Monday, April 25, 2022



''I dare to love you.."

FAလို့ အခေါ်ခံရတိုင်း
သိမ်ငယ်ခဲ့ရတဲ့အခိုက်အတန့်၊
Couple challengeအခေါ်ခံရတိုင်း
အားငယ်ရတဲ့အခိုက်အတန့်တွေကို
''မ ''ရဲ့လက်ကလေးဆန့်ပြီး
လာရပ်တန့်ပေးပါတော့လား.....

အမြန်ပြန်လာပါ ''မ''ရေ
အကြိမ်ကြိမ်ခေါ်ကာ
တမ်းတနေရတယ်.....

ကြိတ်လွမ်းခဲ့ရတဲ့နှုတ်ခမ်းတွေ
ဘယ်အရပ်ကို 
အနမ်းတွေပါးစေနေပြီလဲ.....

မမြင်တာ မဆုံတာ
အတော်ကိုကြာပေမယ့်
''မ''ရဲ့အကြင်နာသာ
မွတ်သိပ်နေခဲ့တာ.....

အိုကွာ...''မ''ရာ
ဘယ်နေရာပဲရောက်ရောက်
ခဏလောက်ပြန်ခဲ့
ဘယ်ရင်ခွင်ထဲအိပ်အိပ်
ခဏလောက်လိုက်ခဲ့.....

ခဏလေးပဲ နားထောင်ပါ
ဒီတစ်ခါ မတိမ်းရှောင်ပါဘူး
''ချစ်ရဲပါပြီ.....''လို့~

''I dare to love you.."

Sêcrêt Pâl

Photo #Pinterest

11 comments:

  1. အမြန်ပြန်လာပါ ကိုကို ရေ 😑

    ReplyDelete
  2. ညီမလေးရေပဲ 🥰

    ReplyDelete
  3. ခွဲခွာ​နေရသူများ အားလုံး အမြန်ဆုံး ပြန်ဆုံကြပါ​စေ

    ReplyDelete
  4. နေအုံးကွာ
    မ click နေတယ်
    လာလိုမြသေးဝူး 😁😁😁

    ReplyDelete
  5. နားလည်ပေးနိုင်သူကြီး

    ReplyDelete
  6. ဘဲမရှိသေးတဲ့မရေး လာပါတွဲရအောင်😑

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...