Saturday, October 30, 2021

Click 4 Tanintharyi

တောင်တန်း အပူက မြေပြန့်အပူပါပဲ။ထပ်တူခံစားရပါတယ်။ပျက်စီးဆုံးရှုံးခဲ့ရတာတွေအတွက် ကူညီဖို့သတိရကြရအောင်ပါ။✊


Friday, October 29, 2021

Click 4 Tanintharyi

"သနပ် မုန့်တီ"


သနပ် မုန့်တီဆိုတာတော့ တနင်္သာရီ ဒေသ အစားအစာ တစ်မျိုးဖြစ်ပါတယ်။သနပ်ကို လူတိုင်းနီးပါး သိလောက်ပေမယ့် မုန့်တီနဲ့တွဲပြီး စားကြတာတော့ နည်းနည်းထူးဆန်းနေသလိုဖြစ်နေမှာပါ။

နှမ်းလှော်မွှေးမွှေး ရှောက်ရွက်အနံ့ တသင်းသင်းနဲ့ သနပ်ကတော့ အသီးအရွက်​​ေတွနဲ့ သုပ်ရတာပါ။ပဲတောင့်ရှည်၊ခရမ်းသီး၊ပန်းကော်ဖီ၊ပဲပင်ပေါက်၊ကြက်သွန်နီ စတဲ့ အသီးအရွက်တွေကို အတုံးသေးသေးလှီးပြီး နနွင်းမှုန့်၊ပအုန်းရည်နဲ့ရေရောထားတဲ့ရေပူဆူဆူထဲကို ထည့်ပြီးတော့ ရေနွေးဖျောရပါတယ်။နည်းနည်းနွမိးတဲ့အခါကျ ဇကာလေးနဲ့စစ်ထားပြီးတော့ စိမ်းစားငပိအရေဖျော်လေးကို မီးလေးနဲ့ ခဏကြိုပါတယ်။ကြက်သွန်ဖြူနဲ့ငရုတ်သီးဆီနာနာ သတ်ထားတဲ့ ဆီကျက်မွှေးလေးက အဆင့်သင့်ဖြစ်နေပြီဆိုရင် အသီးအရွက်၊ငပိကြိုရည်၊ဆီချက်လေးနဲ့ ရောမွှေလိုက်ရင် အနံ့ရောအရသာပါ ပြည့်စုံတဲ့ သီးစုံသနပ်လေးရပါ​ပြီ ။နှမ်းလှော်ထောင်းလေးနဲ့ပါးပါးလှီးထားတဲ့ ရှောက်ရွက်နဲ့စပါးလင်လေးကိုတော့ သနပ်ပေါ်အုပ်ရမှာဖြစ်ပါတယ်။မုန့်တီဖတ်နဲ့ တွဲသုတ်ပြီး ငရုတ်သီးတောင့်ခြောက်ကြော်လေးနဲ့ တွဲစားကြတာပါ။ တချို့ကတော့ သနပ်ကို ငှက်ပျောဖူး၊ ပိန္နဲအကာ စသဖြင့် ရာသီပေါ်ရာ အသီးအရွက်တွေနဲ့လည်း သုပ်ကြပါတယ်။

သီးစုံသနပ်နဲ့မုန့်တီကို တနင်္သာရီတိုင်းကို လာဖြစ်ခဲ့ရင် မြည်းစမ်းကြပါခင်ဗျာ။




#photocredit
















Click 4 Tanintharyi

"သနပ် မုန့်တီ"


သနပ် မုန့်တီဆိုတာတော့ တနင်္သာရီ ဒေသ အစားအစာ တစ်မျိုးဖြစ်ပါတယ်။သနပ်ကို လူတိုင်းနီးပါး သိလောက်ပေမယ့် မုန့်တီနဲ့တွဲပြီး စားကြတာတော့ နည်းနည်းထူးဆန်းနေသလိုဖြစ်နေမှာပါ။

နှမ်းလှော်မွှေးမွှေး ရှောက်ရွက်အနံ့ တသင်းသင်းနဲ့ သနပ်ကတော့ အသီးအရွက်​​ေတွနဲ့ သုပ်ရတာပါ။ပဲတောင့်ရှည်၊ခရမ်းသီး၊ပန်းကော်ဖီ၊ပဲပင်ပေါက်၊ကြက်သွန်နီ စတဲ့ အသီးအရွက်တွေကို အတုံးသေးသေးလှီးပြီး ပအုန်းရည်နဲ့ရေရောထားတဲ့ ရေပူဆူဆူထဲကို ထည့်ပြီးတော့ ရေနွေးဖျောရပါတယ်။နည်းနည်းနွမိးတဲ့အခါကျ ဇကာလေးနဲ့စစ်ထားပြီးတော့ စိမ်းစားငပိအရေဖျော်လေးကို မီးလေးနဲ့ ခဏကြိုပါတယ်။ကြက်သွန်ဖြူနဲ့ငရုတ်သီးဆီနာနာ သတ်ထားတဲ့ ဆီကျက်မွှေးလေးက အဆင့်သင့်ဖြစ်နေပြီဆိုရင် အသီးအရွက်၊ငပိကြိုရည်၊ဆီချက်လေးနဲ့ ရောမွှေလိုက်ရင် အနံ့ရောအရသာပါ ပြည့်စုံတဲ့ သီးစုံသနပ်လေးရပါ​ပြီ ။နှမ်းလှော်ထောင်းလေးနဲ့ပါးပါးလှီးထားတဲ့ ရှောက်ရွက်နဲ့စပါးလင်လေးကိုတော့ သနပ်ပေါ်အုပ်ရမှာဖြစ်ပါတယ်။မုန့်တီဖတ်နဲ့ တွဲသုတ်ပြီး ငရုတ်သီးတောင့်ခြောက်ကြော်လေးနဲ့ တွဲစားကြတာပါ။ တချို့ကတော့ သနပ်ကို ငှက်ပျောဖူး၊ ပိန္နဲအကာ စသဖြင့် ရာသီပေါ်ရာ အသီးအရွက်တွေနဲ့လည်း သုပ်ကြပါတယ်။

