Friday, April 29, 2022

လက်ဖဝါးတွေကြမ်းနေတဲ့ခေတ်
*****************************

ခိုက်ခိုက်တုန်အောင်ချမ်းလို့
မိုးရာသီကိုကြောက်မယ်မထင်နဲ့
ပုဆိုးတိုတိုဝတ်ပြီး ကိုင်းခုတ်ဓားဆွဲ
ကိုင်းတောလည်း တိုးရတယ် ။

ငွေမြင်မှ ၊ လူကြင်မယ်
ဆီ ပေးမှ ဆန် ရမှာမို့
လက်လှုပ်နိုင်မှ ပါးစပ်လှုပ်နိုင်မယ် ။

ဘယ်ဥတုကိုမှ မမုန်းရက်ဘူး
ရွေးချယ်လို့မရတဲ့ ကံတရားကိုပဲ အပြစ်ဖို့မယ် ။

ဟောဒီ.... အမာရွတ်တွေကိုသာကြည့်
ညကြီးမိုးချုပ်မှ အလုပ်သိမ်းရမှာမို့
ခွေးဆွဲလည်း ပြေးရတယ်
သရဲဆွဲလည်း ပြေးရတယ် ။

မနက်ဖြန် ပဲပြုတ်ဝယ်ဖို့
တစ်ရာတန်ကို ပုဆိုးခေါက်ထဲထည့်ထားရတယ်။

ဘဝက ဒီလိုဖြစ်လို့
အဖေ့ကိုလည်း အပြစ်မတင်ရက်
အမေ့ကိုလည်း အပြစ်မတင်ရက်
ဘဲဥတွေ ဈေးတက်နေတယ်လေ ။

- ငါကမူးတယ်.... ကမ္ဘာကြီးကလည်တယ် စာအုပ်မှ
#ငါကမူးတယ်ကမ္ဘာကြီးကလည်တယ်


#SpringArts
#credit
◼ နောက်ဆုံးမျိုးဆက် ◼

ဒီနိုင်ငံမှာ
အာဏာ တခါကျိုးပျက်တိုင်း
လူငယ်မျိုးဆက်တွေသာ
ရင်ကော့ပြီး တိုးထွက်လာတယ်။ 

စနစ်ကောင်းကို ကြိုမြင်ကာ
ခေတ်ဟောင်းကို ဖြိုချင်တာ
အစဥ်အလာတခုလို စီးဆင်းခဲ့တယ်။ 

အဖြူထည်တွေကို
ဖယ်ထုတ်ပစ်လိုက်ရင်
လူငယ်စစ်စစ်တွေသာ
ခေတ်ရဲ့ ပြယုဂ်ဖြစ်တယ်။ 

ရူးရူးမိုက်မိုက်နဲ့
စူးစူးစိုက်စိုက် လျှောက်တုန်းမှာ
ပျောက်ဆုံးမျိုးဆက် မဖြစ်စေရ
နောက်ဆုံးမျိုးဆက် ဖြစ်ရစေမယ် ။ 

ဘုရားချည်းပဲ တ, လို့
တရားချည်းပဲ ရ , မနေကြနဲ့ ။ 

အနာဂတ်ကို ပြန်ရွေးဖို့
သူတို့ ထိုးကျွေးတဲ့ ပစ္စုပ္ပန်ပေါ်
ငါတို့ နိုင်ငံတော် တည်နေတယ်။◼

©လက်ျာဧ
#thevoiceofspring #poem



#thevoiceofspring
#credit

Thursday, April 28, 2022

◼ဖက်ဆစ်သင်္ချိုင်း

မုန်တိုင်းရဲ့ စက်ကွင်းထဲ
အတူသက်ဆင်းပြီးမှ
ဘယ်သူ လွတ်ကင်းနိုင်မလဲ။

ပစ်ကွင်းထဲမှာ
ပြည်သူပဲမဟုတ်
ယုတ်မာသူတွေလည်း ရှိနေတယ်။

ဖက်ဆစ်တစုက
တိုင်းပြည်ကို
အဓမ္မပြုလေတိုင်း
လူထုက
ဓမ္မနဲ့ ဝိုင်းတိုက်ရစမြဲ။

အသည်းမကောင်းဘဲ
ပြည်သူကို ပွဲတောင်းတဲ့
ခွေးသူတောင်း အမျိုးအဆွေ
အရိုးတွေ တောင်လိုပုံသွားမယ်။

သူခိုးဓားပြဉာဉ်နဲ့
အစိုးရဖြစ်ချင်တာလား
လူထုအားကိုကျော်ပြီး
ဘယ်သူမှ
နိုင်ငံတော် မတည်စေရ◼

©ဒေါင်းသွေး
#thevoiceofspring #poem



#thevoiceofspring
#credit

စစ်ပွဲဧရိယာ
__________

မျက်ရည်စက်တွေ ယိုစီးလာနေတဲ့
ဝါးရုံပင်တန်း....
အိပ်မက်တွေ ထိပါးခံရတဲ့တောင်စွယ်တွေ...
မေမေရေ...
မီးလောင်မြေမှာ
သားတို့အိမ်လေးကို ခြေရာမခံမိတော့ဘူးလား။
အဆိပ်တက်ညတွေရယ်
ယမ်းနံ့တွေဝေဆာပါရဲ့။
ညီမလေးဆော့နေကျ ဘာဘီရုပ်လေး
ဘယ်ပြာပုံ​ဘေးနား သေသွားရှာပြီလဲ။
သားစီးနေကျ စက်ဘီးလေးလည်း
လူ့အခွင့်အရေးနဲ့နီးရာကို ထွက်ပြေးရှာသတဲ့။
ခုဆို
ဘိုးဘိုးလေ...
လေယာဥ်သံကြားတိုင်း
မိုးကာစ​​တွေ ပြေးရုတ်နေရလေရဲ့ မေမေရေ ။      ။

- နှင်းရိပ်နွေ -

#ဝရဇိန် #poem #နှင်းရိပ်နွေ
#warandpeace #stopwar 

Art - နိသာ


#credit
#ဝရဇိန်စာစဥ်



"ဝဋ်​ကြွေး"

