Tuesday, March 22, 2022



ကျမျက်ရည် 

အိုင်းရစ်ပန်းလေးတွေ ပွင့်လုရောပေါ့လို့ 
နိုးထမိတဲ့ ဖေဖေါ်ဝါရီရဲ့ အဦးဆုံးနံနက်ခင်းမှာ
မြို့ရဲ့မြူတွေကြားက သံချပ်ကားတွေ
ခေါင်းထိုးထွက်လာတာကို တွေ့လိုက်ရတယ် ။

နောက်တော့ အမှောင်ရယ် ၊ ငရဲရယ်  ၊
အား .......  လို့ မဆုံးတော့မယ့်အသံနဲ့
အာခေါင်ခြစ်အော်နေတဲ့ ဦးခေါင်းပွင့်မျိုးဆက်ရယ် ။

အချစ်ရေ တိမ်တွေက သေနတ်ဒင်နဲ့တူလိုက်တာ
မင်းကြောက်လား ။
မကြောက်ဘူး၊ ရွံတာလို့ဖြေ ၊
ကိုယ်မင်းကို ပန်းလေးပန်ပေးချင်သေးတယ်
ဒါပေမယ့် ဝမ်းနည်းစရာပဲ ဒီတိုင်းပြည်ဟာ ဘာပန်းမှပွင့်တော့မှာမဟုတ်ဘူး ။

မင်းရဲ့မျက်ရစ်ကလေးတွေ မို့နေပါလား
ငိုကြွေးထားသလားကွယ် ၊
အတွင်းရော အပြင်ရော ငိုနေတယ်လို့ဖြေ ၊
ငိုပါ ချုံးပွဲချပြီး ငိုပါလေ
ဒီအချိန် ရယ် နေတဲ့ မိန်းမတွေထက် 
ငိုနေတဲ့မိန်းမတွေကပိုလှတယ်လို့ထင်တယ်
မင်းမျက်ဝန်းတွေက သိပ်လှတော့
ကျမျက်ရည်ကလည်း သိပ်ကိုလှမှာပေါ့ ။

ကိုယ်တို့အမိမြေ
ချစ်စရာလေးနော်
သေနည်းရောင်စုံနဲ့လေ ။

မင်းဘာအရောင်နဲ့သေချင်လဲ
အနီရောင်နဲ့သေချင်တယ်လို့ဖြေ၊
ကိုယ်လည်း Crimson ဘက်ယိမ်းတဲ့အနီရောင်နဲ့သေမယ် 

ကိုယ်တို့ရက်သိပ်မကွာဘဲသေကြမယ်
အရမ်းအေးတဲ့နိုင်ငံတွေမှာ ပြန်မွေးဖွားကြမယ် 
တက္ကသိုလ်အတူတက်ကြမယ်
သမိုင်းစာအုပ်အတူဖတ်ကြမယ်
မြန်မာနိုင်ငံအကြောင်းဖတ်မိတဲ့အခါ
" ဒီနိုင်ငံကြားဖူးသလိုလိုပဲ ..."
ဆိုတဲ့ မျက်မှောင်ကြုံတာမျိုးဖြစ်သွားလိမ့်မယ် ။

ကိုယ်တို့နောင်ဘဝရောက်နေပြီလေ။
အရင်ဘဝက အကြောင်းတွေ ပြန်မသိတော့ဘူးလေ ။
အရင်ဘဝအကြောင်း မှတ်မိနေဦးမယ်ဆိုရင်
နောင်ဘဝဆိုတာကလည်း ဘာအဓိပ္ပါယ်ရှိမှာလဲနော့် ။

ကိုယ်တို့ သားမွှေးမဟုတ်တဲ့ အနွေးထည်တွေဝတ်မယ်
တောင်ယဉ်စွန်းတန်းက တာရာတွေကို ကြည့်မယ်
မင်းကို သွေးအားကောင်းအောင် ဂရုစိုက်မယ် 
နှစ်သစ်ကူးနီးရင် ကိုယ်တိုင်လုပ်ထားတဲ့ ဝိုင်တွေသောက်မယ် ။

ကိုယ်တို့နောင်ဘဝမှာ တကယ်ပျော်ရွှင်နိုင်လောက်တယ်
ဒါပေမယ့် ထူးဆန်းတဲ့ ပြဿနာတစ်ခုတော့ ရှိချင်ရှိနိုင်တယ် ။
အဲ့ဒါကတော့ နှစ်စဉ် နှစ်တိုင်း
ဖေဖေါ်ဝါရီလရဲ့ အစောဆုံးနံနက်ခင်းတိုင်းမှာ ကိုယ်တို့နိုးနေသည်ဖြစ်စေ
အိပ်မောကျနေသေးသည် ဖြစ်စေ
ကိုယ်တို့မျက်လုံးထောင့်စွန်းတွေက 
ဘယ်လိုမှ ရပ်တန့်လို့ရအောင်
မျက်ရည်တွေ တသွင်သွင်စီးကျနေလေ့ရှိတဲ့အကြောင်းပေါ့ ။

-သူဝေး

17 comments:

  1. The kingdom, which had worked hard for five years, was torn apart.........

    Our future heroes, who have a very beautiful future, are gone..........

    Leaders who are very good to the country are behind the prison wall...........

    Within a year, international investment confidence, which had been struggling for more than 60 years, had disappeared............

    That is our Country(Myanmar)

    ............♥Htet.............

    ReplyDelete
  2. ဘယ်တော့မှမေ့မရတဲ့😭ဖေဖော်ဝါရီ😭


    ReplyDelete
  3. ဘယ်​တော့မှမ​မေ့ဘူး

    ReplyDelete
  4. feb 28ဘယ်တော့မှမမေ့

    ReplyDelete
  5. "ကိုယ်တို့အမိမြေ
    ချစ်စရာလေးနော်
    သေနည်းရောင်စုံနဲ့လေ..." 😢😢

    ReplyDelete
  6. 2021 feb 1 ရက်​နေ.က​တော.ဘယ်​တော.​မှမေ.မှာမဟုတ်၊ တို.တိုင်းပြည်ကံဆိုးမိုး​မှောင်ကြ​တဲ.​နေ.😔😔😔

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...