သီးစုံသနပ်နဲ့မုန့်တီကို တနင်္သာရီတိုင်းကို လာဖြစ်ခဲ့ရင် မြည်းစမ်းကြပါခင်ဗျာ။




#photocredit
















Click 4 Tanintharyi

အချိန်ပေးပြီး clickကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။အတူတူတွန်းရင် ရွေ့မှာမို့ ထပ်ပြီး အတူတူ တွန်းကြရအောင်ခင်ဗျာ။Clickတစ်ခုချင်းစီက လိုအပ်တဲ့နေရာကို အတိအကျရောက်မှာမို့ ကူညီပေးကြပါဦးခင်ဗျ။

Click 4 Tanintharyi

ပုံမှန်ထက် နည်းနည်းလေး အာရုံစိုက်ပေးပါ
--------------------------------------
(@mmfifthcolumn လို့ရိုက်ရှာလိုက်ရင်Telegramမှာ အလွယ်တကူတွေ့နိုင်မှာဖြစ်ပါတယ်)

-ကိုယ့်အိမ်ရှေ့ကနေ အဲ့ဒီ စစ်သားက အချိန်မှန် ဖြတ်သွားလေ့ရှိတာမျိုး၊ တစ်ရပ်ကွက်ကျော်မှာ တပ်စွဲနေလေ့ရှိတာမျိုး၊ ရပ်ကွက်ထိပ်က ဓမ္မာရုံမှာ စစ်သားနဲ့ရဲ အမြဲတမ်း တွေ့နေရတာမျိုး၊ လမ်းထောင့်က အပင်အောက်မှာ စစ်သားနဲ့ ရဲ ဂျူတီချိန်းတာမျိုး၊ မီးပွိုင့်မှာ တစ်ပတ်တစ်ကြိမ် အမြဲတမ်း အုပ်စုဖွဲ့ စစ်တာမျိုး... စသဖြင့် တွေ့ရင် "ဒါတွေက တွေ့နေကျပဲ၊ ဘာထူးမှာလဲ" ဆိုပြီး ပစ်မထားကြပါနဲ့ခင်ဗျာ။
.
-လက်မောင်းတံဆိပ်၊ ခန့်မှန်းအင်အား၊ ဂျူတီချိန်းပုံ စသဖြင့် ဂရုတစိုက်မှတ်ထားပြီး The Fifth Column ကို ပို့ပေးလို့ရပါတယ်။ ကိုယ့်အတွက် နေ့စဉ်မြင်နေကျ ဖြစ်နိုင်ပေမယ့် ဒီလိုအချက်အလက်မျိုးတွေက တကယ်ကို အရေးကြီးပါတယ်။
.
-လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ကွမ်းထွက်ဝယ်တတ်တဲ့ စစ်သား သို့မဟုတ် ရဲ၊ ထိုင်လေ့ရှိတဲ့ ဘီယာဆိုင် စသဖြင့် ဘယ်အရာမဆို အရေးကြီးတ့ အချက်အလက်တွေပါပဲ။ ဒါတွေကိုလည်း ပို့ပေးစေချင်ပါတယ်။ အမြဲတမ်း မျက်စိဖွင့်၊ နားစွင့်နေကြပြီး သတင်းပေးပို့စေလိုပါတယ်။
.
သတင်းအချက်အလက်က အင်မတန် အရေးကြီးပါတယ် မိတ်ဆွေများ။

#credit -Mratt Kyaw Thu

Thursday, October 28, 2021

Click 4 Tanintharyi

ဓနိရည်ချို

ထားဝယ်ရဲ့ ဆောင်းအဝင်ကာလ ရာသီစာ မနက်ခင်း အစားအစာလို့ ပြောရင် ဓနိရည်ချိုနဲ့ကောက်ညှင်းပေါင်းကို ချန်ခဲ့လို့မရပါဘူးခင်ဗျ။

ဓနိရည် ဆိုတာ ဓနိပင်မှာ သီးနေတဲ့ အကိုင်းပိုကို ခုတ်ပြီး ခုတ်ထားတဲ့အရိုးနေရာမှာ ခွက် ဒါမှမဟုတ် ဝါးဆစ်ကျည်တောက် စသဖြင့် ထည့်ခံစရာတစ်ခုခုနဲ့ တစ်ညလောက် ခံထားရင် ဓနိရည်ချိုရပါတယ်။တစ်ချို့ကလည်း ဓနိရည်ခံမယ့် ဝါးကျည်တောက်ကို ကျပ်တင်ထားရင် အနံံ့ပိုမွှေးစေလို့ ကျပ်တင်လေ့ရှိပါတယ်။
ဓနိရည်ကို ထားဝယ်မှာ သာမက ရခိုင်၊ မြိတ်တို့လို့ ကမ်းရိုးတန်းဒေသ ဓနိပင်ပေါများရာအရပ်တွေမှာ ရနိုင်ပါတယ်။
ဆောင်းလေအေးအေးနဲ့ ဓနိရည် ချိုချိုအေးအေးကတော့ ထားဝယ်ဆောင်းအတွက် ပနံသင့်လှပါတယ်။





Photo credit#




Click 4 Tanintharyi

Adsအသစ်တွေကို ကြိုးစားပြီး Clickပေးလို့ကျေးဇူးတင်ပါတယ်။

Clickers တို့ရေ အနည်းဆုံး 20 စက္ကန့်လောက်နေပြီးမှ ပြန်ထွက်ပေးပါနော်။

အစစ အရာရာ ဂရုစိုက်ကြပါ ခင်ဗျာ။

Click4 Tanintharyi

ထားဝယ်ဒေသ မုန့်အချိုများ (၁)


အာပုံ


မုန့်ပြား



မုန့်ခွဲသိပ်


ကောက်ညှင်းအုန်းနို့ဆမ်း(ဒေါ်ရှပ်)


မုန့်ကျေးကျာ



Wednesday, October 27, 2021

Click4 Tanintharyi

Clickersတို့ရဲ့ အသိ၊မိတ်ဆွေ၊ မိသားစုဝင် တစ်ယောက်ယောက်များ ကိုဗစ်တတိယလှိုင်းမှာ ဆုံးပါး၊တိမ်းပါးခဲ့တာမျိုးရှိရင် we countမှာ ဆုံးရှုံးလိုက်ရသူများ၏စာရင်းကို ပေးသွင်းဖို့ နှိုးဆော်ပါတယ်။
#Thevoiceofspring



Click4 Tanintharyi

"ထားဝယ် မုန့်ဟင်းခါး"

