Friday, December 31, 2021

Click4Tanintharyi

တန်ဖိုး

              လူတွေက 
          လွယ်လွယ်ရရင်
     တန်ဖိုးမထားချင်ကြဘူး

              အဲဒီထဲမှာ
        မေတ္တာနဲ့ စေတနာက 
         ထိပ်ဆုံးက ပါတယ်



#San Zuren

Click4Tanintharyi

"နွေဦး"


ဒီ နွေဦးမှာ
တချို့တွေ
မျက်နှာဖုံး ပြောင်းတပ်ကြတယ်....

ဒီ နွေဦးမှာ
တချို့တွေ 
မျက်နှာဖုံး ကွာကျကြတယ်....

ဒီ နွေဦးမှာ
တချို့တွေ
မျက်နှာဖုံးတွေ အများကြီး
နံရံတွေမှာ ချိတ်ဆွဲထားကြတယ်....

ဒီ နွေဦးမှာ
တချို့တွေ
ဘဝကို အရှိ အတိုင်း
နေဖို့ မကြိုးစားခဲ့ကြ....

ဒီ နွေဦးမှာ
တချို့တွေ
အချစ်ခံခဲ့ကြ....
တချို့တွေ
အမုန်းခံခဲ့ကြ....

ဒီ နွေဦး ရဲ့
အလှဟာ
မိုနေး ပန်းချီကားထဲက
ပန်းခင်းတစ်ခု ဖြစ်ခဲ့သလို....
ဒါဗင်ချီ ပန်းချီကားထဲကလို
နောက်ဆုံး ညစာ စားပွဲ တစ်ခု
ဖြစ်ခဲ့ကြရတယ်....


#San Zuren

Click4Tanintharyi

လူမဟုတ်သော လူ

ငါက လူတိုင်းနဲ့တည့်အောင်
ပေါင်းတယ်

လူမဟုတ်တဲ့ လူတွေနဲ့တော့
မတည့်ဘူးပေါ့😏


#San Zuren

Click4Tanintharyi

အချင်းချင်း စာနာကြစို့ခင်ဗျာ။ပျော်စရာရှိရင်တောင် သိသာသိစေ မမြင်စေနဲ့ဆိုတဲ့အတိုင်း သိုသိုသိပ်သိပ်ပျော်ကြပါခင်ဗျာ။

Click4Tanintharyi

😢😢😢Viewက 200ကျော်ပဲရတာမို့လို့ပါခင်ဗျာ။💪💪💪အမာခံclickersတို့ကိုလည်း အားနာပါတယ်။အတူတူကြိုးစားကြစို့ဦးခင်ဗျာ။

Click4Tanintharyi

လမ်း

လာရာ "လမ်း" မတူပေမဲ့
သွားတဲ့ "လမ်း"ချင်း တူတယ်

ငါတို့ဟာ ဒီအချိန်မှာ ဂရုစိုက်ခြင်းတွေနဲ့
အသက်ရှင်ရမယ် 

"အာဏာရှင်" ကိုလည်း တော်လှန်ပါ
"ကျန်းမာရေး" လည်း ဂရုစိုက်ကြပါ

ငါတို့ပေးနိုင်တာ
"‌နွေးထွေးမှု" နဲ့   "ချစ်ခြင်းမေတ္တာ" တွေပဲ

ချစ်ခြင်းမေတ္တာဆိုတာ "နွေးထွေးခြင်း"တစ်မျိုးပဲ...
ဂရုစိုက်ခြင်းတွေက တကယ်တန်ဖိုးရှိတယ်....


