◼ နောက်ဆုံးမျိုးဆက် ◼
ဒီနိုင်ငံမှာ
အာဏာ တခါကျိုးပျက်တိုင်း
လူငယ်မျိုးဆက်တွေသာ
ရင်ကော့ပြီး တိုးထွက်လာတယ်။
စနစ်ကောင်းကို ကြိုမြင်ကာ
ခေတ်ဟောင်းကို ဖြိုချင်တာ
အစဥ်အလာတခုလို စီးဆင်းခဲ့တယ်။
အဖြူထည်တွေကို
ဖယ်ထုတ်ပစ်လိုက်ရင်
လူငယ်စစ်စစ်တွေသာ
ခေတ်ရဲ့ ပြယုဂ်ဖြစ်တယ်။
ရူးရူးမိုက်မိုက်နဲ့
စူးစူးစိုက်စိုက် လျှောက်တုန်းမှာ
ပျောက်ဆုံးမျိုးဆက် မဖြစ်စေရ
နောက်ဆုံးမျိုးဆက် ဖြစ်ရစေမယ် ။
ဘုရားချည်းပဲ တ, လို့
တရားချည်းပဲ ရ , မနေကြနဲ့ ။
အနာဂတ်ကို ပြန်ရွေးဖို့
သူတို့ ထိုးကျွေးတဲ့ ပစ္စုပ္ပန်ပေါ်
ငါတို့ နိုင်ငံတော် တည်နေတယ်။◼
©လက်ျာဧ
#thevoiceofspring #poem
#thevoiceofspring
#credit
done
ReplyDeleteဘုရားချည်းပဲ တ, လို့
ReplyDeleteတရားချည်းပဲ ရ , မနေကြနဲ့ ။
done
ReplyDeleteစွန်.လွတ်နိုင်စွမ်းကြီးမားတဲ.လူငယ်တွေကိုလေးစားပါတယ်
ReplyDeleteDone
ReplyDeleteBe safe all PDF.
ReplyDelete