လူတိုင်းက

 ခြောက်ပြစ်ကင်းသဲလဲစင်

 မဟုတ်‌တော့

အမှားနဲ့မကင်းနိုင်ဘူး။

ခြောက်ပြစ်ကင်းသဲလဲစင်

မဟုတ်ဘူးဆိုတိုင်း

အမှားကို 

ကျူးလွန်နေဖို့ မဟုတ်ဘူး။

တမင်ကျူးလွန်နေတာဆိုရင်

 အကြောင်းတစ်ခုခုရှိပြီ။

မသိလို့မှားရင်တော့ 

ပြုပြင်ပြောင်းလဲလို့ရတယ်။

သိသိရက်နဲ့အမှားကို

ဆက်ပြီးကျူးလွန်နေရင်တော့

ဒါဟာ 

သံသရာအရှည်ဆုံးဝဋ်ကြွေးပါပဲ။

အရှည်ကြာဆုံးက

 ချစ်ကြွေးသံသရာပါပဲ။

တချို့ကချစ်ခြင်းမေတ္တာကို 

ရေစက်လို့ဆိုပါရဲ့။

ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ 

ပွေ့ဖက်ထားမိတဲ့

ချစ်ခြင်းမေတ္တာက 

တဖက်သတ်ဆန်နေခဲ့ရင်

လွမ်းရဖို့သာ  ဖြစ်နေခဲ့ရင်

ဒါဟာ  

ဝဋ်ကြွေးသက်သက်ပါပဲ။

ဖော်ကျူးခွင့်မရှိတဲ့ 

အချစ်ရပ်ဝန်းမှာ

ပျော်ပါစေဖော်ညွှန်းပြီး

ခွင့်လွှတ်နားလည်ပေးနေတာလည်း

တမင်ရူးရခြင်းတစ်မျိုးပါပဲ။

သံသရာတဆုံး

ဝေ့ဝှိုက်နေပါစေဦးတော့

ဆက်ထုံးတွေပြေရင်လည်း

ဝဋ်ကြွေးကျေစမြဲပဲလေ ။

                                                    Sêcrêt Pâl


"Official Silence"


အပြုံးလေးကအစ

စကားလုံးလေးအဆုံး

မင်းတစ်ကိုယ်လုံးကို

ကြိတ်ပုန်းခုတ်မိတယ်~

မေတ္တာလာမှန်တာလား

တံလှပ်ယောင်ပြန်လေလား

နှလုံးသားချင်းယှက်နှောတဲ့

စကားလေးတွေပြောဖြစ်တယ်~

အနေလည်းဝေးတယ်

အရှည်လည်းတွေးတယ်

သွေးအေးစပြုနေတဲ့

Conversationတစ်ခုအတွက်

ကိုယ့်ဖက်က ဖျက်ထားပေးပါ့မယ်~
သိထားလျက်မို့
မင်းဖက်က ဆိုင်သူရှိသား



အပျင်းပြေကစားချင်လည်းကစား

ပစ်ထားချင်လည်းပစ်ထား

မေ့သွားချင်မေ့သွား

မင်းစကားအတိုင်းပါ~

စကားလုံးစစ်ဆင်ရေးတွေလည်း

လုပ်မနေချင်တော့ဘူး~

သံသယဝင်နေရတာလည်း

အမှန်အကန်ပါပဲ~

တကယ်လည်းပဲ 

အသည်းမကွဲချင်လည်း

ပြိုလဲရတာအသဲအမဲ~

စိတ်ကစားလို့ဖြစ်ရတာပါလို့

ဖြောင့်ချက်တစ်ခုသာမင်းပေးလာရင်

ကိုယ့်အသက်

ဆောင့်ထွက်သွားရချည်ရဲ့~

သိသိရက်နဲ့ချစ်လိုက်မိတဲ့

ကိုယ့်နှလုံးသားကိုပဲ

အမုန်းစကားပါးလိုက်ချင်တယ်~

''နောင်ဆို ...

ဆင်ဆင်ခြင်ခြင်နေပါ 

နှလုံးသားလေးရယ်''

                                                          Sêcrêt Pâl


အိမ်မက်ထဲမှာပဲ

နေပါ့မယ်...

တချို့မျှော်လင့်ခြင်းတွေက

ကိုယ့်အတွက်

ဈေးကြီးလွန်းတယ်...

အချစ်တွေလည်း

ထုပ်သိမ်းထားပါ့မယ်...

အလွမ်းတွေလည်း

ရုတ်သိမ်းထားပါ့မယ်...

💔

💔

💔

💔

💔

💔

💔

️◽
️🔲
🔳

Sêcrêt Pâl


"ပို့သလိုက်တဲ့မေတ္တာ
အကုန်ရပါတယ်"

∆ချစ်တဲ့စိတ်နဲ့ပို့တဲ့အခါ
ဟိုး အနက်ရှိုင်းဆုံးထိကို
ပြင်းရှရှလေး ဖြစ်ရပါတယ်

∆လွမ်းတဲ့စိတ်နဲ့ပို့တဲ့အခါ
အသက်ရှူသံခပ်ကြမ်ကြမ်းနဲ့
ရှိုက်ကာနွမ်းရပါတယ်

∆စိတ်ကောက်အရွဲ့တိုက်ပြီး
ပို့တဲ့အခါ
ခဏခဏခလုတ်တိုက်လဲ
 ဒူးပြဲရပါတယ်

∆စိတ်ဆိုးဆိုးနဲ့ပို့တဲ့အခါ
နှာစီးချောင်းဆိုးရပါတယ်

∆တကယ်ပါ
ပို့သလိုက်တဲ့မေတ္တာ
 အကုန်ရပါတယ်•••••

Sêcrêt Pâl


"အချစ်ဆိပ်"




မင်းကို ...

အရမ်းတွေ့ချင်တဲ့အချိန်တွေဆို

လွမ်းဆွတ်သတိရစိတ်အပြည့်နဲ့

သတိတချို့

အငွေ့ပျံသွားတာကလွဲရင်

အချစ်ဆိပ်က 

အပူချိန်ဘယ်လောက်တက်လဲ

ငါ မသိတော့ဘူး

🤧

Sêcrêt Pâl

Monday, April 25, 2022



🤍"LONG LIVE MY LOVE"🤍

ဖြစ်နိုင်မယ်ဆိုရင်

မင်းအနီးအနားကို

  ခဏလောက်ဖြစ်ဖြစ်‌

နေကြည့်ချင်သေးတယ်~

ဖြစ်နိုင်မယ်ဆိုရင်

မင်းဘေးနားကို

 အဖြူရောင်မေတ္တာတွေ 

ပို့ပေးချင်သေးတယ်~

ဖြစ်နိုင်မယ်ဆိုရင် 

မင်းအတွက်သီးသန့်

သီချင်းတစ်ပုဒ်လောက်

ရေးကြည့်ချင်သေးတယ်~

ဖြစ်နိုင်မယ်ဆိုရင်

"လုံခြုံပါရဲ့လား"ဆိုပြီး

မင်းရှိရာ မြို့လေးကို 

ကာကွယ်ပေးချင်သေးတယ်~

Live anyway.., 
let's my love live....🤍🤍🤍🤍🤍🤍🤍

                                             Sêcrêt Pâl

Photo #Crd


"နှုတ်ခမ်းနီလဲလှယ်ပွဲ"


နှုတ်ခမ်းနီလဲလှယ်ပွဲ

ကိုယ် ပါဝင်မနွဲနိုင်

စိတ်အားလည်းငယ်

အားလည်းငယ်... 

သို့ပေမယ့်ကွယ်

စိတ်ဝယ်မာန်တင်း

တော်လှန်အားဖြည့်ခြင်းသာ

အဓိကပေမို့

များနည်းမဟူ 

Clickကူလည်း

တူတူပါပဲတွေးရင်း

ကလောင်တံနဲ့ဖက်ဆစ်အမြစ်ရှင်း... 
 