မုန့်ဟင်းခါးကို မြန်မာပြည်သူ/သားတိုင်း စားကြ/ကြိုက်ကြပါတယ်။ ဒေသအလိုက် ချက်နည်းအမျိုးမျိုးနဲ့ ချက်လေ့ရှိပြီး ဒေသအမည်လေးတွေကိုအစွဲပြုပြီး မုန့်ဟင်းခါးကို အမည်တပ်ခေါ်လိမ့် ရှိပါတယ်။ထားဝယ်ဒေသမှာတော့ ချက်နည်းနဲ့ ဒေသနာမည်ကို အစွဲပြုပြီး ထားဝယ်မုန့်ဟင်းခါးလို့ ခေါ်ကြပါတယ်။
ထားဝယ်မုန့်ဟင်းခါးဟူသည် ထားဝယ်ရိုးရာ အစားအသောက် တစ်မျိုးပင် ဖြစ်ပါသည်။

ထားဝယ်မုန့်ဟင်းခါးမှာပါဝင်တဲ့ အဓိကအစိတ်အပိုင်းကတော့ ငှက်ပျောပင်ဖြစ်ပါတယ်။ငှက်ပျောပင်ရဲ့အကာနဲ့ချက်တာမျိုးမဟုတ်ပဲ ငှက်ပျောပင်ရဲ့အလယ်အူကိုအဝိုင်းလိုက်ပါးပါးလှီးပြီး ချက်တာဖြစ်ပါတယ်။စပါးလင်၊ ကြက်သွန်ဖြူ/နီ၊ ဂျင်း၊ ငရုတ်သီးမှုန့် စတဲ့အနှစ်တွေကို ဆီများများနဲ့ဆီမွှေးသတ်ရတာ​ကတော့ ထားဝယ်မုန့်ဟင်းခါးရဲ့ အသက်ပါ။ ဟင်းရည်အလေးအရသာအတွက်ကို ငါးပုပ်ခြောက်ပြုတ်ထောင်းကို ထည့်လေ့ရှိပြီး လတ်ဆတ်တဲ့ရိုးရိုးငါးကို ​ပြုတ် အရိုးနွှင်ပြီး ထည့်ရမှာကတော့ မပါမဖြစ်လုပ်ရမှာဖြစ်ပါတယ်။တခြားဒေသက မုန့်ဟင်းခါးတွေနဲ့ မတူတဲ့အချက်ကတော့ ထားဝယ်မုန့်ဟင်းခါးအရည်က သိပ်မသွက်ပဲ ပျစ်ပျစ်လေးနဲ့ အဆီများများ အနှစ်များများ ဖြစ်နေတာပါ။အနှစ်များများရဖို့ ကုလားပဲကို ပြုတ်ပြီး ထောင်းထည့်​ပြီး ချက်လေ့ရှိပါတယ်။

ထားဝယ်ဒေသရဲ့ နေရာအလိုက် ချက်နည်းလည်းကွဲပြားပါလိမ့်မယ်။ တချို့က တညင်ရွက် (ထားဝယ်အခေါ် လန်ဂေါ်ဝပ်)ကို ဆီသတ်ပြီး ပအုန်းရည် (ထားဝယ်အခေါ်- အုန်းရယ်)နဲ့ ကြက်သွန်နီ များများနဲ့ အရည်သွက်သွက် ချက်လေ့ရှိပါတယ်။

ထားဝယ်မုန့်ဟင်းခါးကိုတော့ ဆီထမင်း၊ ကြက်သွန်ကြော်၊ ပဲပြုတ်တို့နဲ့တွဲစားလေ့ရှိပါတယ်။

ဒေသန္တရ ဗဟုသုတ ရရန်နှင့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် သမိုင်းအမွေအနှစ်များကို ဖော်ထုတ်ရန် အလို့ဌာ တင်ပြခြင်းသာ ဖြစ်ပါသည်။ စာရေးဆရာ၊ သမိုင်းသုတေသီများ မဟုတ်သည့် လူငယ်လူရွယ်များမှ ဖော်ထုတ်ရေးသားခြင်းသာ ဖြစ်ပါ၍ အမှားအယွင်းများ ပါဝင်သွားခဲ့ပါက ထောက်ပြပြောဆိုပေးပါရန် ပန်ကြားအပ်ပါသည်။

C4T ၏ Digital Strike တွင် ပါဝင်ရင်း အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ဖို့လည်း နှိုးဆော်ပါရစေ ခင်ဗျာ/ရှင့်...



Photo Crd#


Monday, October 25, 2021

Click 4Tanintharyi

𝑷𝒂𝒓𝒊𝒋𝒂𝒕 𝒇𝒍𝒐𝒘𝒆𝒓𝒔 (𝒐𝒓) 𝑵𝒊𝒈𝒉𝒕 𝒇𝒍𝒐𝒘𝒆𝒓𝒊𝒏𝒈 𝒋𝒂𝒔𝒎𝒊𝒏𝒆 🧡

မြန်မာလို ဆိပ်ဖလူးပန်းလို့ ခေါ်ကြတဲ့ ဒီပန်းတွေကို မြင်ကြရင် ငယ်ဘဝကို ပြန်သတိရစေမယ်ထင်တယ်။
ဒီဆိပ်ဖလူးပန်းတွေဟာ သဘာဝပေါက်ပင်မဟုတ်ပဲ အလှစိုက်ကြတဲ့ ပန်းပင်မျိုးဖြစ်တယ်။ မူရင်းဒေသကတော့ India ကတဲ့။ India မှာ သူ့ကို Parijat flowers လို့ခေါ်ကြတယ်။ ဒီမှာတော့ အာရုဏ်ဦးပန်း၊ ရိုးနီပန်း စသဖြင့် ဒေသအလိုက် အမျိုးမျိုးခေါ်ကြပါတယ်။

အပင်ပုမျိုးဖြစ်ပြီး ဆယ်မီတာလောက်ထိ မြင့်တတ်တယ်။ သူ့မှာ ဆေးဖက်သိပ်ဝင်တဲ့ အရွက်တွေလည်းရှိသလို အဖြူရောင်ပွင့်ချပ်တွေနဲ့ အလယ်မှာ လိမ္မော်နီရောင်လေးသန်းနေတဲ့ သိပ်လှတဲ့ပန်းတစ်မျိုးဖြစ်ပါတယ်။ ဆိပ်ဖလူးပန်းရဲ့ ရနံ့က ပျားရည်နံ့လေးနဲ့ ပိုတူသလို ခံစားရတယ်။ အနံ့နည်းနည်းပြင်းတာမို့ တစ်ချို့ကတော့ မကြိုက်ကြဘူး..

