Tuesday, November 30, 2021

Click4Tanintharyi

ပါဝင်တော်လှန် ပြည်သူ့CDM





#credit


Click4Tanintharyi

😪😪



#photocredit

Click4Tanintharyi

Goodmorning to you all!😘
☺နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလ ရောက်ခဲ့ပါပြီ။Decemberလ ရဲ့ 1st Dayကနေစပြီးကြံစည်သမျှကိစ္စအဝဝအောင်မြင်ကြပါစေ။ဒီမိုကရေစီ ကြီးလည်း အမြန် ရ ရပါစေ။😘
တစ်နေ့တာရဲ့ ကိစ္စအဝဝကို စိတ်ချမ်းသာစွာဆောင်ရွက်နိုင်ပါစေခင်ဗျာ။
Clickလေးတွေကိုလည်း ဝုန်းပေးသွားပါဦးခင်ဗျ။






#photocredit

Click4Tanintharyi


တချို့က
ကြက်သားဟင်းကို ကြွားနေကြတယ်။
တချို့က
ဖက်များခင်းလို့ စားနေရတယ်။

တချို့က
စျေးတက်လို့ မုန်းနေကြတယ်။
တချို့က
ကလေးလက်ဆွဲလို့ ပုန်းနေရတယ်။

တချို့က
ရည်းစားနဲ့ အချစ်တွေပွါးနေကြတယ်။
တချို့က
မငြီးတွားဘဲ မျှစ်တွေစားနေရတယ်။

တချို့က
အမျိုးနဲ့အဆွေနဲ့ လွမ်းနေကြတယ်။
တချို့က
မိုးထဲရေထဲ လှမ်းနေရတယ်။

တချို့က
အိပ်ယာခင်းပြီး မိုက်နေကြတယ်။
တချို့က
သိက္ခာရင်းပြီး တိုက်နေရတယ်။

ကြိတ်ခါရှင်းလို့ မရတဲ့အချိန်မို့
ဘာဖြစ်ဖြစ်ငါ့လိပ်ပြာတော့လုံပါရစေ။ 

#အကြည်တော်

Click4Tanintharyi

တနင်္သာရီတိုင်းက စစ်ဘေးရှောင်များ 

တနင်္သာရီတိုင်းမ်၊ နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ငါးထောင်ကျော် အိုးပစ်အိမ်ပစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

အထူးသဖြင့် ပုလောမြို့နယ်၊ သရက်ချောင်းမြို့နယ်နဲ့ ရေဖြူမြို့နယ်က ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ 

စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ဘေးရှောင်စခန်းတွေ၊ 
ဘေးလွတ်ရာအနီးအနားကျေးရွာတွေ၊ နီးစပ်ရာ ဥယျာဥ်ခြံတွေ၊ တောထဲတောင်ထဲတွေအထိထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဆေးဝါးရိက္ခာ ပြတ်လတ်မှုတွေ၊ ဆက်သွယ်ရေးဖြတ်တောက်ခံရမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ 

စစ်ဘေးရှောင်ပြည်သူတွေထဲက နေရပ်ကိုပြန်နေကြပေမယ့် တချို့ကတော့ လက်ရှိအချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ 

တနင်္သာရီတိုင်းအတွင်း က စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပုံရိပ်တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

The Tanintharyi Times

ဓာတ်ပုံ - CJ

#creditTheTanintharyiTimes





















Click4Tanintharyi

"တရားခံ စံပယ်ပင်
စီရင်ချက် မချခင်
ဘာပြောချင်သလဲ"

"တရားသူကြီး ရှင့်
ရှိခြင်းရှိရင်
ပွင့်သမျှ ဖြူစင်ခဲ့ခြင်း အပြစ်သာ
ကျမမှာ ရှိပါလိမ့်မယ်"

#မင်းကိုနိုင်



#credit

Monday, November 29, 2021

Click4Tanintharyi

"သဗ္ဗေသတ္တာ ဒင်းတို့မပါ"






ကာတွန်း - ပိုးဟပ်ဖြူ
#thevoiceofspring #cartoon
#credit

Click4Tanintharyi


#သမိုင်းစာမျက်နှာကဒဏ်ရာများ

(၁)
သမိုင်း မျက်နှာစာမှာ
ရှက်စရာ အထုပ်အပိုးတွေနဲ့
ကုပ်ကျိုးအောင် ထမ်းခဲ့ရ။ 

ဘယ်လမ်းက လျှောက်
ဘယ် တံခါးပေါက်ကို ဝင်ပြီး
ဘယ်ပလ္လင် ဘယ်လိုဆောက်ရပါ့
စိတ် ချောက်ချားနေခဲ့ပြီ။

(၂)
အမှန်တရား အမှန်တရားနဲ့
အသံသာ ကြားနေရ
ဘယ်နားကမှန်း ငါမသိ။ 

တုံးပိတဲ့ ဖား
မြှူံးမိတဲ့ ငါးပမာ
ရုန်းကြည့်တဲ့ အားလည်း
နုံးချိလို့ သွားရော့ထင့်
တရားတွေ ပျောက်
အမှားတွေ ဖောက်သနဲ့
ကျားကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီး ကျားထက်ဆိုးသည့်နှယ်
အမျိုးမျိုး ကြုံ
အဆိုးမျိုး စုံခဲ့ပြီ။ 

မနုဿဘုံပေမို့
ဒုက္ခ စုံလေရော့သလားကွယ်ရို့။

(၃)
တစ်ယောက်နဲ့ အများ
တစ်ယောက်က ဓားနဲ့မို့
အများက အရာမဝင်တာ
အာဏာရှင် စနစ်ပဲ။
ဒီအာဏာရှင် စနစ်ဆိုးကို
ငါတို့ မရှိခိုးနိုင်။

လက်နက် တကားကား
ရက်စက်သလားမမေးနဲ့
တို့သွေးများ ချောင်းစီးလို့
မြောင်းကြီး မြောင်းငယ်ဖောက်ကြတယ်။

