Saturday, April 23, 2022

 

ရောဂါထူတဲ့ တိုင်းပြည်


အမှောင်ထုထဲ စမ်းတဝါးဝါး

နေသားကျ လာခဲ့ကြတော့

အလင်းကိုကြောက်တဲ့ရောဂါ 

တစ်ချို့သူတွေမှာ စွဲလမ်းနေခဲ့ပြီ

သြော်.....

တစ်ချို့က အကြောက်လွန်ရောဂါ။


အလင်းကို ဖျောက် 

အမှောင်ထုရောက်အောင်

ပညာရေးကို တစ်ဆင့် နိမ့်ချ

ဥာဏ်ရည်တွေ ပိတ်ပင် ခဲ့ကြ

သြော်....

တစ်ချို့က အာဏာရူး ရောဂါ။


မကောင်းမှုကို ဦးထိပ်တင်

ရင်ဝယ်တရား သိသော်ငြား

ပါးစပ်က ဘုရား လက်ကားရားနဲ့

ကပ်ဖားလျက်ဖား သူ တောင်းစား

သြော်.....

တစ်ချို့က ကျွန်ရူး ရောဂါ။


အကောင်းအဆိုးကို မသိ

တစ်ဘို့တည်းကြည့် ပြီး

အမှန်တရားကို မျက်ကွယ်ထား

ငိုကြွေးသံများ အလေးမထား

သြော်....

တစ်ချို့က အကန်း ရောဂါ။


အလင်းကို မကြောက်

အမှန်ကို ရောက်အောင်

အတားအဆီးတွေ ချိုးဖောက်

အနာဂါတ်တွေ ပိုမိုတောက်ပ အောင်

ကြိုးစားရုန်းကန်း နေကြပြီ

တစ်ချို့က ဒီမိုကရေစီ ငတ်မွတ်ရောဂါ။


# သျှမ်း

5 comments:

  1. ဒီမိုကရေစီ ငတ်မွတ်ရောဂါ

    ReplyDelete
  2. တချို့က​တော့ အာဏာကို အလွဲသုံးချင်တဲ့ ရာထူးရူးတဲ့​ရောဂါ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...