Saturday, April 23, 2022

 


နာကြည်းချက်နဲ့ ပစ်တဲ့ တူမီး


ပညာရေးကို အမှောင်ချ

စာမဖတ်အောင် လုပ်ခဲ့ကြတော့

ငါတို့ ဘိုးဘွားတွေ အာဏာရှင်စနစ်အောက်

နေသားကျ ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်။


စဥ်းစားတွေးခေါ်နိုင်စွမ်းကို ပိတ်

လူတွေကို နှုတ်ဆိတ်အောင် လုပ်ဖို့

သမိုင်းတွေကို လိုသလို ပြင်လိုက်ကြတော့

ဖွတ်ကို ဘုရားထင် ပြီး ကိုးကွယ်

ငါတို့ အဖေအမေတွေ

ကျွန်စနစ်အောက် ရောက်မှန်းမသိ 

ရောက်ခဲ့ရတာကလည်း နှစ်ပေါင်း နှစ်ဆယ်။


စိတ်ကြိုက်ခြယ်လှယ် ကြီးစိုးဖို့

ပြည်သူအပေါ် ဘာမှ အကျိုးမပြုတဲ့

ခြေဥကို ၈ နှစ်လောက် အချိန်ဆွဲရေး

အမှန်တရား ထုတ်ဖော်သူတွေ ထောင်ထဲ

ကိန်းနေရအောင် လုပ်ပြခဲ့လို့

သိလျက်နဲ့ နစ်ခဲ့ရတဲ့ ကျွန်အနွံက

ငါတို့မျိုးဆက် တစ်ဝက်လောက်အထိ။


ပြုပြင်မလွယ်တဲ့ ငါတို့ အသက်တစ်ဝက်

ဆိုးချင်တာ ဆိုးပါစေတော့

နောင်အနာဂါတ်အထိ မိုးအမှောက်ကျမဲ့

နေ့ရက်တွေမှာ ပန်းကလေးတွေ

ယမ်းအနံ့ကင်းအောင်တော့ လုပ်ရမယ်

အဲ့တာကြောင့်....

တူမီးကို ကျည်ဆံ အစား

နာကြည်းချက်နဲ့ ငါတို့ ထည့်ပစ်တယ်။


# သျှမ်း

2 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...