ကောက်ကျစ်ယုတ်မာတဲ့ နှလုံးယုတ်ကို
ထုံးသုတ်လို့ ဖြူမတဲ့လား။

(၄)
လိမ်လုံး ညာလုံးတွေကို
ငါ အင်မတန် မုန်းမိတယ်
ငါ အရှုံးမပေးနိုင်။

စစ်အာဏာရှင် သေနတ်ကို ကြောက်လို့
ငါ တို့ လက်မြှောက်ရရင်
ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီး
တို့နိုင်ငံ အသက်သေလိမ့်မယ်။

ကမ္ဘာမြေပေါ်က ကွယ်ပျောက်ပြီး
တို့တတွေ ငရဲရောက်လိမ့်မယ်။ 

အရူး ငပေါက်တွေကို
ဒူး မထောက်ကြနဲ့ဟေ့။
ခွပ်ဒေါင်းအလံ ကိုင်စွဲပြီး
ရဲရဲကြီး ရှေ့တက်ရင်
သင်း တို့တတွေ သွေးပျက်မယ်
တစ်လက်မမျှ နောက်မဆုတ်ကြနှင့်
အဓမ္မသမား လူရမ်းကားတွေကို
လားလားမျှ လက်မမြှောက်နဲ့။

(၅)
လက်နက်နဲ့ လူသား
လူသားက လက်နက်ကို အရှုံးပွဲနဲ့
ဗုန်းဗုန်းလဲရရင်
သမိုင်း စာမျက်နှာမှာ
အရိုင်းဒဏ်ရာတွေ ပါရော့မယ်။

အမှန်ဟာ အင်အား
အချိုဟာ ဘယ်တော့မှမခါး
အမှန်ဟာ ဘယ်တော့မှမမှား
တရားသည်သာ ဓား
ကိုယ့်အားကို ကိုယ်ယုံကြည်
ဒီမိုကရေစီ တံခါးကိုဖွင့်ရင်း
တရားနှင့် စောင့်နေမယ်။

                          တင်မိုး
                   ၂၆ - ၁၂ -၁၉၈၈

Sunday, November 28, 2021

Click4Tanintharyi

ကိုဇင်လင်းဦးမတရားအဖမ်းဆီးခံရ
""""""""""""""""""""""""""'""""""""""""""""""""""""""""""""
◾ထားဝယ်တက္ကသိုလ် ၊ သင်္ချာဌာန ၊ ပထမနှစ်ကျောင်းသား ကိုဇင်လင်းဦး (၂၇.၁၁.၂၀၂၁) ညနေ ပိုင်းတွင် အဖမ်းဆီးခံရကြောင်းသိရှိရပါသည်။

◾ကိုဇင်လင်းဦး နှင့် သူငယ်ချင်းလေးဦးကိုပါ
ဖက်ဆစ်တပ်မှ ထားဝယ်မြို့၊ ညောင်ရမ်းတောင် ရပ်ကွက်နေအိမ်တွင် ဖမ်းဆီးသွားကြောင်းသိရှိရပါသည်။

#သတင်းနှင့်ပြန်ကြားရေး 
#ထားဝယ်တက္ကသိုလ်ကျာင်းသားများသမဂ္ဂ

Click4Tanintharyi

၁၀၁ နှစ်ပြည့် ပထမကျောင်းသားသပိတ် (ဝါ) အမျိုးသားနေ့

၁၃၈၃ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်

ဗြိတိသျှနယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက်ခဲ့သော ပထမကျောင်းသားသပိတ်သည် ယနေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (နိုဝင်ဘာ ၂၈ ရက်နေ့) တွင် ၁၀၁ နှစ်ပြည့်လေပြီ။ ပထမကျောင်းသားသပိတ်သည် ရန်ကုန်တက္ကသိုလ်နှင့်အတူ ပေါ်ပေါက်လာသည်ဖြစ်ရာ မြကျွန်းညိုညိုအမိတက္ကသိုလ်သည်လည်း လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ၁၀၁ နှစ်ပြည့်မည်ဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် အမျိုးသားနေ့ဟု သတ်မှတ်ခဲ့သော ပထမကျောင်းသားသပိတ်သည် ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်း၏ အစကနဦးပင်တည်း။ 
 
၁၈၇၉ ခုနှစ်တွင် ရန်ကုန်ကောလိပ်၊ ၁၈၉၄ ခုနှစ်တွင် ယုဒသန်ကောလိပ်ကို လက်ရှိရန်ကုန်တက္ကသိုလ် နေရာတွင် အင်္ဂလိပ်အစိုးရက ဖွင့်လှစ်ခဲ့ပြီး ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ကောလိပ်များ အဖြစ်ထားခဲ့သည်။ ၁၉၁၈ ခုနှစ်ထိ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟူ၍ မရှိသေးဘဲ ပြည်သူတရပ်လုံးက ရန်ကုန်တွင် တက္ကသိုလ်ဖွင့်ပေးရန် အထပ်ထပ်တောင်းဆိုသောအခါမှ အင်္ဂလိပ်လူမျိုး ပညာမင်းကြီး မက်ဟန့်တားကို ဥက္ကဋ္ဌနေရာထားကာ အဖွဲ့ဝင် ၃၀ ခန့်ပါသော ဥပဒေပြုကောင်စီကို ဖွဲ့စည်းပြီး တက္ကသိုလ်အက်ဥပဒေကို ရေးဆွဲရန်အင်္ဂလိပ်အစိုးရက ပြင်လေသည်။ ကောင်စီတွင် မြန်မာ ၆ ဦးသာပါပြီး တိုင်းရင်းသားများက ရွေးကောက်တင်မြောက်ထားသော ဥပဒေပြုအမတ်များနှင့်ရေးဆွဲရန်၊ ဥပဒေပြု လွှတ်တော်ဖွဲ့စည်းပြီးသည်အထိ ဆိုင်းငံ့ထားရန် ပြည်သူအများက တောင်းဆိုခဲ့ကြသော်လည်း အင်္ဂလိပ်အစိုးရက တဇွတ်ထိုးရေးဆွဲခဲ့သည်။ 