#San Zuren

Click4Tanintharyi







မိကြူမယောကျာ်း မအလက စာကြောက်ရောဂါ စွဲကပ်နေပါတယ်။ လူပြည့်မှာ ကြာကြာမနေရဖို့လည်း ဆုတောင်းပါတယ်။





Click4Tanintharyi

Goodmorningပါခင်ဗျာ။ ဒါကတော့ 2021ရဲ့ နောက်ဆုံးနှုတ်ခွန်းဆက်ခြင်းပါ။ 2021ရဲ့ နောက်ဆုံး နံနက်ခင်းပါခင်ဗျာ။အဆင်မပြေတဲ့နှစ်၊ ပျော်ရွှင်စရာမကောင်း​တဲ့နှစ်ဆိုပေမယ့် အတူတူ ဖြတ်ကျော်လာနိုင်ခဲ့ပါပြီ။ 💪💪💪။Clickersတို့ အားဖြည့်မှုနဲ့ လိုအပ်တဲ့နေရာ အနည်းအကျဥ်းကိုလည်း တဖြည်းဖြည်းလှူနိုင်ခဲ့ပြီ။ တိုင်းပြည်ချောက်ထဲကျနေချိန် အဖိုးတန်လုပ်ရပ်တွေနဲ့ထောက်ပို့တာဝန် ထမ်းဆောင်နေတဲ့ Clickersတို့ကိုလည်း ချီးကျူးဂုဏ်ပြုပါတယ်။အဆင်​မပြေတဲ့နှစ်ဟာ ဒီတစ်နှစ်နဲ့ပဲ ကုန်ဆုံးစေဖို့ ဆက်ကြိုးစားကြစို့ခင်ဗျာ။
ကိုယ်စိတ်နှစ်ဖြာအေးချမ်းစွာနဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ပါစေလို့ C4Tမှ Clickersတို့ကို မေတ္တာစာလွှာပါး ပါတယ်ခင်ဗျာ။



Thursday, December 30, 2021

Click4Tanintharyi

နောက်ဆုံး

ပြည်သူ‌တွေအားလုံး
လွတ်လပ်ပီး တရားမျှတ 
ဥပဒေစိုးမိုးတဲ့ နိုင်ငံနှင့် 
ထိုက်တန်တယ်

အာဏာသိမ်းတာ 
တို့လူငယ်တွေ လက်ထက်မှာ 
နောက်ဆုံးဖြစ်ရမယ်✊


#San Zuren

Click4Tanintharyi

သူ့ဘက်, ကိုယ့်ဘက်

တစ်ခုခုဆိုရင် ပြစ်တင်‌ပြောဆိုတာ မလုပ်သေးပဲ

သူ့စိတ် သူ့အတွေး သူ့ဆုံးဖြတ်ချက်ကို နားလည်အောင် ကြိုးစားရမယ်...

မှားနေရင် လိုအပ်နေရင် ဘယ်လိုနည်းလမ်းနဲ့ ပြုပြင် တည့်မတ် ဖြည့်စွက်ပေးရမလဲ ဆိုတာ စဉ်းစား...

သူတစ်ပါးရဲ့စိတ်ကို နားလည်နေရင် အလုပ်ကိစ္စကတစ်ဝက်အောင်မြင်ပြီ...

သူတစ်ပါး ဘာဖြစ်ချင်တယ် ဘာလိုအပ်တယ်ဆိုတာက သိမှ ကိုယ့်နောက်ပါလာအောင် စည်းရုံးလို့ရလာလိမ့်မယ်...


#San Zuren

Click4Tanintharyi

သွေးမအေးကြေး

တချို့တွေ သွေးမအေးဖို့
လူဘယ်နှယောက်လောက်များ
စတေးပြနေရအုံးမလဲ....
ကျဆုံးပြနေရအုံးမလဲ....

လောကကြီးရေ
အိမ်ထဲကနေပဲ လက်သုံးချောင်းထောင် ယုံ
အရေးတော်ပုံအောင်ပြီ အော်ယုံနဲ့
မနေကြပါနဲ့တော့
နိုင်ရာကနေပဲ ကူကြပါ လှူကြပါ
Click ပေးကြပါ...


#San Zuren

Click4Tanintharyi

လက်တွေ့

ကံ‌ကောင်းဖို့ကို ဖိုးလမင်း လိုချင်လို့မျှော်သလို ထိုင်စောင့်နေမှာလား...

ရလဒ်ကောင်းအောင် လူပီပီသသနဲ့ လက်တွေ့ ထလုပ်မှာလား... 

မင်းကိုယ်တိုင်မှာပဲ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရှိတယ်...

