Friday, March 25, 2022



မာန်တင်းထားသောတော်လှန်ရေး

ကလောင်တံကိုင်ပြီး  မာန်ကိုခဲ
မရေးနိုင်တဲ့ရက်ပေါင်းလည်းများပြီလေ။
အားပြန်တင်းတွေးသော်လည်း
ရေကြည်တစ်ပေါက် မျက်ရည်စကို
မထိန်းနိုင်ပါလေ။
ပြုံးပြန်လည်းလိပ်ပြာမလုံ
တိုင်းပြည်ကြီးကငိုသကိုး။
ပြည်သူတွေကိုအမှောင်ချ
အာဏာရူးသပါ့။
ပြည့်သူကျိန်စာတန်ပြန်ထိ
အဝီစိငရဲထိ။
ခြောက်တိုင်းကြောက်တဲ့အမျိုးထဲ
တို့များမပါဘဲ။
လက်ပြန်တုတ်လည်းရုန်းမဟဲ့
အမှန်တရားလက်ကိုင်မြဲ။
သူတော်ကောင်းမှန်လေသမျှ သူယုတ်ဖျက်
တိုင်းပြည်အနာဂတ်။
တစ်ထောင့်တစ်နေရာဝင်ကူရင်း
အသက်ဆက်မလေး။
လင်္ကာလက်ကိုမြှောက်ကာရေး
တိုင်းပြည်လွတ်မြောက်ရေး။
                                  
                                          နွေဦး

5 comments:

  1. Prolonged revolution

    Hold the pen with a pen
    There are so many days I can not write.
    Though I think back
    A glass of water and tears
    I can not control it.
    A smile is not enough
    The country is crying.
    Darken the people
    Power is crazy.
    Respond to the full curse
    Awesome.
    In the dreaded species
    Without us.
    Do not fight back

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...