အဆိုပါကောင်စီကရေးဆွဲသော တက္ကသိုလ်အက်ဥပဒေသည် ကန့်သတ်ချုပ်ချယ်မှုများစွာ ပါဝင်နေသည်။ ဥပမာအားဖြင့် “ဗမာပြည်တွင် တက္ကသိုလ်တခုသာ ရှိရမည်။ တက္ကသိုလ်၏ လက်အောက်တွင်လည်း ကောလိပ်ကျောင်းတကျောင်းသာရှိရမည်။ ကောလိပ်ကျောင်းတွင် ပညာသင်ကြားလိုသူများသည် ကျောင်းအိပ်ကျောင်းစားသာ ဖြစ်ရမည်။ တက္ကသိုလ်ဝင်စာပေးပွဲမထားရှိတော့ဘဲ အစိုးရက ပြုလုပ်သော ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းစာမေးပွဲအောင်ရမည်။ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာတစ်ခုခုတွင် ထူးချွန်စွာတတ်မြောက်မှ တက္ကသိုလ်ဝင်ခွင့်ရမည်။  ဂုဏ်ထူးနှင့် ဝိဇ္ဇာတန်းဘွဲ့တန်းတွင် တကြိမ်တည်း မအောင်မြင်ပါက နောက်နောင်ဖြေဆိုခွင့်မပြု” စသဖြင့် အမျိုးမျိုး ဖိနှိပ်ထားသော အချက်များပါဝင်နေသည်။ တနည်းအားဖြင့်ဆိုသော် အင်္ဂလိပ်အစိုးရက ပြဌာန်းသော တက္ကသိုလ်အက် ဥပဒေသည် ရန်ကုန်တက္ကသိုလ်အတွက်ဟုဆိုသော်လည်း ဗမာပြည်ရောက် မျက်နှာဖြူများနှင့်၎င်းတို့၏ အလိုတော်ရိများအတွက်သာ ရည်ရွယ်ပြီး တိုင်းသူပြည်သားများအား နိုင်ထက်စီးနင်းပြုသော အက်ဥပဒေ ဖြစ်သည်။ 

ကျောင်းသားများကန့်ကွက်နေလျက်နှင့်ပင် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အဆိုပါ အက်ဥပဒေကို အတည်ပြုကြောင်းကြေညာခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများက တိုင်ပင်ဆွေးနွေးပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင်သပိတ်မှောက်ရန် စီစဉ်ကြသည်။ သို့သော် အင်္ဂလိပ်အစိုးရဘက်က အစီအစဉ်ကို ရိပ်မိသွားသောကြောင့် ၇ ရက်နေ့ထိမစောင့်ဆိုင်းတော့ဘဲ ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် ဝါ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသားများသည် ၎င်းဥပဒေနှင့် ၎င်းဥပဒေအရဖွင့်လှစ်မည့် တက္ကသိုလ်ကို စတင်သပိတ်မှောက်လိုက်ကြသည်။ ဤသည်မှာ နယ်ချဲ့အစိုးရကို ပေါ်ပေါ်ထင်ထင် တော်လှန်ခဲ့သော ပထမဆုံးကျောင်းသားသပိတ် ဖြစ်လေသည်။

ထိုသပိတ်သည် တနိုင်ငံလုံးရှိကျောင်းများသို့ ကူးစက်ပျံ့နှံ့သွားသည်။ ယူနီဗာစီတီအက်ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုကြသော်လည်း မရရှိခဲ့ပေ။ ၁၉၂၀ ခု၊ ဒီဇင်ဘာလ၊ (၂၉) ရက်နေ့ ဂျီစီဘီအေအသင်းချုပ်ကြီးအစည်းအဝေးတွင် ဗမာနိုင်ငံအရပ်ရပ်၌ အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်၊ ရန်ကုန်မြို့၌ အမျိုးသားတက္ကသိုလ်ကျောင်းကြီးတကျောင်းတည်ထောင်ဖွင့်လှစ်ရန်၊ အသင်းချုပ်ကြီးနှင့် ဆက်သွယ်ထားသော အသင်းခွဲများက တည်ထောင်ထားသော စာသင်ကျောင်းများကိုလည်း အမျိုးသားကျောင်းများအဖြစ် ပြောင်းလဲရန်၊ အမျိုးသားကျောင်းများ စုပေါင်းအုပ်ချုပ်ရန် လိုအပ်သော စီစဉ်ညွှန်ကြားချက် စသည်တို့ကို ပြုလုပ်နိုင်ရန် အမျိုးသားပညာရေးအဖွဲ့ ဖွဲ့စည်းရန် စသည်တို့ကို ဆုံးဖြတ်ခဲ့သည်။ သို့ဖြင့် အမျိုးသားကျောင်းများပေါ်ပေါက်လာခဲ့သည်။ ဂျီစီဘီအေနမဝအကြိမ်မြောက် ကွန်ဖရင့်ကြီးက ကောလိပ်ကျောင်းသားများစတင်သပိတ်သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်လိုက်သည်။

