖွင့်
ဆန်တက်ခဲ့ရတာချည်းပဲ။
စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ
ကမ္ဘာကိုဖျက်တယ်လို့
အဲဒီကဗျာငါဖတ်ဖူးတယ်။
မင်းလောင်းလည်းမမျှော်နဲ့
ကယ်တင်ရှင်လည်းအားမကိုးနဲ့
သူ့ဘဝနဲ့သူ
ကိုယ့်ဘဝနဲ့ကိုယ်။
ကျည်ဆန်မှာ
နေရပ်လိပ်စာမပါဘူး။
ဓားဆိုတာ
မီးနဲ့ဆေးရတာ။
တရားဆိုတာ
ကိုယ်တိုင်ကျင့်ရတာ။
လေ့ကျင့်ခန်းမှန်မှန်လုပ်ခဲ့ရင်တော့
အမှားနည်းတာပေါ့။
ဝမ်းနည်းစရာကောင်းတာက
ကမ္ဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြောပြမယ့်
ကဗျာဆရာတစ်ယောက်ကို
ဆုံးရှုံးလိုက်ရတာပဲ။
တစ်နေ့နေ့
လက်ဝဲသုန္ဓရလို
အလက်ဇန္ဒားလို
ဇန်နစ်ဇင်လို
ဒီကောင်ပြန်မလာဘူးလို့
ဘယ်သူပြောရဲသလဲ။
~ ကြည်ဇော်အေး
နောက်ကျသွားတယ်
ReplyDeletedone
ReplyDeleteDone
ReplyDelete--ငါတို့လူငယ်ဘဝ--
ReplyDeleteတောအုပ်က ခါချလိုက်တဲ့သစ်ရွက်တွေလို
သူတို့ နွေရာသီမြစ်ကြီးထဲမျောသွားကြတယ်။
မုန်တိုင်းကြောင့်
ပင်လယ်ထဲနိမ့်ဆင်းသွားတဲ့သင်္ဘောကြီးလို
စစ်ကြောင့် စောင်းကျသွားတဲ့တိုင်းပြည်ထဲ
သူတို့အခက်အလက်တွေ ပြန်မရခဲ့ကြ။
ဂစ်တာသံတွေကြောင့်
ဒီပခုံးထက်ကကြယ်တွေလန့်သေကြမယ်ဆိုရင်
ကျွန်တော့်လူငယ်ဘဝကို ရတဲ့နည်းနဲ့ ပြန်စမယ်။
-ခရမ်းပြာထက်လူ
Never give up.
ReplyDeleteDone
ReplyDeleteOk
ReplyDelete✅✅❤
ReplyDeleteAdmin done 🥰🥰🥰
ReplyDeleteစကစ ထိပ်ပိုင်းအုပ်စု ကို မုန့်ဟင်းခါး ကျွေးနိုင်လျင် ပွဲ မြန်မြန်ပြီးပါမည်။ အထူးပွဲအတွက် အထူးအစီအစဥ်တော့ လိုသည်ပေါ့ ။
ReplyDelete