Friday, March 25, 2022



အမှောင်ခေတ် ပြန်မဆုတ်ချင်တော့ပါ။

ပုံမှန်တစ်ခွက် အရင်လို
ပုံမှန်မဟုတ်တော့တဲ့ တိုင်းပြည်မှာ
ဆီစျေးတွေ တက်တယ်၊
ရွှေစျေးတွေ တက်တယ် ၊
တို့ ပြည်သူတွေ ခမျာ........
သွေးတိုးတွေလည်း တက်ပါတယ်။

ကိုယ့်ဆီက ရေနံ သူများကိုရောင်း
ဖယောင်းတိုင် ပြန်ရောင်း ပေးတာကို
ကျေးဇူးရှင်လို့ အခေါ်ခံချင်တဲ့ နိယာမ
အစိမ်းမြင်သမျှ ကြောက်နေရတာလဲ
ဒီခေတ် ဒီဘဝ ဒီအမျှနဲ့သာ
နောက်ဆုံး ဖြစ်ပါစေလေ။

ရင်တွင်းရှိသမျှ အကုန်ပြောရရင်တော့..
ဖယောင်းတိုင်မီး ပြန်မထွန်းချင်ဘူး၊
ဆင်းကဒ်တခု သိန်းချီ မဝယ်ချင်ဘူး၊
ကြယ်ပွင့်ရှိတဲ့သူ လက်အုပ်မချီချင်ဘူး၊
ဘယ်နေရာ သွားသွား 
လာဘ်မထိုးချင်တော့ပါဘူး။

# သျှမ်း

7 comments:

  1. I do not want to go back to the Dark Ages.

    Like a regular glass before
    In an unusual country
    Oil prices are rising.
    Gold prices are rising.
    Our people are ........
    High blood pressure also increases.

    Sell ​​your oil to others
    Selling candles
    The principle of wanting to be called grateful
    Are you afraid of anything green?
    This is the way life is today
    Let it be the last.

    All in all,
    I do not want to light a candle again.
    I do not want to buy hundreds of thousands of SIM cards

    ReplyDelete
  2. ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရမည်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...