ပထမကျောင်းသားသပိတ်သည် ကျောင်းသားနိုင်ငံရေးစတင် သန္ဓေတည်ခဲ့သည့်လှုပ်ရှားမှုဆိုလည်း မမှားချေ။ပထမကျောင်းသားသပိတ်ပြီးနောက် ကျောင်းသားလှုပ်ရှားမှုများသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုအသွင်ကို ဆောင်လာသည်။ ဖက်ဆစ်ဝင်လာသောအခါတွင်လည်း ကျောင်းသားများသည် ဖက်ဆစ်တိုက်ဖျက်ရေးအလံအောက်သို့ဝင်ကာ လက်နက်ကိုင်တော်လှန်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးခေတ် ဖဆပလအစိုးရလက်ထက်တွင်လည်း မတရားမှုများကို ဆက်လက်ဆန့်ကျင်ခဲ့ကြသည်။ ၁၉၆၂ ဗိုလ်နေဝင်းစစ်အာဏာသိမ်းသောအခါတွင်လည်း ကျောင်းသားများက ဆန့်ကျင်ဆန္ဒပြသောကြောင့် ကျောင်းသားပေါင်းရာကျော်ကျဆုံးခဲ့ရသည့် ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ဖြစ်ပွားခဲ့သည်။ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၀ ရန်ကုန်တက္ကသိုလ်ရွှေရတုသဘင်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ရွှေတိဂုံအထွေထွေသပိတ်၊ ချင်းကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ဆလိုင်းတင်မောင်ဦးအဖမ်းခံရသည့် ၁၉၇၆ ခု မှိုင်းရာပြည့်အရေးအခင်း၊ ၁၉၇၇ ခုနှစ်လေးလုံး ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှု စသည့်ကျောင်းသားလှုပ်ရှားမှုများ ဆက်တိုက်ပေါ်ပေါက်ခဲ့သည်။ ထိုကျောင်းသားလှုပ်ရှားမှုများသည် စစ်အာဏာရှင်စနစ်၏ ရက်စက်ယုတ်မာမှုများကို ဆန့်ကျင်သည့် ကျောင်းသားလှုပ်ရှားမှုများဖြစ်ပေသည်။ ၁၉၈၈ မတ်လတွင် ဖုန်းမော်အရေးအခင်း၊ တံတားနီအရေးအခင်း (ဝါ) အင်းလျားကန်ဘောင်အရေးအခင်းတို့ ပေါ်ပေါက်ခဲ့သည်။ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးတွင် ကျောင်းသားများသည် တတပ်တအားပါဝင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်။ ၉၀ ရွေးကောက်ပျက်ပြီး နဝတ၊ နအဖ လက်ထက်တွင် ကျောင်းသားအများအပြားသည် လက်နက်စွဲကိုင်၍ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်ခဲ့ကြသည်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ကျောင်းသားများပါဝင်ခဲ့ကြသည်။ ၂၀၁၄-၁၅ တွင် အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဆန့်ကျင်ကန့်ကွက်သည့် ဒီမိုကရေစီပညာရေးသပိတ်ပေါ်ပေါက်ခဲ့သည်။ 

ယခုစစ်အာဏာရှင်တော်လှန်ရေးကာလတွင်လည်း ကျွန်ုပ်တို့ကျောင်းသားများသည် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပေမည်။ နောင်တော်ကျောင်းသားကြီးများ လက်ဆင့်ကမ်းခဲ့သော သမိုင်းတာဝန်ကို ဆက်လက်ထမ်းရွက်ကြရမည်။ တော်လှန်ရေးမီးပွှား ဆက်လက်တောက်လောင်နေစေရန် စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းများကိုသပိတ်မှောက်ရပေမည်။ တော်လှန်ရေးအရှိန်အဟုန်ကို ရရာနည်းဖြင့် မြှင့်တင်ကြရပေမည်။ ကျောင်းသားရဲဘော်အပေါင်းတို့… ငါတို့၏ လက်ရုံးဖြင့် နှောင်ကြိုးများကို ချိုးဖျက်ပါအံ့။ ငါတို့၏ သွေးစည်းညီညွတ်မှုဖြင့် ဖက်ဆစ်စစ်ဘီလူးတွေကို အပြီးတိုင် မောင်းထုတ်ပါအံ့။ 

#UYSU #Universityofyangon #Whatshappeninginmyanmar #ပထမ #ကျောင်းသားသပိတ် #အမျိုးသားနေ့



Click4Tanintharyi

မအလရဲ့ standard armyက အုတ်၊သဲ၊ကျောက် ရောင်းနေပါပြီ။



#thevoiceofspring

Saturday, November 27, 2021

Click4Tanintharyi


နေ့မြင်ညဖျောက်ခံရတဲ့ သူရဲ​ကောင်းတို့ဝိဥာဥ်

—People's Spring

ဗိုလ်တထောင် မြို့နယ် ၅၄ လမ်းထဲ မောင်းဝင်လာတဲ့  စစ်ကား ၃ စီး ဟာ အထပ်မြင့်တိုက်တစ်လုံးရှေ့မှာ ရပ်လိုက်ပြီး ၇ လွှာမှာနေတဲ့ကိုဘုန်းမြင့်အောင်တို့  သားအဖ ၂ ဦးကို ဆွဲခေါ်ချသွားပါတယ်။

ဒီမြင်ကွင်းဟာ လမ်းထဲနေသူတွေ   ကိုဘုန်းမြင့်အောင်ကို  နောက်ဆုံးမြင်တွေ့လိုက်ရတာပါ ပဲ။

နောက်တစ်ရက်မှာတော့ ကိုဘုန်းမြင့်အောင်ရဲ့နာရေးဆိုင်းဘုတ်ကိုသာ တိုက်ရှေ့မှာ တွေ့ရပါတော့တယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုဘုန်းမြင့်အောင်တို့ သားအဖကို ဖမ်းသွားပြီး  ညပိုင်းမှာ  အဖေကိုပြန်လွှတ်ပေးပေမယ့်  နောက်နေ့မှာ ကိုဘုန်းမြင့်အောင်  ဆုံးသွားပြီဆိုတဲ့သတင်း မိသားစုထံရောက်လာခဲ့တာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်  တက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုဘုန်းမြင့်အောင်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ စစ်ကြောရေးမှာကျဆုံးသွားခဲ့ရတာပါ။

ကိုဘုန်းမြင့်အောင်လို စစ်ကြောရေးမှာ  ကျဆုံးသွားသူဦးရေဟာ  အာဏာသိမ်းတဲ့ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာလ ၂၃ ရက်အထိ  ၁၆၁ ဦးထိရှိနေပါတယ်။  

ဒီစာရင်းဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း က လက်လှမ်းမီသလောက်ပြုစုထားတာပါ။

လက်ရှိ နိုဝင်ဘာလထဲမှာတင်  စစ်ကြောရေးမှာ ကျဆုံးသူဟာ ၁၀ ဦးထိရှိနေပြီး အဲထဲမှာ CDM ကျောင်းဆရာတွေ၊ လိုချင်တဲ့သူမရလို့ ဓားစာခံအဖြစ် ဖမ်းခံရသူတွေ၊ လူငယ်လူရွယ်တွေပါ ပါတယ်။  