#San Zuren

Click4Tanintharyi

တွဲလက်များ


သူ့လက်ကို ငါကဆွဲမယ်

ငါ့လက်ကို မင်းကဆွဲပါ

မင်းလက်ကို အခြားသူဆီကမ်းပါ

တစ်ယောက်လက်ကို တစ်ယောက်က 

မြဲမြဲဆွဲ တွဲလက်တွေနဲ့

ခရီးဆက် ကြရအောင်


#San Zuren

Click4Tanintharyi

ပုံအောရမယ့်ပွဲ

ဖြတ်သန်းဖူးတဲ့သူတိုင်း သိကြတဲ့
စစ်အာဏာရှင်လက်အောက်က
တက္ကသိုလ်ထိ ပညာရေး ဟာ
လောက်လောက်လားလား မယ်မယ်ရရ
တန်းမဝင်တဲ့ အချိန်ကုန် ပညာရေးတစ်ခုသာ
တခြားနေရာတွေကော
ဘောင်ဝင် တန်းဝင်တာလား ဆိုတော့
Big No No ပါ...

ဒီလို အာဏာရှင်လက်အောက်က
ကာလတွေလို မဟုတ်ပဲ
ဒုက္ခမများ  လူ့ရပိုင်ခွင့်တွေရှင်သန်ဖို့
ဒီမိုကရေစီ အရေးကို
ဒီတခေါက် ပုံအောမှရမယ်...

ကစားဝိုင်းတစ်ခု လို
နိင်မယ်လို့ ယုံကြည်သေချာနေတဲ့အခါ
ပုံအောဖို့ စွန့်စားကြသလိုပေါ့...

လွတ်မြောက်နယ်မြေဆိုတဲ့နေရာမှာ 
အသက်တွေ ပုံအောထားသလို
မိသားစု ကို ပုံအောထားတယ်
အနာဂတ်ကို ပုံအောထားတယ်
ပျော်ရွှင်ခြင်းတွေ ပုံအောထားတယ်
ချစ်ခြင်းမေတ္တာတွေ ပုံအောထားတယ်...

မလွတ်မြောက်တဲ့ နေရာက
ကျနော်တို့ကော ဘာတွေ ပုံအောမလဲ
စိတ်တွေ ပုံအောနိုင်မလား
စည်းစိမ် ပုံအောနိုင်မလား
ကိုယ့်လိပ်ပြာကိုယ် ပုံအောနိုင်မလား

တတ်နိုင်ရင် တတ်နိုင်သလောက် ပုံအောကြပါ...


#San Zuren

Wednesday, December 29, 2021

Click4Tanintharyi

နောင်တကင်းစေဖို့

( ၁ ) ကိုယ်လုပ်နိုင်တာ အကောင်းဆုံး လုပ်ပေးလိုက်မယ်...

( ၂ ) ကိုယ်မလုပ်ပေးနိုင်တာအတွက် ငါမှ မတတ်နိုင်တဲ့ကိစ္စပဲလို့ နှလုံးသွင်းလိုက်မယ်...

( ၃ ) တတ်နိုင်သမျှ ကိုယ်ကျင့်တရား ကောင်းမွန်အောင်နေမယ်ဆိုရင် ကိုယ့်ဘဝက နောင်တရစရာ သိပ်မရှိတော့ပါဘူး...


#San Zuren

Click4Tanintharyi

မီးတောက်

ပိုးဖလံသည် မီးတောက်ထဲသို့ တိုးဝင်ချင်တဲ့စိတ်ကို မထိန်းချုပ်နိုင်လို့ ပျက်စီးရတယ်...

မတော်မတရားလိုချင်တာဟာ မီးတောက်နှင့်တူတယ်...

ငါလဲ ပိုးဖလံငယ်လို
မတော်မတရားလိုချင်စိတ်ကို 
မထိန်းချုပ်နိုင်လျှင် ပျက်စီးသွားနိုင်တယ်...

ထိုကဲ့သို့  ဆင်ခြင်စဉ်းစားပြီးမတော်မတရားလိုချင် တပ်မက်မှုကို စွန့်ပစ်နိုင်ရမယ်...


#San Zuren

Click4Tanintharyi

တာဝန်

တွန်းလှန်ဖျက်ဆီးဖို့
ခွန်အားမရှိရင်နေပါစေ...

