Wednesday, April 20, 2022



နွေဦးရဲ့ နှစ်ကူး
____________

တော်လှန်ရေးက တစ်နှစ်ပြည့်ခဲ့ပြီး 
တက္ကသိုလ်ရဲ့ သစ်ပုတ်ပင်ထက်က 
လွမ်းနာကျ ဥဩငှက်ငယ် 
နွေဦးကို စိတ်နာတဲ့ခံစားချက်တွေနဲ့ 
ဆောင်းတွင်း တမနက်မှာ  
ကြိုတင်ကာ တွန်ကျူးနေတယ်။ 
 
တစ်ချိန်က 
အနာဂတ် ကြယ်ကလေးတွေ 
ပျော်ပျော်ကြီး ငှားနေခဲ့ရတဲ့ 
နှစ်သောင်းခွဲတန် ငါးပေခန်းလေးထဲမှာ 
ခုဆို ကြမ်းပိုးတွေဝမ်းနည်းနေလောက်ပြီ။ 
 
စိန်ပန်းပွင့်က နီတယ် 
ပြည်သူ တွေက ညီတယ် 
ကျောင်းသားသွေးက ရဲတယ် 
သို့သော် 
မြောက် ပြန်ကျည်အဝေ့မှာ အဓိပတိလမ်းထက် 
ရနံသင်းတဲ့ ကံ့ကော်ပန်းကလေးတချို့ 
လှိုင်လှိုင်ကြီး ကြွေကျခဲ့ရ။ 
 
တစ်ခါတစ်ခါ 
ကျောင်းWelcome တွေကို သတိရမိသလို 
လက်ရှိမှာ စစ်ပွဲတွေက 
ပိုပျော်ဖို့ကောင်းလာတယ်။ 
 
အများကျိုးဆောင် ကိုယ်ကျိုးအောင် 
ဒါကိုတော့ ရှေးအစဥ်လာဆိုပြီး 
လက်ဆင့်ကမ်းလို့ မဖြစ်သေးဘူး 
ငါတို့လိုချင်တာ ခေတ်မှီနည်းပညာ။ 
 
စည်းစနစ်ကျကျမလုပ်နိုင်ရင်တော့ 
မမျှမတ အလိမ်ခံအနှိမ်ခံဘဝတွေ 
သက်ဆိုးရှည်နေလိမ့်မယ်။ 
 
အိပ်ပျော်နေရှာတဲ့ စာကြည့်တိုက်တွေကို 
ခေါ်နှိုးဖို့အတွက်  
ငါတို့ တောထဲထွက်ခဲ့ရတာ  
ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။     ။
 
- ဖားစည်မောင်ထူး - 

Art - PMT


#Credit
#ဝရဇိန်စာစဥ်

23 comments:

  1. Replies
    1. အိပ်ပျော်နေရှာတဲ့ စာကြည့်တိုက်တွေကို
      ခေါ်နှိုးဖို့အတွက်
      ငါတို့ တောထဲထွက်ခဲ့ရတာ
      ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။

      နောက်ဆုံးတကယ်ဖြစ်ပါစေ

      Delete
  2. တစ်ချိန်က
    အနာဂတ် ကြယ်ကလေးတွေ
    ပျော်ပျော်ကြီး ငှားနေခဲ့ရတဲ့
    နှစ်သောင်းခွဲတန် ငါးပေခန်းလေးထဲမှာ
    ခုဆို ကြမ်းပိုးတွေဝမ်းနည်းနေလောက်ပြီ။

    ReplyDelete
  3. ဒီတခါနောက်ဆုံးဖြစ်ပါရစေ

    ReplyDelete
  4. ဒီတခါ​နောက်ဆုံးဖြစ်ပါ​စေ

    ReplyDelete
  5. ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ....

    ReplyDelete
  6. ​နောက်ဆုံးဖြစ်ကိုဖြစ်ရမည်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...