စစ်ကြောရေးကို မကျော်ဖြတ်နိုင်ဘဲသေဆုံးရတာတွေဟာ  လူမဆန်အောင်ရက်စက်ကြမ်းကြုတ်နှိပ်စက်မှုဒဏ်ကြောင့်ပဲလို့ စစ်ကြောရေးကိုဖြတ်သန်းလာခဲ့သူတိုင်းက အတိအလင်းပြောကြပါတယ်။

ဒါကြောင့်လည်း စစ်ကြောရေးဟာ ငရဲခန်းလိုပဲလို့ သတ်မှတ်ကြတာပါ။

အဲဒီငရဲခန်းကိုဖြတ်သန်းခဲ့ရသူတွေထဲ  သီတင်းကျွတ်ကာလက  ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အင်းစိန်ထောင်က ပြန်လွတ်လာတဲ့ အသက် ၂၀ အရွယ် ကိုဟိန်း(အမည်လွှဲ)လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ကိုဟိန်းဟာ ဧပြီလအတွင်းရန်ကုန်မှာ ဖမ်းခံခဲ့ရတာပါ။

အဖမ်းခံရတဲ့ညက စစ်ခံရချိန်မှာ  ကိုဟိန်းကို   ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်ခိုင်းထားပြီး  နံဘေးဘက်တွေကို  ဘောလုံးတစ်လုံးလို ဝိုင်းကန်ကြသလို  ဦးခေါင်းကိုလည်း စစ်ဖိနပ်နဲ့ မကြာခဏ စောင့်နင်းခံခဲ့ရပါတယ်။

"ခေါင်းကိုစောင့်နင်းချလိုက်တာ မျက်ခုံးကွဲတယ်  နှာရိုးကျိုးသွားတယ်" လို့ကိုဟိန်းကပြောပါတယ်။

စစ်ကြောရေး ကိုဖြတ်သန်းလာသူတွေရဲ့ပြောပြချက်တွေအရ  ညှင်းပန်းနှိပ်စက်သူတွေဟာအရက်သေစာသောက်စားထားကြတယ်လို့ ဆိုပါတယ်။

ကိုဟိန်းကလည်း သူ့ကိုရိုက်နှက်သူ့ဆီကနေ အရက်နံ့ရတယ်လို့ ပြောပါတယ်။

ဒီအချက်ကို  ဖမ်းဆီးခံရပြီးလွတ်မြောက်လာတဲ့ မြိတ်မြို့ က DVB သတင်းထောက် ကိုအောင်ကျော်ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားချက်မှာလည်းတွေ့ရပါတယ်။

သတင်းထောက် ကိုအောင်ကျော်ဟာ မတ်လတုန်းက ဖမ်းခံရတာဖြစ်ပါတယ်။ သူ့ကို ဖမ်းခေါ်သွားတဲ့ တပ်ထဲမှာ နှိပ်စက်မှုကို ဦးဆောင်သူက ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပြီး အရက်အလွန့်အကျွံ့မူးနေတာကိုသတိထားမိခဲ့တယ်လို့ ကိုအောင်ကျော်က ရေးထားပါတယ်။

အဲဒီသူက   ခေါင်းကို ကြွပ်ကြွပ်အိတ်စွပ်ပြီး အသက်ရှုမရအောင် နှိပ်စက်ခဲ့တယ်လို့ ကိုအောင်ကျော်က ခါးသီးတဲ့အတွေ့အကြုံကို ပြန်မျှဝေထားပါတယ်။ 

ရိုက်နှက်၊ ညှင်းပန်းတာတွေအပြင် သေနတ်နဲ့ နားထင်ထောက်ပြီး စစ်ဆေးတာမျိုးလည်းရှိပါသေးတယ်။

ဒါကို   အင်းစိန်ထောင်က လွတ်မြောက်သွားတဲ့ ဂျပန်သတင်းထောက် ယူကီခီတာဇုမိက ဂျပန်ကိုပြန်ရောက်ချိန်မှာ မီဒီယာကိုဖွင့်ချခဲ့တာပါ။

အင်းစိန်ထောင်မှာ ယူကီခိတာဇုမိကို သတင်းထောက်မှန်းသိသွားသူတွေက စစ်ကြောရေးရဲ့ ရက်စက်ပုံတွေ ကမ္ဘာကသိအောင် လုပ်ပေးဖို့ လာပြောကြတာရှိပါတယ်။ 

"တစ်ယောက်ဆိုရင် မင်းသေနတ်ယူမလား ဓားယူမလားမေးခိုင်းတယ်  သေနတ်ကိုရွေးတဲ့အခါ သေနတ်နဲ့ နားထင်ကိုထောက်ပြီး မေးတယ်" လို့ ဂျပန်သတင်းထောက်က ထောင်ထဲမှာ ကြုံခဲ့ရသူတစ်ဦးရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

လိုချင်တဲ့အဖြေမရမချင်း နာရီပေါင်းများစွာ   နှိပ်စက်ညှင်းပန်းစစ်ဆေးတာကိုခံခဲ့ရသူတွေရှိတယ်လို့ သိရပါတယ်။

ဒီလို ညှင်းပန်းမှုတွေကြောင့် သေသွားတဲ့အခါမှာလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ လက်ချက် ကြောင့်မဟုတ်ဘဲ ရောဂါအခံကြောင့်လို့အကြောင်းပြချက်ပေးတာမျိုးလည်းရှိပါတယ်။

သပိတ်ကျင်း၊  မြင်သာကျေးရွာက အသက် ၄၀ အရွယ်  CDM ကျောင်းဆရာ  ဦးဇော်မြင့်အောင် ဟာ  ဖမ်းခံရပြီး နာရီပိုင်းအတွင်း စစ်ကြောရေးမှာ ကျဆုံးချိန်က နှလုံးရပ်ပြီး ဆုံးသွားတာလို့ အကြောင်းကြားလာပါတယ်။