Sêcrêt Pâl


Photo#Crd


''I dare to love you.."

FAလို့ အခေါ်ခံရတိုင်း
သိမ်ငယ်ခဲ့ရတဲ့အခိုက်အတန့်၊
Couple challengeအခေါ်ခံရတိုင်း
အားငယ်ရတဲ့အခိုက်အတန့်တွေကို
''မ ''ရဲ့လက်ကလေးဆန့်ပြီး
လာရပ်တန့်ပေးပါတော့လား.....

အမြန်ပြန်လာပါ ''မ''ရေ
အကြိမ်ကြိမ်ခေါ်ကာ
တမ်းတနေရတယ်.....

ကြိတ်လွမ်းခဲ့ရတဲ့နှုတ်ခမ်းတွေ
ဘယ်အရပ်ကို 
အနမ်းတွေပါးစေနေပြီလဲ.....

မမြင်တာ မဆုံတာ
အတော်ကိုကြာပေမယ့်
''မ''ရဲ့အကြင်နာသာ
မွတ်သိပ်နေခဲ့တာ.....

အိုကွာ...''မ''ရာ
ဘယ်နေရာပဲရောက်ရောက်
ခဏလောက်ပြန်ခဲ့
ဘယ်ရင်ခွင်ထဲအိပ်အိပ်
ခဏလောက်လိုက်ခဲ့.....

ခဏလေးပဲ နားထောင်ပါ
ဒီတစ်ခါ မတိမ်းရှောင်ပါဘူး
''ချစ်ရဲပါပြီ.....''လို့~

''I dare to love you.."

Sêcrêt Pâl

Photo #Pinterest


⏯ခဏလောက်ရပ်ပေးပါ⏯

ဘကြီးအောင်ညာတာပဲ 

လူသိများတယ်

မင်းညာတတ်တာတော့

 ဘယ်သူ့မှမသိဘူး🤷‍♀️

အောင်လအန်ဆန် 

ချုပ်ခံထိတာပဲနာမည်ကြီးတယ်

ငါချုပ်ခံထိတာတော့

ဘယ်သူ့မှမသိဘူး🤦‍♀️

ငါ့မှာတော့.. ပြောင်းဖူးသီးပဲ

လှည့်စားနေခိုက်..🌽

မင်းကျတော့...ငါ့ကိုချည်း

လှည့်စားနေလိုက်.....💔

#Sêcrêt Pâl
Photo#Pinterest


မာရီယာ ဖတ်ဖို့ - ( ၁ )

အမှန်တရားဟာ အပြောထက်
အလုပ် ပိုခက်ကြောင်း သိသွားတဲ့အခါ
တစ်ချို့တစ်ချို့တွေဟာ 
ကမ္ဘာမီးမလောင်ခင်
သားကောင် ချနင်းတော့ပါပဲ 
မတူညီတဲ့လမ်းကို လျှောက်တဲ့သူတွေနဲ့
အတင်းလုပ်ယူ မညှိချင်ဘူး
အကျွတ်တရား မရမဲ့သူဟာ
ဘယ်တရား လာလာ မကျွတ်နိုင်ဘူး
ဆိုတာ ကျနော် နားလည် သွားတယ်။

ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ဟာ
ဆေးရုံပေါ် လူတစ်ယောက်ဖြစ်လာဖို့
ခက်ခက်ခဲခဲ အားယူနေကြရတဲ့အချိန်
တစ်ချို့နေရာတွေမှာတော့
လူတစ်ချို့ တွေရဲ့ အသက်နဲ့ ခန္ဓာ
အစိတ်စိတ်အမွှာမွှာကို ဖြစ်လို့ ။

တရားဟာ တရားအတိုင်း
အမှားဟာ အမှားတိုင်းရှိနေမှတော့
ငါတို့ သိတဲ့အမှန်တရားတွေ
မဆိတ်သုဥ်းသေးဘူးဆိုတာ
လူ့တိရစ္ဆာန်တွေကို သက်သေပြမှ ရမယ်။

ဘဝမှာတော့.......
တူမီးဆိုတာ တိရစ္ဆာန်တွေကိုပဲ
ပစ်ဖို့လို့ ထင်ထားခဲ့တာ
တကယ့်တကယ်ကျတော့လည်း
တိရစ္ဆာန် တွေကို ပစ်နေရတယ်။

# သျှမ်း


မာရီယာ ဖတ်ဖို့ -  ( ၂ )

တိုင်းပြည် အတွက် အသက်ပေးမှ
သူရဲကောင်းလို့ ကိုယ်မပြောချင်ဘူး မာရီယာ

ကျည်ထိသွားပြီး မျက်လုံးတွေ
ပြာလဲ့လဲ့ဖြစ်နေတဲ့ ကောင်က
ပြောလာတာ  စကားတစ်ခွန်းတည်း
" သားကြီး ငါ တာဝန်မကျေခဲ့ဘူးကွာ "တဲ့
သြော်.....
မျက်ရည်တွေလဲ စို့လို့။

မဆီမဆိုင် နေထိုင်ရင်း
မနေသာ မထိုင်သာ ရှိလာတဲ့
တိုင်းပြည်အခြေအနေ မှာ
အသက်ကို ပေးဆပ်လိုက်တဲ့
သူတစ်ယောက်အတွက် 
နောက်ဆုံးအချိန်ကျ ရောက်လာတဲ့
စာက သေတမ်းစာတဲ့
ရေးထားလိုက်တာများ - 
" သင် နဲ့ မသက်ဆိုင်တော့ပါကြောင်း
သွားလိုရာ သွားနိုင်ကြောင်း " ပေါ့  ။

# သျှမ်း


ဘာတွေလဲ-
        ကဗျာတွေ-

အမှန်တရားအတွက်
နာကြည်းတတ်ရုံနဲ့မပြီးဘူး
တစ်ခါတစ်ခါ
ခေါင်းငုံ့မခံတတ်ဖို့လည်း
လိုအပ်သေးကြောင်း
သမိုင်းဖြစ်ရပ်တွေက
ငါတို့ကိုသင်ပြတယ်
လူအမှိုက်တွေကိုရှင်းဖို့
တစ်ချို့က
ရင်းလိုက်ရတာကအသက်
အလျော်အစားရယ်လို့တော့
ကျနော်မတောင်းချင်ပါဘူး
အမှန်တရားလောက်တော့
ကျုပ်တို့ပြန်ရချင်ပါတယ်။


#သျှမ်း

◼ပြည်သူ့ရင်မှာ လက်နက်ချပါ◼

နွေဦးမှာ
အရိပ်တွေဆုံလို့
သပိတ်တွေ ထုံတယ်။

ဒင်းတို့က
ခေါင်းကိုပစ်ပြီး စစ်ကိုခေါ်တယ်
နွေဦးက
ချောင်းကိုပစ်ပြီးမြစ်ကိုကျော်တယ်။

ဒင်းတို့က
အကြောက်နဲ့ ခြောက်ပြတယ်
နွေဦးက
မကြောက်လို့ တောက်ပတယ်။

ဒင်းတို့သာ
ခြောက်ရင်းခြောက်ရင်း
ချောက်တွင်း ဆင်း ဆင်းသွားတယ်။

နွေဦးမှာ
တယောက်ချင်း တယောက်ချင်း
တောက်ရင်းတောက်ရင်း
ရန်တွေရှင်းလို့
ဉာဏ်အလင်း ပွင့်ပွင့်လာတယ်။

တမြေတည်းနေတဲ့စိတ်နဲ့
နောက်ဆုံးပိတ်
ဖိတ်ခေါ်ချင်ပါရဲ့ ...