သူ့ရဲ့ ပန်းပွင့်ချိန်က August to December ဆိုပေမယ့် အမြဲပွင့်နေတတ်တာများပါတယ်။ ဆောင်းဦးပိုင်းတွေမှာဆိုရင်တော့ ပုံမှန်ထက် ပိုပွင့်ကြတယ်။ ဒီပန်းတွေဟာ ညနေနေဝင်ချိန်ဆို စပြီးပွင့်တယ်..ပြီးရင် ညဦးလောက်ဆို ပတ်ဝန်းကျင်တစ်ခုလုံး အီနေအောင်ကိုမွှေးတာ။ ဒါပေမယ့် သူ့ရဲ့ပန်းစက်ဝန်းကသိပ်တိုတယ်..မနက်နေထွက်ချိန်ဆိုတာနဲ့ ပန်းတွေအကုန် မြေပေါ်ကြွေကျကုန်ရော..။ဒါကြောင့် Night Flowering Jasmine လို့ခေါ်ကြတာဖြစ်မယ်။

ဒီဆိပ်ဖလူးပန်းတွေရဲ့ ပန်းစကားက love and will never face any hardships တဲ့။ တစ်ယောက်ယောက်ကို လက်ဆောင်ပေးတဲ့အခါ ချစ်ခြင်းမေတ္တာကို ရည်ညွှန်းသလို ဘယ်လိုဆင်းရဲဒုက္ခမျိုးနဲ့မှ မကြုံရပါစေနဲ့လို့လည်း အဓိပ္ပါယ်ရတယ်။
မြန်မာအယူအဆနဲ့ဆိုရင်တော့ ဒီအပင်ဟာ ဆေးဖက်သိပ်ဝင်တယ်တဲ့။ အထူးသဖြင့် သူ့အရွက်တွေက နှလုံးအတွက်ကောင်းသလို ကြိတ်ပြီး ပျားရည်၊ ဆား စတာတွေနဲ့ ရောသောက်ရင် ချောင်းဆိုးတာ၊ ဝမ်းပျက်တာ၊ သန်ထတာတွေကို ပျောက်ကင်းစေတယ်တဲ့။ အပွင့်တွေကတော့ အဆစ်အမြစ်တွေအတွက် သိပ်ကောင်းတယ်လို့ လူကြီးတွေက ပြောကြပါတယ်။



#crd original post from facebook

Click 4 Tanintharyi

🎋ဝါးပလုပ် (သို့) ဝါးဂျယ်လီ
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

🎋မြိတ်/ထားဝယ် ဒေသရဲ့ အစားအစာ
ဝါးပလုပ် ဘယ်လိုဖြစ်လာလဲဆိုတာ ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ပါတယ်။

🎋ဝါးထဲက ရတဲ့ သဘာဝဂျယ်လီပါ
ရှားစောင်းလက်ပတ် လိုလို အချိုမပါတဲ့ ဂျယ်လီ ဆေးကုလားမ လိုအရသာမျိုးနဲ့ ပုံစံ တူပါတယ်

🎋မိုးဦးကျပြီ တစ်ပင်တိုင်ဝါး နဲ့ ဝါးပျောက် လို့ခေါ်တဲ့ ဝါးရုံတွေဆီ လူစုပြီး မျှစ်ချိုးရန်သွားကြပြီဆိုရင် မျှစ်ချိုးသူတွေ မတွေ့ဘဲ ကျန်နေခဲ့တဲ့ မျှစ်စို့ပေါက်လေးက အရွယ်မရောက်တရောက် မျှစ်လည်းမက ဝါးလိုလည်းအသုံးပြုလို့ မရသေးတဲ့ လသားဝါးလေးတွေ အရှည် လူတရပ်ကျော်ကျော်ကို ရှာရပါတယ်။ဒီဝါးကိုတွေ့ရင်မြေပြင်ကနေ ၂ဆစ်မြောက်၃ဆစ်မြောက်လောက်မှာ အဆစ်ရဲ့ အောက်နားကနေ ရေဝင်နိုင်ရုံ အပေါက် ဖြစ်အောင်ထစ်ပေးရပါတယ်။

🎋ကိုယ်နိုင်သလောက် တစ်ပင်မှာ၂/၃ဆစ် လောက်ဖောက်။နောက်တစ်ပင်ထပ်ဖောက်။ သိပ်များများ လောဘမကြီးနဲ့ မရဘူး။ ဘာ့ကြောင့်လဲဆို ဝါးပလုပ်ဖြစ်ရင် အပင်ခြေက နေယူရမှာဖြစ်တော့ မျှစ်ချိုးတုံးကတခါခုတ်ယူလိုက် ဝါးပလုပ် လုပ်တော့ နောက်တစ်ခါခုတ်ယူလိုက်နဲ့ဆို ဝါးမျိုးတုံး ကုန်မှာပေါ့။

🎋မိုးကျပြီး ဝါးပင်ဖြစ်လာတဲ့အချိန် ဝါးပင်ဘေးမှာ အက်ကွဲရုံ ဖောက်ထားပေးတဲ့အပေါက်လေးကနေမိုးရေစိမ့်ဝင်ပြီး တဖြည်းဖြည်းချင်း ဝါးပလုပ် ဖြစ်လာစေပါတယ်။ ၁၀ရက်လောက်ဆို တစ်ခါသွားကြည့် ။ အပေါက်ဖောက်ထားတဲ့ ဝါးအတွင်းထဲကို မိုးရေကဝင်ပြီး သဘာဝက ပေးတဲ့ဝါးပလုပ် ဆိုတာ ရပါပြီ ။ပင်ရင့်လာတဲ့အခါ ဝါးဆစ်လေးတွေ ထဲမှ ထုတ်ယူလို့ရပါပြီ။