ဒီအကြောင်းပြချက်ကို ဒေသခံတွေက အယုံအကြည်မရှိကြပါဘူး။

" ဖမ်းသွားတုန်းက အကောင်းကြီးပဲ" လို့   ဒေသခံ  ရွာသားတစ်ဦးက ပြောပြပါတယ်။  

စစ်ကြောရေးမှာ  ကျဆုံးသွားသူတွေကို သဂြိုဟ်ရာမှာလည်း မိသားစု ကိုတောင် အနီးကပ်ကြည့်ရှုခွင့်မပေးတာတွေရှိပါတယ်။

အထင်အရှားဆုံးဆိုရင်  ကိုဘုန်းမြင့်အောင်ရဲ့ နာရေးကို  ရေဝေးမှာ ပြုလုပ်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ   လာရောက်ကြီးကြပ်ပြီး  အလောင်းကို မီးသဂြိုဟ်စက်ထဲ ခပ်မြန်မြန် ထည့်ဖို့လုပ်ခဲ့တာတွေ့ရပါတယ်။

 CDM ကျောင်းဆရာ ဦးဇော်မြင့်အောင်ရဲ့ နာရေး ဆိုလည်း အလောင်းကို ဇာတိရွာပြန်သယ်ခွင့်မပေးသလို  သဂြိုဟ်ခွင့်ပြုတဲ့နေရာမှာ  အလောင်းကိုခပ်လှမ်းလှမ်းကသာကြည့်ခွင့်ပေးတယ်လို့  နာရေးသွားခဲ့သူဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ စစ်ကြောရေးမှာ သေဆုံးသူတွေကို ရင်ခွဲစစ်ဆေးတာဖြစ်လို့ ဘာကြောင့်သေဆုံးရလဲဆိုတာကို အချိန်မရွေးကြည့်ရှုနိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဖူးပါတယ်။

 ဒီပြောကြားချက်ဟာ အခြေအမြစ်မရှိတာကို  အလောင်းတောင် အနီးကပ်ကြည့်ရှုခွင့်မပေးတဲ့မြေပြင်အခြေအနေက သက်သေပြနေပါတယ်။

 ညဖက်လာဖမ်း မနက် အလောင်းပြန်ပေးတဲ့ဖြစ်စဉ်တွေ ခပ်စိတ်စိတ်ဖြစ်လာချိန်မှာ  စစ်ကြောရေးရောက်နေသူတွေရဲ့မိသားစုဝင်တွေ ဟာလည်း  စိတ်တထင့်ထင့်နဲ့သောကရောက်ကြရပါတယ်။

"ဘယ်အချိန်မှာ အလောင်းလာထုတ်လို့ဆက်သွယ်လာမလဲ၊ အရမ်းစိတ်ပူရတယ် " လို့ တောင်ဒဂုံမြို့နယ်ထဲမှာ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုဝင်က ပြောပြပါတယ်။

လင်မယားနှစ်ဦးလုံးဖမ်းခံရတဲ့ဖြစ်စဉ်တစ်ခုမှာဆိုရင်   စစ်ကြောရေးကို နှစ်ပတ်ကျော်ကြာ  ဖြတ်သန်းခဲ့ပြီးနောက် ထောင်ရောက်ချိန်မှာတော့  ယောင်္ကျားဖြစ်သူက ဇနီးသည်ကို စိတ်ဓာတ်မကျအောင် စာရေးအားပေးခဲ့ပါတယ်။ 

စာထဲမှာ   " စစ်ကြောရေးမှာတောင် မသေခဲ့တာ ထောင်မှာတော့ မသေတော့ဘူး"လို့ ရေးသားထားတာပါ။

 ငရဲခန်းစစ်ကြောရေးကို အသက်ရှင်လွတ်မြောက်လာခဲ့ကြပေမယ့်   ရိုက်နှက်မှုဒဏ်တွေကတော့ လနဲ့ချီကြာတဲ့အထိ ခံစားနေကြရဆဲပါ။

 " နံနုတော့အောင့်တယ်  ခေါင်းကတော့ ဆေးစစ်တာ ဒဏ်ရာမတွေ့ပေမယ့် တချက်ချက်ကိုက်လာရင်နေရခက်တယ်" လို့  ကိုဟိန်းက သူ့ဝေဒနာကိုပြောပြပါတယ်။

#လူထုနွေဦး
#LuduNwayOo
#စစ်ကောင်စီ
#စစ်ကြောရေး
#AAPP
#နွေဦးတော်လှန်ရေး



#Credit

Click4Tanintharyi

ထားဝယ်မြို့ပေါ်မှာ လူငယ်တွေက ဒီနေ့မနက်အစောပိုင်း “စစ်မီးတောက်နေပြီ  ပြည်သူအချင်းချင်းကူညီကြပါ” စတဲ့ ဗီနိုင်းတွေ ချိတ်ဆွဲခဲ့ကြပါတယ်။





#credit



Click4Tanintharyi

မနက်ပိုင်း Linksလေးတွေပါ ခင်ဗျ။ Clickပေးသွားကြပါဦး ခင်ဗျာ။
တစ်နေ့တာကို ကိုယ်စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ ခင်ဗျာ။




Click4Tanintharyi

တပ်တွင်း မုဒိမ်းမှုတွေအကြောင်း ဖော်ပြတဲ့ စာတစ်စောင် ထွက်ပေါ်၊ ဗိုလ်မှူးအဆင့်ထိ အရေးယူထား

RiSE News| နိုဝင်ဘာ ၂၆

အကြမ်းဖက်စစ်ကောင်စီတပ်တွင်းက မုဒိမ်းမှုနဲ့ ဖောက်ပြန်မှု ၅မှုအကြောင်းပါဝင်ပြီး အခုလို မုဒိမ်းမှုတွေ ထပ်မဖြစ်စေဖို့ တပ်ရင်း တပ်ဖွဲ့တွေဆီ ညွှန်ကြားတဲ့စာတစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ပေါက်ကြားလာတာကို RiSE News ကဖတ်ရှုရပါတယ်။ 

ပထမဆုံးအနေနဲ့ အမှတ်(၇) စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်းက တပ်ကြပ်ကြီး ဇော်မျိုးက တစ်တပ်တည်းနေ တပ်ကြပ်တစ်ယောက်ရဲ့ ဇနီးကို လိင်ကိစ္စအတွက် စည်းရုံးပြောဆိုခဲ့လို့ စစ်စည်းကမ်းအရ အရေးယူထားတာကို ဖော်ပြထားပါတယ်။

