Thursday, April 21, 2022

⏺ သံမဏိကြယ်ပြာ

စစ်တပ်နဲ့
သံသရာဇာတ်မှာ
ရန်ငါပြတ်တဲ့
ငါတို့ရဲ့ ခံတပ်ကြီးဖြစ်ခဲ့သူ ။

အမှောင်တရားပျက်ဖို့
ကလောင်သွား ထက်သလို
နှလုံးသားလည်း ထက်ခဲ့သူ ။

သမိုင်းတခေတ်မှာ
သူဟာ...
အာဏာရှင်ကို ငြင်းဆန်ရင်း
အနင်းလည်း ခံခဲ့သလို
အကျဥ်းလည်း စံနိုင်ရဲသူ ။

အုတ်ရိုးအကျဥ်းစခန်းထဲ
ရဲရဲနီ ပန်းတွေပွင့်လို့
မျှော်လင့်ချက်နဲ့
အသက်ဆက်ခဲ့သူ ။

စစ်ကျွန်ဖွဲ့စည်းပုံ
အလုံးစုံ ဖျက်သိမ်းရေး
ဘယ်တော့မှ လက်မနှေးဘဲ
တယောက်တည်းကျန်
အလံမလှဲ
အမြဲပဲ အရေးဆိုခဲ့သူ ။

အမှန်ကြည့်သလို
ရန်သိတဲ့
သံမဏိကြယ်ပြာရဲ့စကား
ခင်ဗျားတို့ ကြားယောင်ကြည့်ပါ
" စစ်အာဏာရှင်ရဲ့ ကျေးဇူး
  မူးလို့တောင် ရှူစရာမရှိဘူး..." ။⏺

      ( ဟံသာဝတီဦးဝင်းတင် သို့
            ဦးညွှတ်စွာဖြင့်  )

©လက်ျာဧ
#thevoiceofspring #poem


#thevoiceofspring

11 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...