Friday, April 29, 2022

လက်ဖဝါးတွေကြမ်းနေတဲ့ခေတ်
*****************************

ခိုက်ခိုက်တုန်အောင်ချမ်းလို့
မိုးရာသီကိုကြောက်မယ်မထင်နဲ့
ပုဆိုးတိုတိုဝတ်ပြီး ကိုင်းခုတ်ဓားဆွဲ
ကိုင်းတောလည်း တိုးရတယ် ။

ငွေမြင်မှ ၊ လူကြင်မယ်
ဆီ ပေးမှ ဆန် ရမှာမို့
လက်လှုပ်နိုင်မှ ပါးစပ်လှုပ်နိုင်မယ် ။

ဘယ်ဥတုကိုမှ မမုန်းရက်ဘူး
ရွေးချယ်လို့မရတဲ့ ကံတရားကိုပဲ အပြစ်ဖို့မယ် ။

ဟောဒီ.... အမာရွတ်တွေကိုသာကြည့်
ညကြီးမိုးချုပ်မှ အလုပ်သိမ်းရမှာမို့
ခွေးဆွဲလည်း ပြေးရတယ်
သရဲဆွဲလည်း ပြေးရတယ် ။

မနက်ဖြန် ပဲပြုတ်ဝယ်ဖို့
တစ်ရာတန်ကို ပုဆိုးခေါက်ထဲထည့်ထားရတယ်။

ဘဝက ဒီလိုဖြစ်လို့
အဖေ့ကိုလည်း အပြစ်မတင်ရက်
အမေ့ကိုလည်း အပြစ်မတင်ရက်
ဘဲဥတွေ ဈေးတက်နေတယ်လေ ။

- ငါကမူးတယ်.... ကမ္ဘာကြီးကလည်တယ် စာအုပ်မှ
#ငါကမူးတယ်ကမ္ဘာကြီးကလည်တယ်


#SpringArts
#credit

10 comments:

  1. အာဏာရှင်စနစ်ပျက်သုန်းပါ​စေ။

    ReplyDelete
  2. ခေတ်ဆိုးကြီးမှာ...
    လက်ဖဝါးတွေလည်း ကြမ်း
    စိတ်တွေလည်း ကြမ်း
    အသည်းနှလုံးတွေ ဒဏ်ရာတွေနှင့် ကြမ်း

    ReplyDelete
  3. စိတ်​တွေလဲကြမ်း နှုတ်​တွေလဲကြမ်းကုန်ပါပြီ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...