ကြောက်စိတ်နဲ့ မိုက်မဲသမျှ
သဘောက်စိတ်နဲ့ အသိုက်ခွဲသမျှ
ပြည်သူ့ရင်မှာ လက်နက်ချပါ။◼

©လက်ျာဧ
#thevoiceofspring #poem


သိပ်မကြာခင်
မိုးတွေရွာတော့မယ် အချစ်ရေ
ခေါက်ဆွဲပြုတ်နဲ့
လက်ဖက်ထုပ်ကို
နိဗ္ဗာန်လို့ထင်ပြီး
မင်းကိုလွမ်းနေရတာကို
ဘဝလို့သတ်မှတ်တယ်
ဘုရားကဘုရားဖြစ်ဖို့
အားလုံးစွန့်နိုင်ပေမယ့်
စစ်ပွဲဆိုတာ
ဘုရားပွင့်ဖို့မှမဟုတ်တာ။

ဒီ့အတွက်
အချစ်ဟာ ဘဝ ဖြစ်ပြီး
ဘုရားကိုခဏခေါက်ထားတယ်
စစ်ပွဲကတော့
မ​ကြိုက်လည်း
မတရားမှုအတွက်
အောင့်ကာနမ်းရတာက
ဒီနိုင်ငံတော်မှာလူဖြစ်ရခြင်းပဲ​ပေါ့ ။

LuAh

Sunday, April 24, 2022



💚~နွယ်~💚

ရင်ခွင်သစ်ပင်

နင်... ရစ်ကာပတ်

ထပ်ကာထပ်ကာ...တွယ်

နွယ်ရယ်...အပြစ်မမြင်သာဘူး...

အသည်းသစ်ရွက်

တဖျပ်ဖျပ် ...ကြွေ

ရိုးတံတိုင်းမှာ

နင်...ရစ်နှောင်လည်း

နွယ်ရယ်...ပစ်မခွာပါဘူး.....

ငါ့ မျှော်လင့်ချက်----

ပျက်ပြယ်သွားပါစေ...

နွယ်... အဆင်ပြေရင်

သေချင်သေစေ____

ငါလေ.... နွယ့်ကို

ပျော်စေချင်လို့...

နွယ့်ဘေးမှာပဲနေရင်း...

နွယ်... ကစားချင်ကစား

ပစ်ထားချင်ပစ်ထားပေါ့ 

နွယ်ရယ်...



📝SêcrêtPâl


☯•••လေညင်းလေးသို့•••☯

မင်းကိုသွက်သွက်ခါတဲ့...ငါ

ငါ့ကိုမစာနာတဲ့...မင်း

မင်းကိုအရိပ်တကြည့်ကြည့်နဲ့...ငါ

ငါ့ကိုအလိုက်မသိတဲ့...မင်း

မင်းကိုဂရုစိုက်မိတဲ့...ငါ

ငါ့ကိုလှည့်မကြည့်တဲ့...မင်း

ငါ့ရဲ့အကြင်နာကို

ဝေဒနာဘဏ်တိုက်မှာ

တိုးတိုးတိတ်တိတ်စုထားရင်း.....

မျိုသိပ်အနမ်းကို

တစ်ရာသောပန်းဆီကြဲဖြန့်ရင်း.....

လေညင်းလေးရေ.....

လမ်းကြုံရင်ချစ်သူ့ဆီကို

အကြင်နာတွေဆောင်ကြဉ်းပေးပါ~~~


Sêcrêt Pâl✍️


အဲဒီနေ့
တကယ်လွတ်လပ်ရေးရတဲ့နေ့
တကယ်ပျော်မှာလား
ဟင့်ဟင်
သတိတရလွမ်းဆွတ်မှု့နဲ့
ရင်ထဲမှာတော့ကြေကွဲအုံးမှာပါ
နွေဦးမှာအစောဆုံးပွင့်ပြီး
ကြွေလွင့်ခဲ့တဲ့
အညတရသူရဲကောင်းတေကို
အလေးပြုရင်း
အမှတ်တရ
သစ်ပင်လေးတေစိုက်ရအောင်
🌻🌷🌳🌾🌲💐🌸

⏩ ပန်းပျိုးသူ


တိုးတိတ်သောစိုးစိတ်
     """""'"""""""""

ရင်ခုန်လိုက်တိုင်း
အချစ်မဟုတ်ပေမဲ့
ဒီတစ်ခါ 
အချစ်ကြောင့်ဆိုတာ
ဝန်ခံတယ်.....

ကိုယ့်ဝေဒနာ
မင်းသိဖို့မလိုဘူး
မင်းပျော်နေတာကိုက
ကိုယ့်အတွက် နိဗ္ဗာန်....

သစ်ပင်တွေကို ချစ်ပါ
မြစ်ပြင်တွေကို ငေးပါ
နေထွက်နေဝင်
အပြင်ထွက်ပြီး
ကောင်းကင်ပြာပြာကို
မော်ကြည့်ပါ
မင်းပြုံးပျော်နေတယ်ဆိုရင်
ကျေနပ်ပြီးသား....

မင်းနဲ့ မနီးမဝေးတဲ့အရပ်မှာ
ကိုယ်နေမယ်
မင်းလိုအပ်ရင် ခေါ်ပါ.....

ကိုယ် မဟုတ်တဲ့တခြားသူနဲ့လည်း
မင်းကို အဆင်ပြေနေစေချင်လို့
ကိုယ် ဆင်ဆင်ခြင်ခြင်နေတယ်
အမြဲတမ်းမဟုတ်တဲ့
ကိုယ့် ဂရုစိုက်မှုတွေက
မင်းအတွက် 
အဆင်ပြေလှမှာမဟုတ်ဘူး
အတ္တမွှန်းနေတဲ့
ကိုယ့်အချစ်ဆူးတွေက
မင်းမာနကိုထိပါးစေခဲ့ရင်
ချန်ထားခဲ့နိုင်ပါတယ်....

မင်း လွတ်လပ်ပါစေ.......




