Tuesday, March 8, 2022



စစ်အာဏာရှင်တွေက 
ပြည်သူ့အာဏာကို
အတင်းအဓမ္မ လုယူထားစဥ်
လူတစ်စု ပျောက်ကြားသပိတ်လုပ်ပြီး
ပြည်သူတွေ သွေးမအေးစေဖို့
အာဏာရှင်စနစ်ဆိုတာ
အမှတ်ရနေစေဖို့ 
နှိုးဆော်စဥ်
စားသောက်ဆိုင် ဆီက
ရူဘီဆေးလိပ် ခဲပြီး
မြန်မာဘီယာ ထောင်ထားတဲ့
လူတစ်စု ဆီက
အသံတစ်သံထွက်လာတယ်
"စစ်အာဏာရှင် စနစ် ကျဆုံးရမည်"တဲ့
ရေမှာ တယ်ပေါ်တဲ့ ဆီတွေပါလား

Zeus

18 comments:

  1. ကလစ်ဖို့ အမြဲတိုက်တွန်းဖစ်ပါတယ်..
    fbလဲမသုံးချင် သုံးဖစ်တဲ့ချိန်တော့း C4Tမှာ ပါဝင်ပေးလို့ အမြဲတင်ဖစ်တယ် wallတခုလုံး c4t shareတာအပြည့် တွေးမိတရ်တခါတလေ
    အနီးစပ်ဆုံး သူငယ်ချင်း၁၀ယောက်လောက် c4t pg ကpost တခါတင်တိုင်း ဝိုင်းshareကျရင်ကောင်းမရ်လိုတော့ တွေးမိတရ်..
    ကျနောအတွေးပါ

    ReplyDelete
    Replies
    1. ရှယ် တာကတော့ ဟုတ်ပါတယ်ဗျာ မလုပ်ကျတာ နေသာသလိုနေကြတာ ကဆိုးတယ်ဗျ ကျွန်တော်လည်း အာပေါက်နေပြီ ​ပြောနေရတာ
      ကိုယ်နဲ့ မဆိုင်သလိုနေကြတဲ့သူတွေရှိတုန်းဗျ

      Delete
    2. ဟုတ်ပါတယ် un ကိုတောင်းဆိုသလို တယောက်ရတယောက်ရ ဆွဲခေါကြတာပေါ့

      Delete
  2. Replies
    1. ကိုယ်တွေ မှာတော့ အိမ်နဘေးမှာ ခွေးတွေ လာစခန်း ချနေတဲ့ အချိန်တောင် နားကြပ်တပ်ပြီး You Tubeကြည့်တယ် ကလစ်တယ်
      ကိုယ်လုပ်စရာရှိတာ လုပ်တယ် ဘာတော်လှန်မှုမှ မရှိဘဲ ခွေးတွေ မြင်ရင် အသေကြောက်
      နေတဲ့ လူတန်းစားက တစ်ရပ်ရှိသေးတယ်

      Delete
    2. ပြီးရင် ဒီမိုကရေစီ လိုချင်တယ် လို့ ကုန်းအော်

      Delete
    3. အချိို့တွေက ဒီမိုကရေစီရနေကြပြီ အာဏာရှင်စနစ်မှာ အသားကျနေပြီ

      Delete
  3. ရသလောက်တော့ဆွဲခေါ်ရမှာပဲလေ

    ReplyDelete
  4. မကွေးသူလေးကလည်း Clickပေးနေပါတယ်

    ReplyDelete
  5. တော်လှန်ရေးအောင်ဖို့ပုံမှန်ကလစ်ဖို့လိုပါတယ်။ကောက်ရိုးမီးမျိုးဆိုတော်လှန်ရေးအတွက်အလုပ်မဖြစ်ပါဘူး။

    ReplyDelete
  6. စိတ်ပျက်စရာရေပေါ်ဆီတွေ

    ReplyDelete
  7. ထမင်းကျက်ပြ‌ီးလားမေးတဲ့အုပ်စု(ရေပေါ်ဆီ)

    ReplyDelete
  8. react ပေးတဲ့ထဲမပါပေမယ့် app တော့သုံးပေးပါတယ်ခင်ဗျာ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...