မတရားမှုကို
မတရားကြောင်း ပြောရဲဖို့သတ္တိနဲ့
ခုခံတော်လှန်ရမယ့် တာဝန်ကိုတော့
ကျနော်တို့ ပျက်ကွက်လို့မရပါဘူး...


#San Zuren


Click4Tanintharyi

Goodmorningပါဗျို့😍။ Clickersအချောလေးများအဖွဲ့က clickရမယ့်အချိန်ရောက်ပါပြီခင်​ဗျ။ရုပ်ချောရင်းနဲ့ပဲ ကလစ်ရမယ့် အနေအထားပါ။ရုပ်ချောရင်းclickရတာ ပင်ပန်းပေမယ့် ဆက်clickရမှာမို့ အားတင်းထားပါ အချောလေးတို့😍





#photocredit

Click4Tanintharyi

စည်းလုံးခြင်းသည် အင်အား 


ငါတို့ အချင်းချင်း ချစ်ကြပြီး (ဖေးမ) ကြမှာကို သူတို့က ကြောက်ကြတယ်...

ဘာလို့လည်းဆိုတော့ တစ်ဦးနဲ့ တစ်ဦး ချစ်ခင် (ဖေးမ) ခြင်းကနေ သူတို့ မထိန်းချုပ်နိုင်တဲ့ ကမ္ဘာတစ်ခုကို ဖန်တီး နိုင်လို့ပါပဲ...

#San Zuren

Click4Tanintharyi

သမိုင်း

သမိုင်းတွေထဲက
စီးချင်းထိုးမှုတွေ
သေနတ် ယှဉ်ပစ်မှုတွေ… 

ဓားဓားခြင်း
တုတ်တုတ်ခြင်း
သေနတ် သေနတ်ခြင်း..

မျှတတဲ့ ပွဲ
မယုတ်မာကြတဲ့ ပွဲ... 

ငယ်ငယ်က
မိုက်ရူးရဲလို့
ငါ ထင်ခဲ့မိတဲ့အရာ...

အခုတော့ သတ္တိ နဲ့ မျှတခြင်း
သမိုင်း ဖတ်စာအုပ် ဖြစ်ခဲ့ပြီ....


#San Zuren


Tuesday, December 28, 2021

Click4Tanintharyi

‌အတ္တ

တစ်ချို့တွေက မျှော်လင့်ခြင်းအတွက် အစွမ်းကုန်ကြိုးစားနေကြတယ်
ဒါပေမယ့် တစ်ချို့တွေ + တစ်ချို့တွေကတော့  မဆိုင်သလိုနေရင်း နဲ့ပဲ အချိန်တွေ ကုန်နေတယ်


#San Zuren

Click4Tanintharyi


ဂရုမစိုက်ခြင်းများ

မနက်ဖြန်အသက်ရှင်ဖို့ ပိုခက်ခဲတဲ့
ဘဝမှာ
ဒုက္ခတွေ ဘယ်လိုလာလာ...

မမှုတော့တဲ့  လူသားတွေ
အများကြီး ရှိတယ်...

ပေးဆပ်တာခြင်း အတူတူကို
သူတို့က
အသက်တွေပါ ရင်းထားရတာ...

တိုက်ပွဲတိုင်းအောင်မြင်ပီး
ဘေးမသီရန်မခပဲ အနိုင်ရကြပါစေ...

#San Zuren

Click4Tanintharyi

"Black Shirt Campaign "

  ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေခဲ့ကြသောထားဝယ်ပြည်သူလူထုကို အကြမ်းဖက်ကာ လူသတ်လက်နက်ဖြင့်ဖြိုခွင်းခဲ့သည့်နေ့မှာ ဖေဖော်ဝါရီလ (၂၈) မှ လာမည့်  ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် (၁၀) လတင်းတင်းပြည့်ပြီဖြစ်သည်။ ထိုအကြမ်းဖက်ဖြိုခွင်းမှုတွင် အပြစ်မဲ့ထားဝယ်ပြည်သူ(၄)ဦးသည် စစ်ဘီလူးများ​၏ ကျည်ချက်များကြောင့် အသက်ပေးခဲ့ရပေသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှစ၍ ယခုအချိန်ထိ တစ်တိုင်းတစ်ပြည်လုံးရှိ တော်လှန်ရေးအင်အားစုအသီးသီးသည် ပြည်သူများနှင့်တစ်သားတည်းရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ်တော်လှန်နေကြဆဲဖြစ်သည်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်သွားသည့်တိုင် အမြစ်ဖြတ်မည့်ဤနွေဦးတော်လှန်ရေးတွင်  ပြည်သူလူထု​၏ပေးဆပ်မှုမှာ အင်မတန်မှများပြားခဲ့ရပါပြီ။ သို့သော် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် "ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်" ဟူသကဲ့သို့ မဆုတ်မနစ်ပဲ အဆုံးထိတော်လှန်သွားဖို့ရာ လိုအပ်ပေသည်။ 

  ထို့ကြောင့် ထားဝယ်မြို့တွင်ကျဆုံးသွားသော သူရဲကောင်း (၄)ဦးနှင့်အတူ တစ်နိုင်ငံလုံးရှိ ကျဆုံးသွားကြလေသော နွေဦးတော်လှန်ရေးသူရဲကောင်းများအား ဝမ်းနည်းဂုဏ်ပြုသောအားဖြင့် လာမည့် ဒီဇင်ဘာ (၂၈)ရက် ည (၇) နာရီအချိန်တွင်  ပြုလုပ်သွားမည့် Black Shirt Campaign (အင်္ကျီအမဲရောင်ဝတ်ဆင်ခြင်းကမ်ပိန်း)ကို Social media အပေါ်တွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။ 

Black Shirt Campaign 
နေ့ရက်- ဒီဇင်ဘာ (၂၈)ရက် 
အချိန်- ည ၇:၀၀ နာရီ 

#blackshirtcampaign
#donotforgetfeb28
#martyrsneverdie
#info
#DTUSU
#crd


Monday, December 27, 2021

Click4Tanintharyi



ငါတို့လွတ်မြောက်မှ သာဓုခေါ်မယ့်သူတွေနဲ့ ငါတို့ကြိုးစားမှ ပြန်လာရမယ့်သူတွေနဲ့ 
မသေအောင်နေပြီး ငါတို့လူတွေအတွက် ငါတို့ ရှင်သန်ရမယ်။ကြိုးစားရမယ်။

Click4Tanintharyi



လူမစုံတော့တဲ့ ထမင်းဝိုင်းတွေအတွက် ငါတို့သွေးကြွေးဆပ်ရမယ်။
မျှဝေခြင်းနဲ့ငါတို့ကမ္ဘာမှာ ပန်းတွေပွင့်စေရမယ်။


Click4Tanintharyi

ထပ်တူထပ်မျှ ကြေကွဲပူလောင်ရ💔









Sunday, December 26, 2021

Click4Tanintharyi

ညရောက်ရင် Goodnightပါ။ကောင်းသောည​ဖြစ်ပါစေ ဆိုပြီး Clickersတို့ကို စိတ်ပါလက်ပါနဲ့  နှုတ်ဆက်ချင်ပါတယ်။စိတ်ချမ်းသာရတဲ့နေရက်တွေတိုင်းကို ပိုင်ဆိုင်ဖို့ တောင်းဆုပြုသလို ပြည့်စေချင်ပါတယ်။

သန်မာချင်ယောင်ဆောင်နေရတဲ့ လူတွေချည်းပဲမလား။ဒုက္ခကိုယ်စီနဲ့။ မညည်းသာလို့သာ အသံတိတ်နေရသူတွေချည်းပါပဲ။ပင်ပန်းပေမယ့် အားတင်းပြီးအတူတူဖြတ်ကျော်ကြရအောင်ပါ။

အားနာသလို ကျေးဇူးလည်းအများကြီးတင်ပါတယ်။Clickersတို့အားနဲ့ နှမ်းတစေ့ ဆီတစ်ပေါက်အဖြစ် စ ပြီးအကျိုးပြုနေနိုင်ပြီ။ရှေ့ဆက်ပြီး အတူကြိုးစားထောက်ပံကြရအောင်ပါ။






 ျ

Click4Tanintharyi

အိမ် ထဲ မှာ နေ နေ သူ တ ချို့ က
" ဒါ ကြီး က ဘယ် တော့ ပြီး မှာ လဲ " တယ့်...