အဲဒီစာမှာ အမြင့်ဆုံးရာထူးအနေနဲ့ ဗိုလ်မှူးအဆင့်ထိပါဝင်ပြီး သူဟာ အမှတ် ၁၄၂ ခြေလျင်တပ်ရင်းက ဗိုလ်မှူးတင်ကိုထက်ဆိုသူဖြစ်ပြီး ဒုတပ်ကြပ်ရဲ့ ဇနီးနဲ့ လူမှုရေးဖောက်ပြန်တာကြောင့် အရေးယူထားတယ်ဆိုတာ ဖော်ပြထားပါတယ်။

ဖြစ်ရပ် ၅ခုကို ပြောဆိုပြီး ဒီလိုဖြစ်တာဟာ ရဲဘော်ရဲဘက်စိတ်ကင်းမဲ့တာ၊ ကျင့်ဝတ်မဲ့တာကြောင့် ဖြစ်ပွားတယ်လို့ ဆိုထားပြီး တပ်ရင်း တပ်ဖွဲ့တွေထဲမှာ အဲဒီလိုဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့ဆိုပြီး ညွန်ကြားထားတာကို ဖတ်ရှုရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွင်းက ပေါက်ကြားလာတယ်ဆိုတဲ့ ယခုစာနဲ့ မုဒိမ်းမှုနဲ့ ကျင့်ဝတ်မဲ့ ဖောက်ပြန်မှုတွေနဲ့ပတ်သက်ပြီး RiSE News အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ 

(မှတ်ချက်-မုဒိမ်းမှုကျူးလွန်ခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ နာမည်တွေကိုတော့ ကျင့်ဝတ်အရ RiSE News က ဖုံးကွယ် ချန်လှပ်ထားပါတယ်။)


#RiSE_News #ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်




#The Tanintharyi Times



Friday, November 26, 2021

Click4Tanintharyi

အတူတူဝိုင်းတွန်းမှ ဖြစ်မှာမို့ ရှိတဲ့အားနဲ့ နိုင်သလောက် ဝိုင်းတွန်းကြရအောင်ပါခင်ဗျာ။


#Credit
#Thadin

Click4Tanintharyi

ငြမ်း
===
ဘယ်သူဖောက်ဖောက်
ခရီးရောက်ဖို့ပဲ လိုတာ
လျှောက်ခဲ့တဲ့ လမ်းမှာ
မှန်းချက် တစ်ခုမှ မထား
နှမ်းထွက် မကိုက်လို့လည်း ငြီးမတွား
ကြမ်းတမ်းမှန်းလည်း သိပြီးသား...

အလွမ်းဓာတ်ခံရင့်တဲ့သူတွေက 
ပိုခံစားရသလို...
စန်းလာဘ်ခံရှိသူတွေကျ
ပိုစံစားရတယ်...

"ချီ" ပြောသလိုပဲ
တော်လှန်ရေးလုပ်တာ
ဝါသနာပါကောင်းတဲ့အရာ မဟုတ်ဘူး...

ဒီအမွေ စနစ်ဆိုးကို
ရပ်တန်းက ရပ်ဖို့အရေးပဲ...
အထမ်းသမား လုပ်ခဲ့တယ်
ဝမ်း ခါး မလှနေပါစေ
ငြမ်းသမားဘဝနဲ့ပဲ ပျော်မလေ။      ။

Credit. ..ဘိုကွမ်

Thursday, November 25, 2021

Click4Tanintharyi

ထားဝယ်လူငယ်များရဲ့ အိမ်တွင်း ညသပိတ်
25/11/2021


















#photocredit









Click4Tanintharyi

မင်္ဂလာနံနက်ခင်းပါClickersတို့ခင်ဗျာ။ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း C4T-Click4Tanintharyi မှ ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ။မနက်ပိုင်းLinksလေးတွေ Clickဖို့ ရလာပါပြီခင်ဗျာ။အားနာနာနဲ့ပဲ Linksလေးတွေ Clickပေးဖို့ နှိုးဆော်ပါရစေခင်ဗျာ။တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ခင်ဗျ။


Click4Tanintharyi

လူလို့ပြောရအောင်လည်း လူ့ကျင့်ဝတ် လူ့သိက္ခာ တစ်စက်မှ မရှိတဲ့ မအလ..



#the voice of spring


Click4Tanintharyi

------ကမ်းလာတဲ့လက် နှုတ်ဆက်ဖို့ရာ 
သူ့လက်ဝါးမှာ ငါ့ပါးရာကြီးက 
မပျက်သေး------


"ဒါငါတို့ကဗျာ ဒါငါတို့သီချင်း"

"ကမ္ဘာမကြေ". . . ဆိုပိုင်ခွင့်မရှိရင်
"ကမ္ဘာမကြေဘူး" . . ဆိုလိုက်ကြလိမ့်မယ်. . . ။
နှလုံးအပုတ်ဟာ
ထုံးသုတ်ရုံနဲ့ မဖြူနိုင်
အကန်းလျှောက်သလို 
လမ်းဖောက်နေကြရဲ့
တံတားဆောက်ပြီး
အများကြောက်အောင် 
ခါးထောက်နေတော့ရော
မာရှယ်လောဟာ ဖာသည် 
ပေါတာပါပဲကွဲ့။

"ကမ္ဘာမကြေ" . . . ဆိုခွင်မပြုရင်
"ကမ္ဘာမကြေဘူး". . . ဆိုချင် လာလိမ့်မယ်။
၅(ည) တဲ့လား
စားရ‌တော့ ပုံစံ
ပါးချလို့ စုံကန်သကွဲ့
ပုန်ကန်ရင် သတ်ပစ်မယ်တဲ့
သေနတ်ကြီးရှိတယ်
သတ်နည်းသိတယ်
တပ်ကြီးလည်း ရှိတယ်။