🎋မိုးရွာမှုနဲ့ ရာသီဥတုပေါ် မူတည်ပြီး ၁၀ရက်။ဒါမှမဟုတ် ၁၅ရက်၂၀ရက်လောက်လဲ ကြာတတ်ပါတယ်။ရလာတဲ့ ဝါးပလုပ်တွေကို
ကိုယ်နှစ်သက်ရာ ဖျော်ရည်မှာ ထည့်သောက်နိုင်ပါတယ်။ဝါးအတွင်း အမှေးလေးတွေရဲ့
ရနံ့သင်းသင်းလေး ဖြစ်နေပြီး ဝါးရနံ့ မွှေးပါတယ်။

🎋ဝါးပလုပ်ရဲ့ ဆေးဖက်ဝင်မှုတွေကတော့
👉ရင်အေးတယ်
👉အသည်းအားပေးတယ်။
👉ကျောက်ကပ်အားပေးတယ်။
👉ဆီးချိုရှိတဲ့သူတွေ အချိုမထည့်ဘဲသောက်နိုင်ပါတယ်။

#Ctedit_မူရင်းရေးသားသူ✍👸
#ဝါးပလုပ်





Sunday, October 24, 2021

Click 4 Tanintharyi

🌺"ကြာပန်း" (Lotus and Water Lily)🌺

"ကြာ" လို့ပြောလိုက်ရင် မြန်မာမှာတင်သာမက အာရှနိုင်ငံအတော်များများမှာ မသိတဲ့သူရှားကြပါတယ်။ အပွင့်လှလှ ရနံ့သင်းသင်းနဲ့ မြင့်မြတ်တယ်လို့ ယူဆခြင်းခံရတဲ့ ပန်းပါ။မြန်မာလဖြစ်တဲ့သီ​တင်းကျွတ် လ ရဲ့ ရာသီပန်းပါ။

မြန်မာလိုသာ "ကြာ"လို့ ​ပေါင်းခေါ်နေပေမယ့် englishလိုဆိုရင် Lotus နဲ့ Water Lily နှစ်မျိုးကတော့ လူသိများပါတယ်။သူတို့နှစ်ခုက Nymphaea မျိုးစိတ်တူဆိုပေမယ့် အပွင့်ပွင့်ပုံ ၊အပင်ပုံသဏ္ဍာန်၊ အရွက်ပုံစံလေးတွေက မသိမသာလေးကွဲပါတယ်။ ဒါပေမယ့် Lotus(ပဒုမ္မာကြာ)က ဘာသာရေးဆိုင်ရာတွေ၊ ယဉ်ကျေးမှုတွေမှာ ပွဲပိုတင့်ပါတယ်။

မြန်မာလိုအတိအကျပြောပြရမယ်ဆို 
"ကြာဖြူ၊ကြာနီ၊ကြာညို၊ကြာဝါ ကြာခရမ်း"စသဖြင့်ခေါ်နေကြတာတွေက Water Lilyလို့ အများစုသတ်မှတ်လို့ရပါတယ်။ Lotus နဲ့ Water lilyမှာ အကြီးမားဆုံးကွဲလွဲချက်က အရွက်ပါပဲ။ ပြီးတော့ ကြာခွက်ပါ။ Lotus(ပဒုမ္မာကြာ) ရဲ့ အရွက်က ရေပြင်ကနေ အတော်မြင့်မြင့်အထိ ရောက်ပြီးထောင်ထွက်နေပေမယ့် Water lily(ကြာနီ၊ ကြာ၀ါ...) ရဲ့ အရွက်ကတော့ ရေပြင်ပေါ်မှာပေါလောပေါ်နေသလိုမျိုး ကပ်ပြီးပေါက်တာပါ။ မြင့်တောင် ရေပြင်ပေါ်ကို လက်မ နည်းနည်းလေးပဲထောင်ထွက်တာပါ။ ပဒုမ္မာကြာလောက် ကြာရိုးက မရှည်ပါဘူး။ ပြီးတော့ water lilyရဲ့ အရွက်ကနည်းနည်းထူပြီး ပဒုမ္မာကြာရွက်က သူ့ထက်ပါးတယ်လို့ဆိုကြပါတယ်။ နှစ်ရွက်လုံး ရေမတင်တာတော့တူပါတယ်။ ပဒုမ္မာကြာမှာဆို ကြာခွက်က ပန်းရဲ့အလယ်မှာရှိနေတတ်ပြီး water lilyအများစုမှာ မပါတာ တွေ့ရပါတယ်။
ဒါကတော့ ပဒုမ္မာကြာနဲ့ ရိုးရိုးကြာရဲ့ ကွဲလွဲချက်ပါ။

Lotusရဲ့ ပန်းအဓိပ္ပါယ်ကတော့ နည်းနည်းများတယ်ရှင့်။သန့်စင်ခြင်း၊ ပြန်လည်မွေးဖွားခြင်း၊ အခက်အခဲများကို အောင်မြင်ခြင်း၊ အလှတရား၊ သည်းခံခြင်း၊  Enlightmentတို့ ဖြစ်ပါတယ်။

 
Source : internet(Flowers page)
photo credit to original photo owners📷








Saturday, October 23, 2021

နေရာမှန်


လူငယ်လေးတစ်စု
ခေတ်တိုင်းမှာ သူတို့ရှိတယ် ။

ဆေးလိပ်ကြိုက်တယ်
ကဗျာကြိုက်တယ်
လက်ဖက်ရည်ကြိုက်တယ်
စာအုပ်ကြိုက်တယ်
ဂန္တဝင်ဂီတကြိုက်တယ်
နောက်ပြီး
နိုင်ငံရေးကြိုက်တယ် ။

လူတွေက သူတို့ကို အရူးလို့ထင်ကြတယ်။
ကျောက်တောင်ကို 
ကြက်ဥ နဲ့ပေါက်တဲ့အကောင်တွေတဲ့။

တချို့ကလည်း သူပုန်လောင်းလေးတွေတဲ့။
ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့။

ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး
လူကြောင်တွေတဲ့ 
ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့ ။

မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ် 
ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်
မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ် 
အချစ်ရေးတော့ကံခေကြတယ်ဗျ ။

အချိန်တန်တော့သူတို့တွေဟာ
သံတိုင်တွေ နောက်မှာ
တောတောင်လျှိုမြောင်တွေကြားမှာ 
ဘာဆုလာဒ်မှမရဘဲ
ပျောက်ဆုံးကုန်ကြတယ် ။

လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစ်စုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။

-မောင်ငြိမ်းချမ်း

#poetryoflife


Thursday, October 21, 2021

Blame Circle


🌻🌻🌻




ဗုဒ္ဓ လမ်းစဉ် မဟုတ်သည့် ဘုရားဖူးခြင်း ဓလေ့" ------------------------------------------------

"---------------
မြန်မာပြည်မှာ လူအတော်များများဟာ ဘုရားဖူးဆိုပြီး ခေါင်းစဥ်တပ် ဘုရားကိုခုတုံးလုပ် ဘုန်းကြီးကို ခုတုံးလုပ်ပြီး အခါကြီး ရက်ကြီးတွေမှာ စုပြုံပြီး ဘုရားလည် ထွက်ကြ၊ အပျော်ရှာလေ့ရှိကြပါတယ်။

အခါကြီးရက်ကြီးမှာ ဘုရားရင်ပြင်တော်ပေါ်အထိ တက်ပြီး ဝတ်ပြု၊ သီလယူ၊ ပန်း၊ ဆီမီးကပ်ပြီးမှ ကုသိုလ်ယူလို့ ရတာ မဟုတ်ပါဘူး။

ဗုဒ္ဓမြတ်စွာဘုရားရှင်က သူ၏တပည့်များကို ဘယ်ကိစ္စကိုမဆို အကြောင်းအကျိုး၊ အကောင်းအဆိုး ၊ အမှားအမှန် ၊ အကျိုး ရှိ မရှိ ဥာဏ်ပညာနှင့်နှိုင်းချိန်ကြည့်ကာ အကျိုးမရှိသည့် အမှားတရားများကို စွန့်ပယ်နိုင်ဖို့နှင့် အကျိုးရှိသည့် အမှန်တရားလမ်းစဥ်များကိုသာ လက်တွေ့လျှောက်လှမ်းနိုင်ဖို့ကို အမြဲသွန်သင်ညွှန်ကြားဆုံးမပေးလေ့ရှိပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဝက္ကလိမထေရ်ကို -

ယော ခေါ, ဝက္ကလိ...
ဓမ္မံ ပဿတိ သော မံ ပဿတိ၊
ယော မံ ပဿတိ သော ဓမ္မံ ပဿတိ။

ချစ်သားရဟန်း ဝက္ကလိ ...

ငါလိုအပုပ်ကောင် ခန္ဓာကိုယ်ကြီးကို ထိုင်ပြီးကြည်ညိုနေရုံ ပူဇော်နေရုံ ဖူးမြှော်နေရုံမျှနှင့် ဘာမှအကျိုးမရှိပါ။ 

တရားကိုသိအောင်လက်တွေ့ကျင့်သုံးလိုက်နာပါ။ တရားကိုကိုယ်တိုင်ကျင့် ကိုယ်တိုင်သိမြင်ခံစားနိုင်မှသာလျှင် ငါဘုရားကို မြင်မည်။

ငါဘုရားကို တကယ်ပူဇော်ရာ ဖူးမြင်ရာရောက်မည်လို့ အထင်အရှားဟောကြားထားခဲ့ခြင်းဖြစ်ပါတယ်။

အခုမြင်တွေ့နေရတာက ဘာသာရေးလို့ ပြောရအောင်လည်း ဗုဒ္ဓအဟောနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဗုဒ္ဓအားမပေးခဲ့တဲ့ လမ်းစဉ်ဖြစ်ပါတယ်။

ပြီးတော့ အခုလို ကိုယ့်တိုင်းပြည်ကြီးကို စစ်မိစ္ဆာကောင်တွေက ဖျက်ဆီးလို့ စီးပွားရေး၊ ကျန်းမာရေး ၊ပညာရေ၊း လူမှုရေး အစစအရာရာ ယိုယွင်းပျက်စီးနေတဲ့အချိန်မှာ ကိုယ့်နိုင်ငံကြီး စစ်မိစ္ဆာကောင်တွေရဲ့လက်အောက်ကနေ လွတ်မြောက်ဖို့ဆိုပြီး ကြိုးစားကြရင်း အသက်ပေးသွားကြရတဲ့ ရဟန်းရှင်လူပြည်သူတွေ မတရားဖမ်းဆီးထောင်ချခံ အနှိပ်စက်ခံနေကြရသူတွေ မိမိမိသားစုဘဝအသက်အိုးအိမ်စည်းစိမ်အရာရာစွန့်လွတ်ကာ အသက်ပေးတိုက်ပွဲဝင်နေကြသူတွေ ရဲ့ဘဝတွေကို လူမှန်ရင် စာနာနားလည်ဖို့ကောင်းပါတယ်။

လူမှန်ရင် လူအသိစိတ်ဓာတ် မဖြစ်မနေ ရှိကြရမှာဖြစ်ပါတယ်။

တနိုင်ငံလုံးက အသက်တွေ၊ မိသားစုတွေ၊ ဘဝတွေ စွန့်လွှတ်ကြ၊ အဖျက်ဆီးခံကြပြီး အားလုံးစစ်ကျွန်ဘဝက လွတ်မြောက်ဖို့ ရုန်းကန်တိုက်ပွဲဝင်နေကြတဲ့အချိန် အခါကြီး ဖြစ်တယ်။

နိုင်ငံ့ခေါင်းဆောင်တွေကို မတရားဖမ်းဆီးအကျဉ်းချ၊ အပြစ်မဲ့ပြည်သူ ထောင်နဲ့ချီ သတ်ဖြတ်ခံရပြီး တနိုင်ငံလုံးက တော်လှန်စစ်ဆင်နွှဲနေကြတာကို ကိုယ်နှင့်မဆိုင်သလို လစ်လျူရှုပြီး ဘုရားဖူးထွက်ကာ အပျော်ကျူးနေကြတာကတော့ တကယ့်ကိုမှ လူ့အသိတရားကင်းမဲ့လွန်းရာကျပါတယ်။