___Sêcrêt Pâl___


ဘာတွေလဲ-
          ကဗျာတွေ-

အဆိပ်သင့်တိုင်းပြည့်တစ်ခုမှာ
ရွာသွန်းနေတာက မိုးခါးရေ
ငတ်နေတာက ဒီမိုကရေစီ
ငါတို့ ဘာလုပ်ကြမလဲ။
လောကဓံရေ....
သောက်ဖန်များ ချိုသွားမယ့်အထဲ
မိုးခါးရေ ပါရိုးထုံးစံရှိခဲ့သလား
လက်မမြှောက် ဒူးမထောက်ဘဲ
မသောက်ဘူးလို့ဇွဲမာန်ထည့်ကာ
အဆိပ်သင့်တာကို
ငါတို့ပြင်သင့်သလား ။

သျှမ်း

Saturday, April 23, 2022

 




🍀အကယ်၍များ ချစ်ခွင့်ရှိခဲ့ရင်🍀


အကယ်၍

တစ်စုံတစ်ယောက်ကိုချစ်မိခဲ့ရင်

နှလုံးသွေးတွေအရင်းထဲကထိ

အကုန်ဖျစ်ညှစ်ပြီး

ချစ်ပစ်လိုက်ချင်တယ်.....


ဦးနှောက်က 

ဘာမှမစဉ်းစားနိုင်တော့ရင်တောင်

နှလုံးသားက

မှတ်မိနေစေရမယ့်ချစ်ခြင်းမျိုး.....


ဖြန့်ကြက်ပြီးချစ်ခဲ့မိလေသမျှ

အကုန်ပြန်စုစည်းပြီး

လူတစ်ဦးတစ်ယောက်အတွက်

ပုံအောပြီးချစ်လိုက်ရတဲ့

မိုက်မိုက်မဲမဲခံစားမှုမျိုး......


လူတစ်ယောက်ကိုမြင်ရင်

နှလုံးသားထဲကနာနာကျင်ကျင်နဲ့

ကိုယ်တွေတုန်နေအောင်ဖြစ်ရတဲ့

လျှပ်တစ်ပြက်အခိုက်အတန့်မျိုး......


အကြည့်တွေဆုံရင်ကို

အသက်ရှူရခက်ခဲတဲ့အထိ

မေ့မောစီးမျှောနေရတဲ့

ထူထူးဆန်းဆန်းအတွေ့အကြုံမျိုး......


စကားတစ်ခွန်းတလေမှ

မပြောမိပါဘဲနဲ့

တစ်ဦးနဲ့တစ်ဦး

ခံစားသိနေရတဲ့

နက်နက်ရှိင်းရှိင်းပတ်သက်မှုမျိုး.......


ဒီလိုအခြေအနေမျိုး


ဒီလိုချစ်ခြင်းမျိုး


ဒီလိုခံစားသိမှုမျိုး


ဒီလိုအခွင့်အရေးမျိုး


ဒီလိုဆုလာဘ်မျိုး....ကို

....

....

...

..

.

.

.


ဘယ်သူနဲ့ဖြစ်ဖြစ်.....


ဘယ်လိုလူနဲ့ဖြစ်ဖြစ်......


ဘယ်လိုပဲဖြစ်ဖြစ်.....


အဲဒီအရာတွေအတွက်


နှလုံးကွဲမတတ် 


ချစ်သွားကြည့်ချင်ပါတယ်•••••




💗


❣️





Sêcrêt Pâl

 






✿ မလွမ်းဘဲဘယ်မှာနေပါ့မလဲ✿


               """"'""""""""""""""""""""""""""""


      *  အလှဆုံးဆိုတဲ့တိမ်တိုက်ကို


            ငေးကြည့်တယ် ---


            မိုးရွာပြီးစ သက်တံကိုမေ့ထားရင်းပေါ့•••


           * ခိုလှုရာ ရင်ခွင်မဲ့တဲ့အခါ


             ငါ့ကိုငါ အပြစ်တင်မိတယ်---


            နင့်ကိုအားနာတဲ့စိတ်ရင်းတစ်ခုနဲ့ပေါ့•••••


            * ပိုင်းခြားထားတဲ့အသိဉာဏ်နဲ့


             စိမ်းကားမိပြန်လည်း


             မလွမ်းဘဲမနေနိုင်ခဲ့ဘူး•••••


           *  သာမန်ကာလျှံကာမဟုတ်ခဲ့


             မြတ်နိုးမိတဲ့အသက်ဘူးလေးမို


             စူးစူးနစ်နစ်ချစ်ရဆဲ •••


            "နင်မသိလည်းဖြစ်တယ်"ဆိုပေမယ့်လည်း


              မလွမ်းဘဲဘယ်မှာနေပါ့မလဲ•~•~•••


                                                Sêcrêt Pâl

 

ရောဂါထူတဲ့ တိုင်းပြည်


အမှောင်ထုထဲ စမ်းတဝါးဝါး

နေသားကျ လာခဲ့ကြတော့

အလင်းကိုကြောက်တဲ့ရောဂါ 

တစ်ချို့သူတွေမှာ စွဲလမ်းနေခဲ့ပြီ

သြော်.....

တစ်ချို့က အကြောက်လွန်ရောဂါ။


အလင်းကို ဖျောက် 

အမှောင်ထုရောက်အောင်

ပညာရေးကို တစ်ဆင့် နိမ့်ချ

ဥာဏ်ရည်တွေ ပိတ်ပင် ခဲ့ကြ

သြော်....

တစ်ချို့က အာဏာရူး ရောဂါ။


မကောင်းမှုကို ဦးထိပ်တင်

ရင်ဝယ်တရား သိသော်ငြား

ပါးစပ်က ဘုရား လက်ကားရားနဲ့

ကပ်ဖားလျက်ဖား သူ တောင်းစား

သြော်.....

တစ်ချို့က ကျွန်ရူး ရောဂါ။


အကောင်းအဆိုးကို မသိ

တစ်ဘို့တည်းကြည့် ပြီး

အမှန်တရားကို မျက်ကွယ်ထား

ငိုကြွေးသံများ အလေးမထား

သြော်....

တစ်ချို့က အကန်း ရောဂါ။


အလင်းကို မကြောက်

အမှန်ကို ရောက်အောင်

အတားအဆီးတွေ ချိုးဖောက်

အနာဂါတ်တွေ ပိုမိုတောက်ပ အောင်

ကြိုးစားရုန်းကန်း နေကြပြီ

တစ်ချို့က ဒီမိုကရေစီ ငတ်မွတ်ရောဂါ။


# သျှမ်း

 


