Friday, March 25, 2022



တော်လှန်ရေးသွေးဗီဇ

လေပြည်နုနုရှက်သွေးဥ
တိုက်ခတ်လာလည်းမငြိမ်းနိုင်
နှလုံးသားထဲကဇာတိမာန်။
နေရောင်ခြည်တွေကန့်လန့်ကာဖွင့်
အမှောင်ယံတွေတော်တန်တိတ်
အလွမ်းတွေကိုအနာနဲ့ဖြေ
ဖိနှိပ်မှုတွေသတ္တိနဲ့ဖျက်
သွေးမရွံ့နောက်မတွန့်
ရှေ့ဆက်တက်ကြိုးစားကြမည်
အားတင်းလျက်
လိပ်ပြာလုံမယ့် ထိုတစ်နေ့အတွက်။
တစ်ယောက်သတ် တစ်ရာထွက်
တစ်ယောက်ဖမ်း အယောက်တစ်သန်း
နှလုံးသားချင်းငြိ လက်ချင်းထိ
မီးဖျက်ထားလည်း တော်လှန်ဆဲ
စျေးတက်သွားလည်း တော်လှန်မြဲ
တက်ကျိုးနေလည်း လက်အားမနည်း
အာဂသွေးမို့ ရဲရဲနီ
မင်းယှဥ်ရဲရင် စမ်းလိုက်ပါ။
မျက်ရည်မိုးတွေ အထက်သို့ပျံ
ပြုံးပန်းခင်းတွေ ဝေဝေညံ
သစ္စာတရားနဲ့ သံဓိဌာန်
ကမ္ဘာတည်သရွေ့ မပျက်နိုင်
မိစ္ဆာဘီလူးတွေ ကုန်သည်ထိ
ဆက်တိုက်ကြမည် ဒေါင်းစစ်သည်
ကျုပ်တို့တစ်နေ့တော့ လွတ်လပ်မည်
                                      
                                           နွေဦး

7 comments:

  1. Revolution blood genes

    Blood in the air
    The attack will not stop
    The flesh in the heart.
    Open the sunshade
    Darkness is quite quiet
    Answer the wounds with a wound
    Destroy oppression with courage
    There is no bloodshed or hesitation
    We will keep trying
    Strong
    For a day full of butterflies.
    One killed and one hundred left
    One arrested, one arrested

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...