ဗုဒ္ဓ မဟောခဲ့တဲ့လမ်းစဥ်ဖြစ်တဲ့ ဘုရားဖူးဆိုတဲ့ခေါင်းစဥ်အောက်မှာ ကိုယ့်ရင်ထဲက တဏှာလောဘအလိုဆန္ဒကို ဥာဏ်ပညာနှင့်ဆင်ခြင်စဥ်းစားမပိုင်းခြားနိုင်ကြဘဲ တဏှာအလိုဆိုးက ခိုင်းသည့်အတိုင်း ပျော်ချင်ပါးချင် မော်ကြွားချင်ကြတာဟာ ရှက်ဖွယ်လိလိ ပါပဲ။

ရဟန်းတပါးအနေနဲ့လည်း ဘုရားရင်ပြင်တော်တွေပေါ် မှာ တိုးဝှေ့နေကြတဲ့သူတွေကို ဗုဒ္ဓဘာသာဝင်ကောင်းတွေ လို့ မမြင်ပေးနိုင်ပါဘူး။ သာဓုလည်း မခေါ်နိုင်ပါဘူး။

ဘာသာရေးအကြောင်းပြပြီး အများဒုက္ခရောက်နေချိန်မှာ မေတ္တာစိတ်ခေါင်းပါးစွာ လျစ်လျုရှုပြီး တကိုယ်ကောင်းဆန်ဆန် ပျော်ပျော်ပါးပါး ကြောင့်ကြမဲ့ ခရီးသွားနေကြတဲ့သူတွေဟာ ဗုဒ္ဓရဲ့ လမ်းစဉ်ကို ဆန့်ကျင်ဘက် လျှောက်နေကြသူများ ဖြစ်တယ်။

တော်လှန်ရေးတိုက်ပွဲဝင်နေကြသူများကို ကူညီရာမရောက်သည့်အပြင် နှောင့်ယှက်ဖျက်ဆီးနေကြတဲ့ လူ့အသိတရားကင်းပျောက်ပြီး တဏှာဘီလူးဝင်ပူး အရူးထနေကြခြင်းသာ ဖြစ်ပါကြောင်းကို အသိပေးရေးသားလိုက်ပါတယ်။

မင်းသုည ( ဗုဒ္ဓတက္ကသိုလ် )
#thevoiceofspring #article


🌻🌻🌻


ပုလေးplan


Wednesday, October 20, 2021

သီတင်းကျွတ် လပြည့်၊ အဘိဓမ္မာ အခါတော်နေ့

 သီတင်းကျွတ် လပြည့်​​‌နေ့သည် ထေရဝါဒ သာသနာတော်မြတ်၏ နေ့ထူးနေ့မြတ်ဖြစ်၏။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်ရှိ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ မွေးကျေးဇူးဆပ်သည့် အနေဖြင့် အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ဟောကြားတော်မူ၏။

ထို့ကြောင့် အဘိဓမ္မာခုနစ်ကျမ်း ပေါ်ပေါက်
လာခဲ့ရပေ၏။ ပဌာန်းဒေသနာတော်ကို လူ့ပြည်၌
ဟောကြားခဲ့ခြင်းမဟုတ်ပေ။ တာဝတိံသာ နတ်ပြည်၌ ဟောခဲ့​ခြင်းဖြစ်ပါပေသည်။ 

လူ့ပြည်၌ အဘယ့်​ကြောင့် ပေထက် အက္ခရာတင်နိုင်သနည်း။ တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သော အဘိဓမ္မာတရားများကို ပညာအရာရာတွင် ဧတဒဂ်ရသော ရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား မေးလျောက်သဖြင့် ဗုဒ္ဓမြတ်စွာဘုရားက အကျဉ်းမျှပြန်ဟောပြတော်မူလေသည်။ ရှင်သာရိပုတ္တရာက နည်းတစ်ထောင် ခြံရံ၍ /နည်းလမ်းတစ်ထောင် အကျယ်ချဲ့၍ သ်ိတော်မူ၏။

ထို့ကြောင့် ဆင့်ကဲအာဂုံဆောင် လက်ဆင့်ကမ်းရာမှ ပေထက်အက္ခရာတင်နိုင်ခြင်း ဖြစ်ပေတော့သည်။ မြတ်စွာဘုရားရှင်သည်  ဝါဆိုလပြည့်နေ့မှ
သီတင်းကျွတ်လပြည့်နေ့ထိ #တာဝတိံသာနတ်
ပြည်၌ အဘိဓမ္မာတရားဟောတော်မူ၏။

ထို​​ကြောင့် အဘိဓမ္မာတရားတော် အဆုံးသတ်သည့် သီတင်းကျွတ် လပြည့်နေ့ကို ( အဘိဓမ္မာအခါတော်နေ့) ဟုခေါ်ဆိုခြင်းဖြစ်၏။ ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် ယမကပါဋိဟာရိယဥာဏ်ဖြင့် ရေအစုံမီးအစုံ တန်ခိုးတော်ကို  ပြတော်မူ၏။#ယမိုက်ပြာဋိဟာတန်ခိုးတော် ဟုခေါ်တွင်လေသည်။

လက်ဝဲနားတော်မှ ရေ /လက််ယာနားတော်မှမီး 
လက်ဝဲမျက်လုံးတော်မှ မီး /လက်ယာမျက်လုံးတော်မှရေ စသည်အားဖြင့် ဒွါရတော်များမှ၎င်း ။ကိုယ်ခန္ဓာတော် အစိတ်အပိုင်းများမှ၎င်း၊  ရေ  မီး အစုံ တစ်လှည့်စီ ထွက်ပေါ်  ယိုစီးပြခြင်း ယမိုက်ပြာဋိဟာ တန်ခိုးတော်ဟုခေါ်ပါသည်။ ဤအရာများသည်မြတ်စွာဘုရားရှင်နှင့်သာ သက်ဆိုင်ပါသည်။ 
အခြားတန်ခိုးရှင်များနင့် မသက်ဆိုင်ပါ။ #ရှေးပွင့်တော်မူကုန်သော မြတ်စွာဘုရားရှင် တို့၏ ပြုမြဲဓမ္မတာဖြစ်သော​​​ကြောင့်သာ ယမိုက်ပြာဋိတန်ခိုးတော်ကို ပြခြင်းဖြစ်၏။ ဂုဏ်သတင်းကျော်ဇောဖို့
လာဘ်လာဘရဖို့ တန်ခိုးပြခြင်းမဟုတ်ပါ။

