မာရီယာ ဖတ်ဖို့ - ( ၂ )
တိုင်းပြည် အတွက် အသက်ပေးမှ
သူရဲကောင်းလို့ ကိုယ်မပြောချင်ဘူး မာရီယာ
ကျည်ထိသွားပြီး မျက်လုံးတွေ
ပြာလဲ့လဲ့ဖြစ်နေတဲ့ ကောင်က
ပြောလာတာ စကားတစ်ခွန်းတည်း
" သားကြီး ငါ တာဝန်မကျေခဲ့ဘူးကွာ "တဲ့
သြော်.....
မျက်ရည်တွေလဲ စို့လို့။
မဆီမဆိုင် နေထိုင်ရင်း
မနေသာ မထိုင်သာ ရှိလာတဲ့
တိုင်းပြည်အခြေအနေ မှာ
အသက်ကို ပေးဆပ်လိုက်တဲ့
သူတစ်ယောက်အတွက်
နောက်ဆုံးအချိန်ကျ ရောက်လာတဲ့
စာက သေတမ်းစာတဲ့
ရေးထားလိုက်တာများ -
" သင် နဲ့ မသက်ဆိုင်တော့ပါကြောင်း
သွားလိုရာ သွားနိုင်ကြောင်း " ပေါ့ ။
# သျှမ်း
So sad after reading this poem.
ReplyDeleteClick click click
ReplyDelete✅🥰
ReplyDelete😔 😟 🙁
ReplyDeleteClick
ReplyDeleteMorning 🌅
ReplyDelete😰
ReplyDeleteClicker All 😍😘😍😘
ReplyDelete