Wednesday, March 9, 2022


ဘာတွေလိုအပ်နေလဲ 
ဆုတံဆိပ်တွေမဟုတ်။
လက်နက်တွေဗျ။

တလက် တလက်ကို 
စျေး ၂ ဆ/ ၃ ဆ မြင့်သွားတယ်လား။
ပြည်တွင်းပြန်ကြည့်၊
လူငယ်တွေ ဦးနှောက်နဲ့
နည်းပညာတွေ။

တချို့ လူငယ်တွေ ကမ္ဘာတပတ်ပတ်ပြီး
မလိုက်မဖက် တောခိုနေတာ။
နည်းပညာတွေ အပြည့်ရှိနေတယ်။

မင်းအောင်လှိုင်တို့ဘက်က
သစ်(စ) အစ်(စ) အေ ဘုတ်(ခ) လုပ်နေချိန်
ကျုပ်တို့ မျိုးဆက်သစ်တွေ
ထမင်းစား၊ ရေသောက်ပြောတတ်နေပြီ။

အထင်မသေးနဲ့။
ဉာဏ်ရည်၊ တီထွင်နိုင်စွမ်းနဲ့ 
လုပ်ချင်တဲ့ ဆန္ဒ ပေါင်းစပ်လိုက်ရင်
ကျေးလက်ဒေသတွေတောင် 
လက်လုပ်ထုတ်နေပြီ။
ဒါအနိမ့်ဆုံးနော်။

ထောက်ပံ့ပါ။
မြေတောင်မြှောက်ပါ။
နေရာပေးပါ။
အချိန်ကြာလာရင် အဖိုးတန်လူငယ်တွေ
ပေးဆပ်နေရတာ အသက်တွေဗျ။

ထပ်ပြောပါတယ်။
လိုနေတာ လက်နက်ပါ။

ထောက်ပံ့ပါ။
နေရာပေးပါ။
လုပ်ခွင့်ပေးပါ။



#ရှင်အေးဘုံ**

#People's Voices

Photo Credit🙏🏻🙏🏻🙏🏻

13 comments:

  1. ဒီတွက်ဘယ်တော့မှ သွေးမအေး..
    နိင်ရာတာဝန် အမြဲရှိနေမရ်❤✅

    ReplyDelete
  2. ထောက်ပို့တပ်သား

    ReplyDelete
  3.  "ဗမာ့ဆိုက်ဘေးရီးယား"


    ဘယ်တုန်းကမှ

    ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး။

    ကိုယ့်အလံကိုယ်လွှင့်

    ကိုယ့်ရွက်ကိုယ်ဖွင့်

    ဆန်တက်ခဲ့ရတာချည်းပဲ။

    စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ

    ကမ္ဘာကိုဖျက်တယ်လို့

    အဲဒီကဗျာငါဖတ်ဖူးတယ်။

    မင်းလောင်းလည်းမမျှော်နဲ့

    ကယ်တင်ရှင်လည်းအားမကိုးနဲ့

    သူ့ဘဝနဲ့သူ

    ကိုယ့်ဘဝနဲ့ကိုယ်။

    ကျည်ဆန်မှာ

    နေရပ်လိပ်စာမပါဘူး။

    ဓားဆိုတာ

    မီးနဲ့ဆေးရတာ။

    တရားဆိုတာ

    ကိုယ်တိုင်ကျင့်ရတာ။

    လေ့ကျင့်ခန်းမှန်မှန်လုပ်ခဲ့ရင်တော့

    အမှားနည်းတာပေါ့။

    ဝမ်းနည်းစရာကောင်းတာက

    ကမ္ဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြောပြမယ့်

    ကဗျာဆရာတစ်ယောက်ကို

    ဆုံးရှုံးလိုက်ရတာပဲ။

    တစ်နေ့နေ့

    လက်ဝဲသုန္ဓရလို

    အလက်ဇန္ဒားလို 

    ဇန်နစ်ဇင်လို

    ဒီကောင်ပြန်မလာဘူးလို့

    ဘယ်သူပြောရဲသလဲ။


    ~ ကြည်ဇော်အေး

    ReplyDelete
  4. ရှင်သန်မှုဟာ တမိနစ်ပဲကျန်တော့မယ်ဆိုရင်
    အဲ့ဒီတမိနစ်ကိုတောင် လိပ်ပြာသန့်သန့်နေချင်တယ် ။ ။

    -ခက်သီ

    ReplyDelete
  5. ပိုကူ ပိုလှူ ပိုရုန်းကြစို ✊

    ReplyDelete
    Replies
    1. နိုင်ရာဝန်ထမ်းလို့
      ကြိုးစားထောက်ပံ့နေပါတယ်

      Delete
  6. ကိုယ်တတ်နိုင်သ​လောက်ထောက်ပံပါတယ်

    ReplyDelete
  7. အားလုံးပဲ တော်လှန်သော နှစ်ဆန်း၁ရက်နေ့ဖြစ်ကြပါစေ။ ဖြစ်ကြမယ်လို့မျှော်လင့်ပါတယ်။

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...