နာကြည်းချက်နဲ့ ပစ်တဲ့ တူမီး


ပညာရေးကို အမှောင်ချ

စာမဖတ်အောင် လုပ်ခဲ့ကြတော့

ငါတို့ ဘိုးဘွားတွေ အာဏာရှင်စနစ်အောက်

နေသားကျ ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်။


စဥ်းစားတွေးခေါ်နိုင်စွမ်းကို ပိတ်

လူတွေကို နှုတ်ဆိတ်အောင် လုပ်ဖို့

သမိုင်းတွေကို လိုသလို ပြင်လိုက်ကြတော့

ဖွတ်ကို ဘုရားထင် ပြီး ကိုးကွယ်

ငါတို့ အဖေအမေတွေ

ကျွန်စနစ်အောက် ရောက်မှန်းမသိ 

ရောက်ခဲ့ရတာကလည်း နှစ်ပေါင်း နှစ်ဆယ်။


စိတ်ကြိုက်ခြယ်လှယ် ကြီးစိုးဖို့

ပြည်သူအပေါ် ဘာမှ အကျိုးမပြုတဲ့

ခြေဥကို ၈ နှစ်လောက် အချိန်ဆွဲရေး

အမှန်တရား ထုတ်ဖော်သူတွေ ထောင်ထဲ

ကိန်းနေရအောင် လုပ်ပြခဲ့လို့

သိလျက်နဲ့ နစ်ခဲ့ရတဲ့ ကျွန်အနွံက

ငါတို့မျိုးဆက် တစ်ဝက်လောက်အထိ။


ပြုပြင်မလွယ်တဲ့ ငါတို့ အသက်တစ်ဝက်

ဆိုးချင်တာ ဆိုးပါစေတော့

နောင်အနာဂါတ်အထိ မိုးအမှောက်ကျမဲ့

နေ့ရက်တွေမှာ ပန်းကလေးတွေ

ယမ်းအနံ့ကင်းအောင်တော့ လုပ်ရမယ်

အဲ့တာကြောင့်....

တူမီးကို ကျည်ဆံ အစား

နာကြည်းချက်နဲ့ ငါတို့ ထည့်ပစ်တယ်။


# သျှမ်း



လူ့ငရဲ

---------


မွေးခြင်းနဲ့ သေခြင်းကြားမှာ


နေရတာချင်း အတူတူ


ငါတိုဟာ လူဖြစ်ပါလျက်


ဒီတိုင်းပြည်ဆိုတဲ့


လူ့ငရဲမှာ ရှင်သန်ရတာ


ဝဋ်သိပ်ကြီးလွန်းတယ်




San Zuren 🌸



 

သွေးမကွဲကြေး

----------------------



တော်လှန်ရေး အင်အားစုများက 

တိုက်စစ်အရှိန်မြှင့်နေပီမို 

ပြည်သူများကလည်း

နိုင်တဲ့ဘက်က 

ပါဝင်ကူညီပေးကြပါ


လှူနိုင်သူက လှူ

ကူနိုင်သူက ကူ


သွေးမကွဲကြေး




San Zuren 🌸

 


နိုင်ငံရေးသင်ခန်းစာ

-----------------------------


မလုပ်တော့လည်း မလုပ်လို အဆဲခံရ


လုပ်တော့လည်း တလွဲလုပ်လိုဆိုပြီး 

အကြိမ်းအမောင်းခံရတယ်


ဘာဖြစ်ဖြစ် အလုပ်လုပ်လို 

အကြိမ်းအမောင်းခံရတာ တန်ပါတယ်


အလုပ်လုပ်သူမှာ ပြသနာရှိနေမှာပဲ 

ပြသနာဖြစ်ရင် ဝိုင်းရှင်းကြတာပေါ့


အလုပ်လုပ်သူမှာ အမှားဆိုတာရှိမှာပဲ

 စိတ်ဓာတ်မှန်နေဖို လိုတယ်




San Zuren 🌸

 


ငါတိုရဲ့တိုက်ပွဲ

--------------------


ငါတိုရဲ့တိုက်ပွဲ 

ရပ်တန့်မည် မဟုတ်

ငါတိုသည် 

ဘယ်တော့မှ 

စွန့်လွှတ်မည် မဟုတ်



Our fight will not stop.


We will never give up.




San Zuren 🌸

နိုင်ချင်တယ် ပြောနေရုံနဲ့ မရပါဘူး
နိုင်တဲ့ဘက်ကနေ ကူပေးကြပါဗျာ
#C4T



သိပ်မကြာခင်
မိုးတွေရွာတော့မယ် အချစ်ရေ
ခေါက်ဆွဲပြုတ်နဲ့
လက်ဖက်ထုပ်ကို
နိဗ္ဗာန်လို့ထင်ပြီး
မင်းကိုလွမ်းနေရတာကို
ဘဝလို့သတ်မှတ်တယ်
ဘုရားကဘုရားဖြစ်ဖို့
အားလုံးစွန့်နိုင်ပေမယ့်
စစ်ပွဲဆိုတာ
ဘုရားပွင့်ဖို့မှမဟုတ်တာ။

ဒီ့အတွက်
အချစ်ဟာ ဘဝ ဖြစ်ပြီး
ဘုရားကိုခဏခေါက်ထားတယ်
စစ်ပွဲကတော့
မ​ကြိုက်လည်း
မတရားမှုအတွက်
အောင့်ကာနမ်းရတာက
ဒီနိုင်ငံတော်မှာလူဖြစ်ရခြင်းပဲ​ပေါ့ ။

LuAh



Thursday, April 21, 2022

⏺ သံမဏိကြယ်ပြာ

စစ်တပ်နဲ့
သံသရာဇာတ်မှာ
ရန်ငါပြတ်တဲ့
ငါတို့ရဲ့ ခံတပ်ကြီးဖြစ်ခဲ့သူ ။

အမှောင်တရားပျက်ဖို့
ကလောင်သွား ထက်သလို
နှလုံးသားလည်း ထက်ခဲ့သူ ။

သမိုင်းတခေတ်မှာ
သူဟာ...
အာဏာရှင်ကို ငြင်းဆန်ရင်း
အနင်းလည်း ခံခဲ့သလို
အကျဥ်းလည်း စံနိုင်ရဲသူ ။

အုတ်ရိုးအကျဥ်းစခန်းထဲ
ရဲရဲနီ ပန်းတွေပွင့်လို့
မျှော်လင့်ချက်နဲ့
အသက်ဆက်ခဲ့သူ ။

စစ်ကျွန်ဖွဲ့စည်းပုံ
အလုံးစုံ ဖျက်သိမ်းရေး
ဘယ်တော့မှ လက်မနှေးဘဲ
တယောက်တည်းကျန်
အလံမလှဲ
အမြဲပဲ အရေးဆိုခဲ့သူ ။

အမှန်ကြည့်သလို
ရန်သိတဲ့
သံမဏိကြယ်ပြာရဲ့စကား
ခင်ဗျားတို့ ကြားယောင်ကြည့်ပါ
" စစ်အာဏာရှင်ရဲ့ ကျေးဇူး
  မူးလို့တောင် ရှူစရာမရှိဘူး..." ။⏺

      ( ဟံသာဝတီဦးဝင်းတင် သို့
            ဦးညွှတ်စွာဖြင့်  )

