Sunday, March 20, 2022



သုံးရာသီ တစက်ဝန်း
------------------------------

ကိုယ့်ဆံပင်နဲ့ကို 
မိုးထားရတဲ့ 
မိုးကိုလည်း ကျော်ခဲ့ပြီ

ကိုယ့်လက်နဲ့ကို 
ထွေးထားရတဲ့ 
ဆောင်းကိုလည်း 
ဖြတ်ခဲ့ရပြီ

ကိုယ်အရေပြားနဲ့ကို
ကာထားရတဲ့ 
နွေနေပူလည်း ထပ်ဖြတ်ရပြီ

ငါတို့မှာ
ငါတို့ရှိတယ်

ပြည်သူမှာ
ပြည်သူရှိတယ်

ငါမှာတော့
ငါပဲရှိတယ်

ငါ့မနက်ဖြန်အတွက်
ငါ့ကိုငါ အဖော်ခေါ်သွားခွင့် 
ငါရထားတယ်

ငါ့ရှင်သန်ခြင်းကို
ငါ့ယုံကြည်ချက်နဲ့
ဆွဲဆန့်ထားရတာမို့
ငါကိုငါ ပြတ်ကျမသွားအောင်
ငါနှင်တံ ငါနှင်နေရတယ်

ကိုယ်ကျောကို ကိုသပ်ပြီး
ကိုယ့်ခရီးကို ကိုယ်စီးနေရတယ်



San Zuren 🌸

15 comments:

  1. A cycle of three seasons
    -------------------------------

    With your hair
    It has to be covered
    The rain is over

    With your own hands
    Spit
    And winter
    It has been cut

    With the skin
    Protected
    The hot summer sun had to be cut again

    We have
    We have

    In public
    There are people

    I will
    I am the only one

    ReplyDelete
  2. ငါတို့ လမ်းကလေး ဖြောင်းဖြူးမယ်ကြံသေး
    မင်းမိစ္စာ အမောင်လူသား အိုယ်...ဘယ်ကြောင်များ ဖြတ်ဆီး
    သွားပြီ ဒီခရီး...
    အနာဂတ်တွေ နဲ့ဝေးပြီ...
    မိဘတွေ နဲ့ဝေးပြီ...
    ချစ်ရသူတွေနဲ့ လဲဝေး...ပြီ
    အသက်တွေ နဲ့ လောင်ကြေးထပ်
    ငါတို့အနာဂတ် ငါတို့ပြန်ယူပြမယ်။

    ReplyDelete
  3. သုံးရာသီစက်ဝန်း

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...