Thursday, September 30, 2021

A Weird Flower


ဒီတပတ်မှာတော့  ကမ္ဘာကြီးပေါ်မှာရှိတဲ့ ထူးဆန်းတဲ့ ပန်းတွေထဲကနေ ပန်းလေ(၁)မျိုးအကြောင်းကို ပြောပြပေးချင်ပါတယ်..ပန်းအမျိုးအစားအမျိုးမျိုးကိုတော့ စာဖတ်သူတို့ ရင်းနှီးကြမှာပါ..စံပယ်,သစ်ခွ,နှင်းဆီ စသဖြင့် ပန်းအမျိုးအစားအုပ်စုတွေက သူတို့ကိုယ်ပိုင်အုပ်စုလေးတွေနဲ့ အမျိုးအစား အမျိုးမျိုး သဏ္ဍာန်အမျိုးမျိုးနဲ့ ကမ္ဘာကြီးပေါ်မှာ လှလှပပ ဖူးကြပွင့်ကြ ပါတယ်.. 
အခုဖော်ပြမယ့် ပန်းလေးကတော့ သစ်ခွအနွယ်ဝင်ပန်းလေး တစ်မျိုးပဲဖြစ်ပါ
"Monkey Face Flower" or "Monkey Orchid"
   မျောက်သစ်ခွ ဒါမှမဟုတ် မျောက်မျက်နှာပန်း လေးရဲ့ သိပ္ပံအမည်က "Dracula simia"လို့ခေါ်ပါတယ်.ပန်းရဲ့ ပွင့်ဖတ်နဲ့ ဝတ်မှုန်ထုတ်တဲ့ အင်္ဂါရဲ့ အချိုးကျပေါင်းစပ်ထားပုံလေးက တကယ်ကို မျောက်ရဲ့မျက်နှာသဏ္ဍာန်ဖြစ်နေပြီးတော့ Monkey Face flowerလို့အမည်တွင်တာလည်းဖြစ်ပါတယ်.
ဒီပန်းဟာ ရာသီမရွေးပွင့်တဲ့ပန်းအမျိုးအစား ဖြစ်ပြီး သူ့ရဲ့ပန်းအနံ့က မှည့်နေတဲ့လိမ္မော်သီးအနံ့  လိုမျိုး အနံ့ဖြစ်ပါတယ်.ဒီ Monkey Orchid လေးပွင့်ဖို့ဆို အေးပြီးမှောင်တဲ့ ပတ်ဝန်းကျင်အနေအထားလေးဖြစ်ဖို့လို့ပါတယ်.စိုစွတ်တဲ့ရာသီဥတုကို ကြိုက်ပါတယ်.သူ့ရဲ့အ​ေရာင်​တွေက​တော့  အနီ၊ခရမ်း၊ပန်း​​ေရာင်၊ အ​ပြာရောင်၊ လိ​မ္မော်ရောင်၊ အဖြူရောင်၊ အစိမ်းနဲ့ အညို​ရောင် စသ​ဖြင့် အ​ေရာင်​တွေ​အများ​ကြီး ရှိပါတယ်။
Monkey Orchidလေးရဲ့ အစေ့ကတော့ ဖုန်မှုန့်အရွယ် တော်တော်လေးကိုသေးငယ်တဲ့အရွယ်အစား​ဖြစ် ပါတယ်ရှင့်။Monkey Orchidလေးတွေကို ပီရူး၊ကိုလံဘီယာအနောက်ပိုင်းနဲ့ အီကွေဒါရဲ့အရှေ့တောင်ဖြစ်တဲ့ တောင်တွေပေါ်မှာ ပေါက်လေ့ရှိ့ပါတယ်.Orchidအနွယ်ဝင် ဒီပန်းလေးက popularဖြစ်ပေမယ့် သူ့ရဲ့ထူးဆန်းတဲ့ ပုံသဏ္ဍာန်ကြောင့် လူကြိုက်များတဲ့ သစ်ခွအမျိုးအစားမဟုတ်ပါဘူးတဲ့ရှင်...ပန်းပွင့်တွေဟာ ငှက်ပုံတွေ သတ္တဝါပုံံတွေ အစသ​ဖြင့် ပုံံသဏ္ဍာန်အမျိုးမျိုးရှိပေမယ့် ဒီလို ထူးထူးဆန်းဆန်းမျောက်မျက်နှာသဏ္ဍာန်ရှိတဲ့ပန်းလေးကိုတော့ ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်ရှင့်
Photo&Source from wiki
#Credit from wiki

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...