Tuesday, March 8, 2022



Freedom from Fear

ငါတို့သည်  ကောက်ရိုးမီးမဟုတ်
အာဏာရှင်ကို  ပြာချမယ့်ငရဲမီး
ငါတို့သည်   နုတ်ချင်တိုင်းနုတ်
ခုတ်ချင်တိုင်းခုတ်လို့ရမယ့်  
လမ်းဘေးပေါက်ပင်မဟုတ်
ငှက်တစ်သောင်းမက  ခိုနားလို့ရမယ့်
အရိပ်ကောင်းကောင်း  အမြစ်ခိုင်ခိုင်နဲ့
သစ်တစ်ပင်
မင်းတို့နဲ့ငါတို့ပြည်သူ
ဘယ်စက်ဝိုင်းပိုကျယ်သလဲ
သံတိုင်နောက်ထားချင်သလား
လက်ထိပ်ခတ်ချင်သလား
ထားစမ်းပါစေ  ခတ်စမ်းပါစေ
အားလုံးဝိုင်းဖြိုရင်  ဒီဖက်စစ်တံတိုင်း
ပြိုကိုပြိုပါတယ်
တစ်ကြိမ်တစ်ခါနာမှာကိုတွေးကြောက်နေရင်တော့
တစ်သက်လုံးအရိုးဆွေးတဲ့ထိ  
အထိတ်ထိတ်အလန့်လန့်နဲ့ကြောက်နေရလိမ့်မယ်
ပြာမှုန့်တွေကလည်းအဓိပ္ပာယ်မဲ့စွာနဲ့ပဲ  
လွင့်ပြယ်ပျောက်ကွယ်သွားမှာ
ငါတို့ရုန်းမှလွတ်မယ်
အနာခံမှအသာစံရမယ်
No Pain No Gain ပဲ
အပေးရှိရင်အယူလည်းရှိတယ်
ငါတို့ပေးဆပ်လိုက်ရတဲ့
သွေးတစ်စက်ချင်းစီအတွက်
သွေးကြွေးပြန်ယူကိုယူရမယ်
ငါမသေသေးဘူး
အာဏာရှင်အမြစ်မပြတ်သေးဘူး
ငါတို့မလွတ်မြောက်သေးဘူး 
ငါတို့ရဲ့အကြောက်တရားကိုဖယ်ဖျောက်ထား
အာဏာရူးလက်ကလွတ်အောင်ရုန်းရမယ်
ပျောက်သောသူ  ရှာရင်တွေ့
သေသောသူ  ကြာရင်မေ့တဲ့
ဟက်ဟက်ပက်ပက်ကို အော်ရယ်ချင်ပါသေးရယ့်
တစ်လုံးချိုင့်လိုကောင်တွေကြောင့်
သေဆုံးသွားရတဲ့ငါတို့သူရဲကောင်းတွေကို
ငါတို့မေ့နိုင်မယ်ထင်သလား
ဘယ်တော့မှမမေ့ဘူးကွ  ဘယ်တော့မှမမေ့ဘူး
ကြယ်ခြွေတဲ့  သွေးစွန်းလက်တွေကိုလည်း
ဆယ်ကမ္ဘာမကြေဘူး.......

                                  ThaeNu

4 comments:

  1. We are not straw fires
    Hellfire to overthrow the dictator
    We deduct whatever we want
    You can cut as much as you want
    Not the sidewalk
    More than 10,000 birds can be accommodated
    With good shade and strong roots
    A tree
    You and our people
    Which circle is bigger?
    Do you want to put it behind the bar?
    Do you want to be handcuffed?
    Let it be, let it be, let it be
    If we all fall down, this wall will be destroyed
    It collapsed

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...