Thursday, March 10, 2022

ခက်ခဲတဲ့အခါ ပိုပြီးလက်တွဲရတယ် ။

လက်လည်း ဆေးတယ်
ဘယ်တော့မှလည်း လက်တွဲ မဖြုတ်တယ် ။

ဘယ်ကမ္ဘာမဆို နှလုံးသားအလိုအရပဲ
အရင်လို ကမ္ဘာကြီးကို ပြန်မလိုပါဘူး
အခုလို ကမ္ဘာထဲမှာကိုပဲ
တစ်ယောက်ကိုတစ်ယောက် လိုတယ် ။ ။

#စိုင်းဝင်းမြင့်

13 comments:

  1.  "ဗမာ့ဆိုက်ဘေးရီးယား"


    ဘယ်တုန်းကမှ

    ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး။

    ကိုယ့်အလံကိုယ်လွှင့်

    ကိုယ့်ရွက်ကိုယ်ဖွင့်

    ဆန်တက်ခဲ့ရတာချည်းပဲ။

    စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ

    ကမ္ဘာကိုဖျက်တယ်လို့

    အဲဒီကဗျာငါဖတ်ဖူးတယ်။

    မင်းလောင်းလည်းမမျှော်နဲ့

    ကယ်တင်ရှင်လည်းအားမကိုးနဲ့

    သူ့ဘဝနဲ့သူ

    ကိုယ့်ဘဝနဲ့ကိုယ်။

    ကျည်ဆန်မှာ

    နေရပ်လိပ်စာမပါဘူး။

    ဓားဆိုတာ

    မီးနဲ့ဆေးရတာ။

    တရားဆိုတာ

    ကိုယ်တိုင်ကျင့်ရတာ။

    လေ့ကျင့်ခန်းမှန်မှန်လုပ်ခဲ့ရင်တော့

    အမှားနည်းတာပေါ့။

    ဝမ်းနည်းစရာကောင်းတာက

    ကမ္ဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြောပြမယ့်

    ကဗျာဆရာတစ်ယောက်ကို

    ဆုံးရှုံးလိုက်ရတာပဲ။

    တစ်နေ့နေ့

    လက်ဝဲသုန္ဓရလို

    အလက်ဇန္ဒားလို 

    ဇန်နစ်ဇင်လို

    ဒီကောင်ပြန်မလာဘူးလို့

    ဘယ်သူပြောရဲသလဲ။


    ~ ကြည်ဇော်အေး

    ReplyDelete
  2. နောက်ကျသွားတယ်

    ReplyDelete
  3. "We will surely get to our destination if we join hands."

    (ငါတို့လက်‌တွေမြဲမြဲတွဲရင် ငါတို့ လိုရာခရီးကို ရောက်မှာ သေချာပါတယ်။)

    -Aung San Suu Kyi

    ReplyDelete
  4. တွဲလက်များမြဲခိုင်စေ

    ReplyDelete
  5. ဘယ်သူခွဲခွဲ သွေးမကွဲ​ကြေး

    ReplyDelete
  6. ခက်ခဲတဲ့အခါ ပိုပြီးလက်တွဲရတယ်:)

    ReplyDelete
  7. တွဲလက်တွေမဖြုတ်ကြေး🤝🏻

    ReplyDelete
  8. စကစ ထိပ်ပိုင်းအုပ်စု ကို မုန့်ဟင်းခါး ကျွေးနိုင်လျင် ပွဲ မြန်မြန်ပြီးပါမည်။

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...