"ကမ္ဘာမကြေ". . . ဆိုခွင့်မရရင်
"ကမ္ဘာမကြေဘူး" . . . ဆိုလိုက် ကြတော့မယ်။
ပူးသတ်မယ် ပူးသတ်မယ်ဆိုတဲ့
မနူးမနပ်ကောင်တွေလည်း
ခုတော့ အရူးဇာတ် ခင်းရတော့ 
မလိုလို
ဆုပ်ထားတဲ့ လက်သီး
ဖြည်ပြီးပြီပဲ ထားပါတော့
ကမ်းလာတဲ့ လက် နှုတ်ဆက်ဖို့ရာ
သူ့လက်ဝါးမှာ ငါ့ပါးရာကြီး 
မပျက်သေး။

"ကမ္ဘာမကြေ". . . ဆိုခွင့်မပေးရင်
"ကမ္ဘာမကြေဘူး". . . ဆိုလိုက် ကြရအောင်။

မောင်မှိုင်းလွင်(အင်းဝ)

Click4Tanintharyi

အရေးတော်ပုံ မြန်မြန်အောင်ဖို့ PDFကိုလည်းလှူ၊ CDMကိုလည်း ဝိုင်းဝန်းကူကြပါ။✊✊✊✊✊





Click4Tanintharyi

ဆောင်းဟာ မြို့ပေါ်မှာ မအေးပေမယ့် တောထဲမှာတော့ အသည်းခိုက်အောင်အေးပါတယ်ခင်ဗျာ။တောထဲမှာ စစ်ဘေးရှောင်နေရတဲ့ ညီအစ်ကိုမောင်နှမသားချင်း ပြည်သူတွေနဲ့ ရဲဘော်လေးတွေဆိုလညိး အအေးဒဏ်ကိုအတော်ခံနေရမှာပါ။ထောက်ပို့တပ်သားရဲဘော်တွေ ဖြစ်တဲ့ ကျွန်တော်တို့ Clicker teamကလည်း တစ်ထောင့်တစ်နေရာကနေ ကူနိုင်ဖို့ ကြိုးစားကြပါစို့ ခင်ဗျာ။




#photocredit

Wednesday, November 24, 2021

Click4Tanintharyi




#photocredit

Click4Tanintharyi

Click Timeလေး ရောက်လာပါပြီခင်ဗျာ။✊✊✊အားကြိုးမာန်တက် Clickကြပါစို့ခင်ဗျ😍။တစ်ဦး​တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ခင်ဗျ။



#photocredit

Click4Tanintharyi


✊✊✊



#photocredit
#spring Arts


Click4Tanintharyi

Goodmorning!!စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာတဲ့နေ့လေး ဖြစ်ပါစေ ခင်ဗျာ။
Linksလေးတွေ clickဖို့ မမေ့ပါနဲ့ခင်ဗျာ။

Tuesday, November 23, 2021

Click4Tanintharyi

ဆောင်းဟာ အေးလာခဲ့တာပါပဲ၊

လူတိုင်းမှာရှိတဲ့ အမှတ်ရစရာတွေခပ်များများဟာ ဆောင်းရဲ့ အအေးဓာတ်ထဲမှာ ရှိချင်ရှိလိမ့်မယ်၊ မနက်စောစောရဲ့ မြက်ဖျားနှင်းတွေပေါ်မှာ ရှိချင်ရှိလိမ့်မယ်။

ဒီတနှစ်ဆောင်းဟာတော့ ကျနော်တို့တွေအတွက် တသက်ပြန်ပြောင်းအောက်မေ့စရာဆောင်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်၊ ဒီတနှစ်ဆောင်းဟာတော့ ပျော်ရ၊ ကြည်နူးရမှုတွေ မဲ့ချင်လည်း မဲ့နေမှာပေါ့။ ဒီတနှစ်ဆောင်းဟာတော့ မိသားစုတွေလူမစုံဖြစ်ကြတော့တာမျိုး၊ ထွေးပိုက်စရာ ချစ်သူ့လက်ရဲ့ အဝေးမှာမျိုး ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့၊

ဒီတနှစ်ဆောင်းရဲ့ ဂုဏ်သိက္ခာကြီးမားမှုကိုတော့ မပျော်ရွှင်၊ မကြည်နူးရရုံတခုတည်းနဲ့ မငြင်းပယ်ရက်ပါဘူး၊ ကျနော်တို့ရဲ့ ခံနိုင်ရည်ဟာ အအေးဓာတ်ကိုသာမကတော့ဘူး၊ ရင်ဆင်ရမယ့်အရာတွေအားလုံးအတွက် အသင့်ဖြစ်နေခဲ့ပါပြီ၊ 

ဒီတနှစ်ဆောင်းဟာ သူ့တာဝန်သူကြေပြီး တရွေ့တရွေ့ကုန်သွားဦးမှာပါပဲ၊ နောက်ထပ် ဆောင်းတွေဟာလည်း ထပ်ရောက်လာကြဦးမှာပါပဲ၊ ရုန်းထလွတ်မြောက်ခြင်းနိမိတ်ပုံတွေက်ု ကျနော်တို့ မက်မြင်ပြီး ခံနိုင်ရည်ဝနေတဲ့ နှလုံးသားတွေ၊ အသိတွေနဲ့ ဆက်ပြီး ခရီးဆက်နေဦးမှာပါပဲ။

#Min Han Htet 
#credit(Min Han Htet)

Click4Tanintharyi

ရတဲ့နည်းနဲ့ တော်လှန်မယ်
စစ်အာဏာရှင် အမြစ်ဖြတ်မယ်
စစ်အာဏာရှင် ကျရှုံးရေး တို့အရေး....








#photocredit




Click4Tanintharyi

Clickကြမယ် ခင်ဗျာ။Click linksလေးတွေရပါပြီ ခင်ဗျာ။




#photo credit

Click4Tanintharyi



#photo credit

Click4Tanintharyi

Goodmorning!!Clickersတို့ရေ...
Morning linksလေးတွေ clickပေးကြပါဦး ခင်ဗျာ။ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။



Click4Tanintharyi

ဖေးမ လို့ကူ တို့ပြည်သူ
အာဏာရှင်တပ် အမြစ်ဖြတ်
💪💪💪









#photocredit







လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...