Thursday, March 17, 2022


လူမဆန်သော  လူထဲကလူ

ပခုံးနှစ်ဖက်ကြား  ခေါင်းပေါက်လို့သာ
လူလို့ခေါ်တွင်   
အသိဉာဏ်  စာနာစိတ်က
လူနဲ့မတူ  တစ်မူကွဲပြား
လူ့ဘီလူးများနှင့်  မခြားသာ
သေနတ်မောင်း  ပြောင်းလှည့်
တဒိုင်းဒိုင်း ပစ်ခတ်လို့
လူလိုသိ လူစိတ်ရှိသူတို့
ဦးနှောက်ကို တရှိန်ထိုး  ဖောက်ကာသွား
ထိုကျည်ဆံတို့ ကခုန်ကာပြေးလွှားလို့
ဖြာကနဲ သွေးစက်တို့  စင်ထွက်ကာသွားတော့မှ
ဒါလားဟဲ့   အာဂသွေး   ရဲရဲနီပေသကိုး
တစ်ခါကသမိုင်းရိုင်းခဲ့ပေမယ့်  
ဒီတစ်ခါရေးတဲ့သမိုင်း  ဂျင်းစော်မနံစေဖို့   
လူမဆန်တဲ့   လူထဲကလူတွေအတွက်
စာနာညှာတာဖို့အချိန်   ကုန်လွန်သွားခဲ့ပြီ
သွေးကြွေးမှာ  ဆွေးနွေးသွေးအေးစရာမရှိ
အသာနေရင်တော့ အသေနာဖို့လမ်းသာမြင်
အနည်မပါတဲ့  ရေကိုရဖို့  တို့တွေဟာ
စ(ဇ)ကာပေါက်ဖြစ်မယ်ဆိုရင်တောင်
တို့စ(ဇ)ကာပေါက်လေးတွေ
တွဲလက်ညီကြစို့......
  
                                       ThaeNu

5 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...