Sunday, April 24, 2022


တိုးတိတ်သောစိုးစိတ်
     """""'"""""""""

ရင်ခုန်လိုက်တိုင်း
အချစ်မဟုတ်ပေမဲ့
ဒီတစ်ခါ 
အချစ်ကြောင့်ဆိုတာ
ဝန်ခံတယ်.....

ကိုယ့်ဝေဒနာ
မင်းသိဖို့မလိုဘူး
မင်းပျော်နေတာကိုက
ကိုယ့်အတွက် နိဗ္ဗာန်....

သစ်ပင်တွေကို ချစ်ပါ
မြစ်ပြင်တွေကို ငေးပါ
နေထွက်နေဝင်
အပြင်ထွက်ပြီး
ကောင်းကင်ပြာပြာကို
မော်ကြည့်ပါ
မင်းပြုံးပျော်နေတယ်ဆိုရင်
ကျေနပ်ပြီးသား....

မင်းနဲ့ မနီးမဝေးတဲ့အရပ်မှာ
ကိုယ်နေမယ်
မင်းလိုအပ်ရင် ခေါ်ပါ.....

ကိုယ် မဟုတ်တဲ့တခြားသူနဲ့လည်း
မင်းကို အဆင်ပြေနေစေချင်လို့
ကိုယ် ဆင်ဆင်ခြင်ခြင်နေတယ်
အမြဲတမ်းမဟုတ်တဲ့
ကိုယ့် ဂရုစိုက်မှုတွေက
မင်းအတွက် 
အဆင်ပြေလှမှာမဟုတ်ဘူး
အတ္တမွှန်းနေတဲ့
ကိုယ့်အချစ်ဆူးတွေက
မင်းမာနကိုထိပါးစေခဲ့ရင်
ချန်ထားခဲ့နိုင်ပါတယ်....

မင်း လွတ်လပ်ပါစေ.......




___Sêcrêt Pâl___

5 comments:

  1. မင်းပြုံးပျော်နေတယ်ဆိုရင် ကျေနပ်ပီးသား

    ReplyDelete
  2. ရွာ​နေတဲ့မိုး​တွေအတိုင်း ပြည်သူ့ဘက်​တော်သားများအားလုံး အေးချမ်းကြပါ​စေ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...