Wednesday, March 9, 2022



*ငါတို့ တကယ်ပျော်ခဲ့ကြတာ ဘယ်အချိန်က နောက်ဆုံးလဲ*

မိစ္ဆာနှင်သူများရဲ့ လည်ပင်းမှာ သွားပေါက်ရာ ကိုတွေ့တော့ ဘယ်သူမှ မအံ့ဩခဲ့ကြဘူး။

နောက်ဖေးလမ်းကြားထဲကနေ အလံတော်ကိုင်ပြီးထွက်လာတဲ့အခါ လက်သည်း မဆိတ်ဘဲ လက်ထိပ်နာ ကြရတယ်။

အာဏာ လုကြတဲ့ အချိန်တွေမှာတောင်
လက်ဖျံရိုးနှစ်ချောင်း ကြက်ခြေခတ်ထားတဲ့ 
အရိုးခေါင်းကို maskတပ်ထားရသေးတာပဲ

အဖေက သားသတ်သမားဖစ်လို့ဆိုပြီး သူ့သားရဲ့ ကျောင်းအကျီအဖြူကို အနီရောင်ဆိုးသွားကြတဲ့သူတွေ တကယ်ရှိခဲ့တယ်။

ရဲဘော်ရေ
ငါတို့ရဲ့ ကြက်ပေါင်ဖိနပ်‌ထဲမှာ မြွေတစ်ကောင်လာခွေနေတာကို ငါတို့ တကယ်သိခဲ့ကြပါတယ်။

အဲဒီလိုနဲ့
ဘယ်လောက် မိုက်ရဲသလဲလို့ အော်ပြောရင်း ရင်ပြင်ဆီကို သွေးထွက်နေတဲ့ခြေ‌ဗလာ နဲ့ ငါတို့ ချီတက်လာခဲ့ကြတယ်။

တစ်ချို့တွေကျ အချစ်ဇာတ်လမ်း ဆုံးသွားသည့်တိုင်အောင် ခင်တို့လမ်းရှေ့မရောက်ခဲ့ ရသူတွေပေါ့။

ပြောရင် ယုံကြမလား။
အပြာရောင်လမ်းလျှောက်သူများမတိုင်ခင်က
ရုံးခန်းထဲမှာ အ၀တ်မဲ့ပင်ပေါင်ရိုက်ပွဲ ဆိုတာတကယ်ရှိခဲ့တယ်။

ဒဏ်ရာ လို့ပြောရင် ငါတို့ရိုက်ရင်း ကွဲသွားခဲ့တဲ့  အလံတော်အောက်က ပင်ပေါင်ဘောလုံးတွေပဲ ။

လူအုပ်ကြီးရဲ့ကြွေးကြော်သံတွေထဲကို
စုပ်ခွက်ပါတဲ့ ရေဘဝဲလက်တံတွေ ထိုးသွင်းထားတာ အရှင်းသားမြင်နေရတယ်။

စကားလုံးတွေထက်ပိုတဲ့ စကားတစ်ခွန်းက 
ငါတို့ရင်ဘတ်ကို လက်သီးဆုပ်နဲ့ ထုထုပြခဲ့ကြတာပဲ။

လမ်း‌မထက်ကို ချီတက်ရင်း ကျသွားတဲ့ ရဲဘော်လက်ထဲက တပ်ဦးအလံကို အသက်ရှိသေးတဲ့ ရဲဘော်တစ်ယောက်က လက်လွှဲယူလိုက်တယ်။

တကယ်တော့ ငါတို့သိခဲ့တဲ့
ဥပဒေဆိုတာ လက်နက်ကြီးတစ်ခု ပဲ။
အဆက်မပြတ် ပစ်ခတ်နေကြတယ်။

အဲဒီလိုနဲ့ 
နောက်ထပ်တစ်ယောက်
နောက်ထပ်တစ်ယောက် 
နောက်ထပ်တစ်ယောက်...

ရဲဘော်ရေ .... ရဲဘော်တို့ရေ...
ငါတို့ တကယ် ပျော်ခဲ့ကြတာ ဘယ်အချိန်က နောက်ဆုံးလဲ ။

- ဆစ်နိုင်
# ငါသိတဲ့ကဗျာဆိုတာဒီလိုမျိုးကွ 
Ctto

26 comments:

  1. မတရားမှုကို အဆုံးသတ်မပစ်ဘဲ
    အလိုက်သင့် ​နေထိုင်ရင်းနဲ့
    ပါးစပ်က​နေ ​ပြော​နေရုံဆိုရင်
    ကိုယ်တိုင် မတရားမှုမှာ ပါဝင်​နေတဲ့သ​ဘောပါပဲ။
    သူတို့ကို ဆန့်ကျင်တဲ့သူဟာ
    သမိုင်းဖြစ်လာတာပါပဲ။
       
                                     RAATCHASI
                               (အိန္ဒိယရုပ်ရှင် 2019)       

    ReplyDelete
  2. မတရားမှုမှန်သမျှ ဆန့်ကျင်ကြမယ်

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. Replies
    1. ပိုကူ ပိုလှူ ပိုရုန်းကြစို့✊

      Delete
  5. ဘယ်တုန်းကပျော်ခဲ့လည်း

    ReplyDelete
  6. တကယ်ပျော်ရတာငြိမ်းချမ်းမှုမဆိတ်သုဥ်းခင်လေးမှာဘဲချုပ်ငြိမ်းသွားတယ်

    ReplyDelete
  7. တလရ အောင်မြင်ရမယိ

    ReplyDelete
  8. တလရကြီး အမြန်အောင်မှ ဖြစ်မယ် ဘယ်သူ့ကိုမှ အဆုံရှုံးမခံနိုင်ဘူး

    ReplyDelete
  9. ဆုံးရူံးခဲ့သမျှတွက် ပြန်ပေးဆပ်ရလိမ့်မရ်

    ReplyDelete
  10. မြန်မြန်​အောင်မြင်မူရပါ​စေ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...