တ ချို့ က Cheers 
လုပ် ရင်း 
" အ ရင် လို ပြန် နေ ချင် နေ ပါ ပြီ " တယ့်...

"တော ထဲ က လူ ငယ် လေး တွေ  သ နား စ ရာ ကောင်း လိုက် တာ " 
ဆို ပြီး
စုတ် တ သတ် သတ် နဲ့ ပြော နေ ကြ တာ
ကမ်း ခြေ မှာ နေ ဝင် ချိန် ကြည့် ရင်း ...

က လော ၊ မေ မြို့ ဖက် ရောက် နေ သူ တ ချို့
Hoodie လေး ကိုယ် စီ နဲ့ ဓာတ် ဖမ်း ရင်း
"ဒီ ချိန် ဆို စစ် ဘေး ရှောင် တွေ 
ချမ်း နေ မှာ ပဲ နော် " 
တယ့် ...

ကောင်း ကင် က 
ဒီ ကောင်း ကင် ပဲ
မြေ ပြင် လည်း 
ဒီ မြေ ပြင် ပါ ပဲ
ဒါ ပေ မယ့် ..... 
ဘာလို့ များ
ရှူ ရှိုက် မိ တဲ့ လေ 
တွေ က
အ ရောင် တွေ ကွဲ နေ ရ တာ လဲ ...

#Dec22_2021
@TintNaungNaung


Click4Tanintharyi






Click4Tanintharyi

သရက်ချောင်းမှာ စစ်ကား ၄ စီးပါယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် နေအိမ်တစ်ဆောင်ကိုမီးရှို့ခဲ့ 

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၆ 

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က သရက်နှစ်ခွရွာအနီးမှာ မနေ့ညက စစ်ကား ၄ စီးပါယာဥ်တန်းမို့င်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဒီဇင်ဘာလ ၂၅ ရက်ည ၁၀ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

"ပထမဆုံး ရွာထိပ်လောက် ပေါက်ကွဲသံစကြားရတာပဲ။ ပြီးတာနဲ့ သေနတ်တွေ ၁နာရီလောက် ဆက်တိုက်ပစ်ခတ်သံကြားရတယ်။သေနတ်သံတွေကတော့ တစ်ဖက်တည်းပစ်ခတ်နေတဲ့အသံမျိုးပါပဲ။နောက်တော့ အိမ်တွေကိုအကြမ်းဖက်ဝင်ရောက်စစ်ဆေးတယ်။တချို့ရွာသားတွေရိုက်နှက်စစ်ဆေးခံရတယ်။နေအိမ်တစ်ဆောင်မီးရှို့ခံထားရပြီး တချို့အိမ်တွေလည်းရိုက်နှက်ဖျက်ဆီးခံထားရတယ်" လို့ ဒေသခံတစ်ဦးက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။ 

စစ်ကောင်စီဘက်က သေနတ်နဲ့ အတွဲလိုက်ပစ်ခတ်တာတွေရှိခဲ့ပြီး ရွာကနေပြန်ထွက်သွားချိန်မှာလည်း လမ်းတစ်လျှောက်ပစ်ခတ်ပြီးထွက်သွားခဲ့တယ်လို့သိရပါတယ်။ 

ဒီဇင်ဘာ ၂၅ ရက်ညမှာ သရက်ချောင်းမြို့နယ်က ထားဝယ်-မြိတ်ကားလမ်းမတစ်လျှောက် ကျေးရွာတချို့မှာ သေနတ်သံတွေဆက်တိုက်ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

ရေဖြူမြို့နယ်၊ ကံပေါက်ရွာမှာလည်း ည ၁၁ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်တွေ သေနတ်ပစ်ခတ်တာတွေရှိခဲ့ပြီး ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။ 

The Tanintharyi Times





Click4Tanintharyi












ဒါကြောင့်တော်ရုံပဲကောင်းတယ်











လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...