မြတ်စွာဘုရားသခင်သည်  ယမိုက်ပြာဋိဟာတန်ခိုးတော် ပြပြီးနောက်လူ့ပြည်ရှိ အိန္ဒိယ နိုင်ငံနေရာ သက်ဿနဂိုရ်ပြည်သို့ နတ်မင်း  ဗြဟ္မာမင်းဖန်ဆင်းပေးသော ပတ္တမြားစောင်းတန်းမှ ​​​​​​ကြွတော်မူ၏။လက်ယာဘက်ရွှေစောင်းတန်းမှ ဗြဟ္မာများက လိုက်ပါလာ၏။ လက်ဝဲဘက်ငွေစောင်းတန်းမှ နတ်မင်းများကလိုက်ပါလာ၏။

ပဉ္စသိက္ခနတ်သားက နတ်စောင်းကိုတီးလျက် / အချို့နတ်သားများက နတ်ခရုသင်းကိုမှုတ်လျက်/ ဗြဟ္မာတစ်ဦးက ကနက္ကဒါန် ထီးဖြူတော်ကိုမိုးလျက်ဆင်းသက်လိုက်ပါလာကြ၏။

 ဤ အချင်းအရာကို မြင်ရသောမြတ်စွာဘုရားရှင်၏ ထူးကဲသော အသရေတော်ကိုမြင်ရသော  လူ/နတ်ဗြဟ္မာများသည်ဘုရားဆုပန်ကြကုန်၏။
 ထို့ကြောင့် #သီတင်းကျွတ်  လပြည့်နေ့ကို  
 ဘုရားဆု ပန်သောနေ့ ဟုလညိး ခေါ်ကြ၏။
နောက်တမျိုးကတော့ -

သီ= ရဟန်း သံဃာတော်များသည် ပါတိမေက္သံသံ

ဝရသီလ = ဣန္ဒြိယသံဝရသီလ  (ဣန္ဒြေခြောက်ပါးတို့ကိုစောင့်စည်းမူ) 

အာဇီဝပါရိသုဒ္ဓိသီလ=(မသန့်ရှင်းသော အသက်မွေးမူကိုရှောင်ခြင်း)

ပစ္စယသန္နိဿိတသီလ ဆွမ်း  ကျောင်း ဆေး သက်န်း  ပစ္စည်းလေးပါးကို ဆင် ခြင် မှီဝဲခြင်း )

ဤ လေးပါးပေါင်းစု၍ စတုပါရိသုဒ္ဓိသီလဟုခေါ်၏။ အဆိုပါ သီလ လေးပါးအား မပေါက်ကြားအောင်  မပျောက်ကြားအောင် ဝါတွင်းသုံလ၌  တစ်ရက်ချင်းအားဖြင့် ပန်းကုန်းသဖွယ် သကုန်းထိန်းသိမ်းရ၏။

တင်း =သံဃာတော်များအနေဖြင့် စောင့်ထိန်းရမည့် သီလလေးပါးအား / အာပတ် ခုနစ်ပါးအား  တင်းရင်းရင်း ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရပေ၏။ သို့မှသာ ကထိန်ခင်းအပ်၏။

ကျွတ်=သံဃာတော်များအနေဖြင့် ဝါတွင်းသုံးလ
ပြည့်မှသာ အလိုရှိအပ်သော နေရာသို့ ပဝါရဏာပြု​ပြီးမှသာ ကျွတ်ကျွတ်လွတ်လွတ်ကြွသွားခွင့်ရှိ၏။ 

( ဝါတွင်းကာလ၌ ညခြောက်နာရီမှ  မနက်ခြောက်နာရီထိ ကျောင်းပြင်ပသို့ ထေကြီးဝါကြီးထံ ဝါပန်ပြီးမှကြွခွင့်ရှိ၏။ )

မြတ်စွာဘုရားသည်ပင်လျှင် တာဝတိံသာနတ်ပြည်၌ သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုပြီး မှသာ လူ့ပြည့်သို့ဆင်းသက်ကြွမြန်းတော်မူ၏။ ထိုနေ့ကို ပဝါရဏာပြုသောနေ့ ဟုလည်းခေါ်၏။ မြတ်စွာဘုရား လူ့ပြည်သို့ဆင်းသက်ကြွမြန်းသည့်နေ့တွင် လူ့ပြည်လူသားများက ဆီးမီးများထွန်းညှိ၍ ဆီးကြိုပူဇော်ကြ၏။

ထိုနေ့တွင် #မြတ်စွာဘုရားသခင်၏ လောက
ဝိဝရဏတန်ခိုးတော်ကြောင့် ငရဲပြည်  လူ့ပြည် နတ်ပြည်   ဗြဟ္မာ့ပြည်အား  စကြာဝဠာတစ်ခုလုံး
အား  တိုးလျိုပေါက်/ ထုတ်ချင်းပေါက်မြင်ရ၏။
လူ၊ နတ်​၊ ဗြဟ္မာ၊ ငရဲသား အားလုံးတို့သည်တစ်ဦး
ကို တစ်ဦး ထင်ထင်ရှားရှား မြင်ကြရ၏။

ထိုကြောင့် သီတင်းကျွတ် လပြည့်၊ အဘိဓမ္မာ အခါတော်နေ့သည့်ကား ဗုဒ္ဓဘာသာဝင် အပေါင်းတို့၏ 
အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ပင် ဖြစ်ပေတော့သည်။

#Crd_Photo
#C4T_Admin_Team




💪

လွတ်လပ်ချမ်းမြေ့
သီတင်းကျွတ်ညတွေအမြန်တွေ့ပါရစေ
မောင်စိန်ဝင်း (ပုတီးကုန်း)

တောင်တန်း ပြည်မ တစ်သားတည်းဆိုတာ ဒီလိုမျိုးလားဗျ

Parallel Universe!!

Click 4 Tanintharyi

Clickersလေးတွေက ဘယ်မှမသွားပဲ အိမ်မှာပဲနေပြီး Clickနေတယ်ဆိုတာ ယုံပါတယ်နော်☺😊

အောင်ပွဲရမှ ရဲဘော်တွေနဲ့အတူတူ ပျော်ကြမယ်နော်☺😊

Click4Tanintharyi

ထားဝယ်
နွေမှာ ကမ်းခြေ


မိုးမှာ ရေတံခွန်


ဆောင်းမှာ တောင်

Photo crd#



လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...