©လက်ျာဧ
#thevoiceofspring #poem


#thevoiceofspring

ချစ်တတ်တဲ့အနုပညာ

လောကဓံတရားရေ
မင်း သင်မပေးပဲ ငါ မတတ်မြောက်နိုင်ပါဘူး
ချစ်တတ်တဲ့ အနုပညာ ၊  ကဗျာ

စစ်ကြီးပြီးအောင်
ရပ်စောင့်နေလို့ မရဘူး   

- သုခမိန်လှိုင်

Wednesday, April 20, 2022



နွေဦးရဲ့ နှစ်ကူး
____________

တော်လှန်ရေးက တစ်နှစ်ပြည့်ခဲ့ပြီး 
တက္ကသိုလ်ရဲ့ သစ်ပုတ်ပင်ထက်က 
လွမ်းနာကျ ဥဩငှက်ငယ် 
နွေဦးကို စိတ်နာတဲ့ခံစားချက်တွေနဲ့ 
ဆောင်းတွင်း တမနက်မှာ  
ကြိုတင်ကာ တွန်ကျူးနေတယ်။ 
 
တစ်ချိန်က 
အနာဂတ် ကြယ်ကလေးတွေ 
ပျော်ပျော်ကြီး ငှားနေခဲ့ရတဲ့ 
နှစ်သောင်းခွဲတန် ငါးပေခန်းလေးထဲမှာ 
ခုဆို ကြမ်းပိုးတွေဝမ်းနည်းနေလောက်ပြီ။ 
 
စိန်ပန်းပွင့်က နီတယ် 
ပြည်သူ တွေက ညီတယ် 
ကျောင်းသားသွေးက ရဲတယ် 
သို့သော် 
မြောက် ပြန်ကျည်အဝေ့မှာ အဓိပတိလမ်းထက် 
ရနံသင်းတဲ့ ကံ့ကော်ပန်းကလေးတချို့ 
လှိုင်လှိုင်ကြီး ကြွေကျခဲ့ရ။ 
 
တစ်ခါတစ်ခါ 
ကျောင်းWelcome တွေကို သတိရမိသလို 
လက်ရှိမှာ စစ်ပွဲတွေက 
ပိုပျော်ဖို့ကောင်းလာတယ်။ 
 
အများကျိုးဆောင် ကိုယ်ကျိုးအောင် 
ဒါကိုတော့ ရှေးအစဥ်လာဆိုပြီး 
လက်ဆင့်ကမ်းလို့ မဖြစ်သေးဘူး 
ငါတို့လိုချင်တာ ခေတ်မှီနည်းပညာ။ 
 
စည်းစနစ်ကျကျမလုပ်နိုင်ရင်တော့ 
မမျှမတ အလိမ်ခံအနှိမ်ခံဘဝတွေ 
သက်ဆိုးရှည်နေလိမ့်မယ်။ 
 
အိပ်ပျော်နေရှာတဲ့ စာကြည့်တိုက်တွေကို 
ခေါ်နှိုးဖို့အတွက်  
ငါတို့ တောထဲထွက်ခဲ့ရတာ  
ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။     ။
 
- ဖားစည်မောင်ထူး - 

Art - PMT


#Credit
#ဝရဇိန်စာစဥ်

Tuesday, April 19, 2022

လူငယ်ဘဝ ကွယ်လွန်ခြင်း

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘာသာစကားပြော သင်တန်းတွေ
ကွန်ပျူတာ သင်တန်းတွေ
အောင်လက်မှတ်တွေ မရှိခဲ့ပါ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဗီဒီယိုဂိမ်းတွေ
ကာရာအိုကေတွေ
စိတ်ကြွဆေးပြားတွေလည်း မရှိခဲ့ပါ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်တစ်သေတ္တာပဲ ရှိခဲ့ပါတယ်...။

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ရုပ်ရှင်ရုံသည်သာ အငြိမ်းချမ်းဆုံး ခိုနားရာ
တစ်ခါတစ်ရံ စိတ်ပြေပျောက်စရာ
အပြာရောင် စာအုပ်များနဲ့သာ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
စက်ဘီးလေးတစ်စီးတောင် မရှိခဲ့သလို
ရည်းစားလည်း တစ်ယောက်မှ မရှိခဲ့ပါ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ
ကျွန်တော့်ရဲ့ ကမ္ဘာ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ခပေါင်းစီးကရက် တစ်ဘူးနဲ့
မြို့ပတ်ရထားကို မူးအောင် စီးခဲ့ဖူးပါတယ်

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
လူငယ့်ရေးရာ ညကျောင်းတစ်ကျောင်း ရှိခဲ့သလို
ရန်ကုန်မြို့လယ် ပလက်ဖောင်းဟာလည်း
သင်တန်းကျောင်းကြီး တစ်ကျောင်းပါပဲ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဒိုင်ယာရီစာအုပ် လွယ်အိတ်ထဲထည့်လို့ 
လျှောက်သွားခဲ့တာ
အသည်းကွဲသီချင်းတွေ အော်ဆိုခဲ့တာ
အနာဂတ်လွမ်းချင်း ကဗျာတွေ ရေးသားခဲ့တာ

အခုတော့
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးလည်း
ပျောက်ကွယ်ခဲ့ပါပြီ
တစ်တိုင်းပြည်လုံး ဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့ မြစ်ကြီးထဲမှာ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးဟာ
နစ်မြှုပ် ပျောက်ကွယ်ခဲ့ပါပြီ။.....................................။

                         _လှသန်း



ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကို ဖျော်ဖြေတာ
ပျော်စရာမှ မဟုတ်ပဲကွယ် ။

ဆယ့်နှစ်ကြိုးကသော
လောက၏ ကဝေလက်ချောင်းများ
ငါ့အား .... ဆွဲခေါ်
ငါ ... မမွေ့ပျော်တော့ပါပြီ အရှင် ။

#တာရာမင်းဝေ



◼အခု သိပြီလား ◼

ကာတွန်း©နေညိုအေး
#thevoiceofspring #cartoon



#thevoiceofspring



တောတွင်းမှ ​နွေဦးတမ်းချင်း
____________________

အလင်းရေ.....
ဆုတောင်းတိုင်းလည်း မပြည့်ခဲ့လွန်းတော့ 
ဆုတောင်းဖို့ကို မောင် ကြောက်တတ်လာတယ်
ဒုက္ခတွေဟာ ဘာလို့ မောင်တို့ဆီမှာမှ ပျော်မွေ့ရသလဲ??? 

တစ်ရေးနိုးညတွေ
အိပ်မရတဲ့ညတွေ
မိုးမလုံတဲ့ညတွေ
နှင်းရွှဲရွှဲစိုတဲ့ညတွေ
တစ်ထွာသာသာ ဝမ်း ဟောင်းလောင်းညတွေ.....
ကြယ်တွေငိုတဲ့ညတွေ......... 

အလင်း ကိုယုယထွေးပွေ့ချင်တဲ့လက်တွေဟာ 
အခုတော့ သေနတ်ကိုင်နေရတယ်....
ကြားချင်နေတဲ့ အလင်းရဲ့စကားသံချိုလေးတွေအစား
လက်နက်ကြီးသံတွေ.......... 

