Tuesday, January 25, 2022

ရင်ထဲက စကားလုံးများ


ရင်ထဲက စကားလုံးများ


တို့အရေးလို့ အော်ခဲ့သူတွေ
လက်နက်ကိုင်ကြ
အာဏာဖီဆန်ကြ
ဇိမ်နဲ့မနေနိုင်တဲ့ CDM တွေ ရုန်းနေကြ

PDF တွေလှူဖို့ အခြေခံလူတန်းစားတွေ
နေ့စားလုပ်အားခတွေ စုပြီးလှူနေကြ
တချို့ နားကပ်တွေ ချွတ်လှူကြ
တချို့ အိမ်တွေ ရောင်းလှူကြ
တချို့ မြေတွေ ရောင်းလှူကြ

ဘယ်မလဲ လူချမ်းသာတွေ
ဘယ်မလဲ စီးပွားရေးသမားတွေ
အမြတ်တင်ဖို့နဲ့ ခေတ်ပျက်ဖို့ စောင့်နေကြ

သပိတ်တွေလဲ ဆက်မှောက်နေကြ
လက်လုပ်သေနတ်နဲ့  တိုက်ပွဲဝင်နေကြပေါ့

ငတ်တလှည့်ပြတ်တလှည့် CDM တွေ
ပြည်သူ့ ရဲဘော်တွေ
ဒါဟာ စကားလုံး မဟုတ်ဘူး 
ဘဝတွေ

အသက်တွေ ပေးခဲ့ကြရပြီ
ဘဝတွေ မရှိတော့ဘူး
အကျဥ်းထောင်ထဲက ပြည်သူတွေ
အကျယ်ထောင်ထဲမှာလည်း ပြည်သူတွေ
ဘယ်သူမှ မလွတ်မြောက်သေးဘူး

စကားလုံးနဲ့ မကူနဲ့
စကားလုံးနဲ့ အားမပေးနဲ့
စကားလုံးနဲ့ မတော်လှန်နဲ့
စကားလုံးတွေကို ပုံဖော်ကြ

လွတ်မြောက်ခြင်း စကားလုံး အတွက်
လွတ်မြောက်ဖို့ လက်တွေ့ တော်လှန်ကြပါတော့လား

San Zuren 🌸

9 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...