ရင်းထားရတဲ့အသက်တွေ....
မိသားစုတွေရဲ့ဒုက္ခတွေ....
စွန့်လွတ်ခဲ့ရတဲ့ အရာတွေ.....
မြိုသိပ်ထားရတဲ့ ခံစားမှုတွေ....
သယ်ပိုးထားရတဲ့အလွမ်းတွေ...... 

အလင်းရေ......
တစ်ခါခါ‌ မောင်ငိုမိတယ်....
တစ်ခါခါ သက်ပြင်းဖွဖွချတယ်..... 
မောင့်နှလုံးသား ဒီထက်ပိုမာနိုင်ပါ့မလား...... 

တော်လှန်ရေးဆိုတာ နှလုံးသားနူးညံ့တဲ့သူတွေပဲလုပ်နိုင်တာတဲ့....
ဒီနှလုံးသားတွေလည်း ဒါဏ်ရာ‌တွေ ဗလဗွနဲ့........ 

အလင်းရေ .......
မောင့်ရဲ့ပျက်ကွက်မှုတွေအတွက်တောင်းပန်ပါတယ်
အလိုက်တသိ နားလည်မှုတွေအတွက် ကျေးဇူးတင်ရပါတယ်.....
ချစ်ခြင်းတွေနဲ့ရှင်သန်စေလို့ ပိုပြီးတမ်းတရပါတယ်..
ရင်နဲ့မဆန့်အောင်အလွမ်းတွေသယ်ပိုးထားတယ်
အလင်းရဲ့ရှေ့မှောက်ပြန်ရောက်တဲ့အခါ အချစ်တွေအဖြစ် သွန်ချပစ်မယ်...... 

အလင်းရေ......
မင်းရဲ့ချစ်ခြင်းတွေနဲ့ ခွန်အားယူရသူမို့
နေကောင်းကျန်းမာအောင်နေပေးပါ
အစစအရာရာမှာ ဂရုစိုက်ပါ
အနာဂတ်အိမ်လေးအတွက် ရှင်သန်နေပေးပါ.... 

စစ်မိစ္ဆာတွေကို အပြီးတိုင်သုတ်သင်ပြီးတဲ့အခါ
ချစ်မေတ္တာ‌တွေနဲ့ ကမ္ဘာသစ်တည်ကြတာပေါ့...

‌ဪ....
နွေဦးရဲ့ ကံ့ကော်လေးတွေ ပွင့်ချိန်ရောက်ပြန်ပါပေါ့လား......

- ရဲဘော်အောက်ချင်း -

Art - နိသာ


#ဝရဇိန် စာစဥ်

To Be Trusted Is A Greater Than Loved ✓


နားလည်မှုရှိဖို့ဆိုရင် ယုံကြည်မှုကို 
အရင်းတည်ရပါတယ်
ယုံကြည်မှုပျက်စီးသွားရင်တော့ 
အရာအားလုံး တစ်စစီဖြစ်သွားပါပီ 

ငါချစ်ပေးခဲ့ရတာ
ငါ့ကို အလွဲသုံးစားလုပ်ဖို့ 
မဟုတ်ဘူးဆိုပီး သေလောက်အောင် 
စိတ်နာသွားတတ်ကြတယ် 

အချိန်တွေမလွန်ခင် နောင်တမရအောင်နေပါ 
အဲဒီလို လူတွေက 
သူများထက် ပိုပြတ်သားပါတယ်
 
ဘာလို့လဲဆိုတော့ သူတို့ပေးခဲ့တဲ့
ဂရုစိုက်မှု ၊ အလေးထားမှုအားလုံးဟာ 
ချစ်တဲ့စိတ်တစ်ခုထဲ ရှိခဲ့လို့ပါပဲ

ဒါကြောင့် ကိုယ်တကယ် မြတ်နိုးတဲ့
ချစ်သူရှိရင် တန်ဖိုးထားပါ

ရံဖန်ရံခါ မိမိရဲ့ ပေ့ါပျက်ပျက်ကတိစကားသည် 
မိမိထင်ထားသည်ထက်၍ 
သူတစ်ပါးကို ဒုက္ခ ရောက်စေတတ်တယ်
ဒါကြောင့် 
စကားကို လွယ်လွယ်နှင့် မပြော‌နဲ့
လွယ်လွယ်နဲ့ ကတိမပေးနဲ့
ပေးပြီးသားကတိလဲ မဖျက်နဲ့

san Zuren🌺



San Zuren 🌸

ပိုက်ဆံရှိတိုင်းလဲ လူတိုင်းက
         မပျော်ရွှင်ပါဘူး
~~

 ပိုက်ဆံရှိတိုင်းလဲ
လူတိုင်းကမပျော်ရွှင်ပါဘူး

ဘာကြောင့်ဆို လူတိုင်းမှာ
သူ့အကြောင်းနဲ့သူ့ အခက်အခဲဆိုတာ
ရှိကြပါတယ်

ငွေရှိမှ ပျော်ရွှင်ရတယ်ဆိုတာ
ကိုယ်တိုင် သက်မှတ်ထားတဲ့
ဘောင်တစ်ခုပါ

ကိုယ် ပိုင်ဆိုင်ထားတဲ့
ဘဝအခြေအနေနဲ့
ကိုယ့်ရဲ့ ကံအကျိုးပေးကို လက်ခံနိူင်ပြီး
နားလည်ရင် အရာရာမပြည့်စုံလဲ
ဘဝကြီးက နေပျော်ပါတယ်


San Zuren 🌸


ရယ်စား နဲ့ ငိုစား

ရယ်စားဆိုတာကတော့  အများသူငါ စိတ်ချမ်းသာမှု၊ စိတ်နှလုံးအေးချမ်းမှု၊ ဒုက္ခ ကင်းဝေးမှု၊ လိုအင် ဆန္ဒ ပြည့်ဝမှုတွေကို စွမ်းဆောင်ရင်း ကိုယ့် ဝမ်းစာ ရှာကျောင်းခြင်းလို့ အဓိပ္ပာယ် ရပါတယ်

ငိုစားဆိုတာကတော့ အများသူငါစိတ်နှလုံးမအေးချမ်းမှ၊ ဒုက္ခ ရောက်မှ၊ သောကရောက်မှ ကိုယ့်အသက်ဆက်ရှင်ရတဲ့၊ ကိုယ်ကောင်းစားတဲ့ လူတန်းစားကိုခေါ်ပါတယ်

ကျမတို့ တိုင်းပြည်မှာ ရယ်စားတွေ  ပေါများလာပြီး ငိုစားတွေ နဲသွား၊ ပပျောက်သွားမှ ပြည်သူအားလုံး လိုလားတောင့်တ တဲ့ခရီးပန်းတိုင်ကို ရောက်မယ်လို့ ယုံကြည်ပါတယ်

ရယ်စားများများ ထွက်ပေါ်လာနိုင်ပါစေလို့ ဆုတောင်းရင်း...



 San Zuren 🌸

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...