ပြန်စရာအိမ်
===========
အဖေက ဓားမဦးချ
လုပ်ကိုင်ခဲ့ရတဲ့
မိဘအမွေ လယ်ယာ
ကိုင်းကျွန်းလေးကို
မျက်ရည်ရွှဲ အံ့ကို ကြိတ်
လှည့်မကြည့်ဖြစ်အောင်
စိတ်ကိုထိန်းပြီး စွန့်လွှတ်လိုက်ရတယ်...။
အမေက သူစိုက်ပျိုးထားတဲ့
စပယ် နှင်းဆီ သစ်ခွ
ပန်းတောက်ပင် အစပြုတဲ့
စိမ်းစိမ်းစိုစို ပန်းပင်ပျိုတွေ
ဝန်းရံနေတဲ့
သူမ ချစ်တဲ့ အိမ်ကို
အငိုမျက်လုံးနှင့်(နဲ့) အံကိုတင်းပြီး
ကြောခိုင်းခဲ့ရတယ်...။
အမေ့လက်ကို တစ်ဘက်
သားလက်ကို တစ်ဘက်
စွဲကိုင်ရင်း နက်ရှိုင်းတဲ့ တောနက်ထဲ
ဘဝတူတွေနဲ့ အတူ ဝင်ခဲ့ကြရတယ်ပေါ့...။
ပိုင်ဆိုင်မှုပြစရာ ဘာမှမရှိ
ဗလာနတ္ထိနှင့်(နဲ့)
လက်ထဲမှာ ရာတန်အကြွေတစ်ချို့ရယ်
ဖုန်လိမ်းလိမ်းတက်နေတဲ့ အဝတ်အစားအိတ်ရယ်
တန်ဖိုးအသင့်အတင့်ရှိတဲ့
လက်ဝတ်ရတနာလေးတွေရယ်နှင့်(နဲ့)..။
သနပ်ခါးနေ့တိုင်း လိမ်းနေကြ အမေ
နေလောင်ဒဏ်ကြောင့်
နီရဲနေတဲ့ မျက်နှာလေးက အတိုင်းသား...။
အလုပ်ချိန်ပုံမှန်သွား
အလုပ်လုပ်တက်တဲ့ အဖေ
ခုတော့ ဘဝတူတွေစု
ထင်းခုတ် ရေခတ်
ဟင်းစားရှာ လုပ်ပေးနေလေရဲ့...။
အားလုံးစိတ်ထဲ အံတကြိတ်ကြိတ်
တောက် တစ်ခေါက်ခေါက်နဲ့
ဘယ်လောက်တောင် ပူဆွေးနေကြပါလိမ့်...။
ကံဆိုးမသွားလေရာ
မိုးများလိုက်ရွာနေသလား
ဆန်စျေးကကြီး
ထမင်းတစ်နပ်မှန်မှန်စားဖို့တောင်
ရှိစုမဲ့စုဖြစ်ညှစ်သုံးခဲ့ရတယ်
လောဘသား စီးပွားရေးသမားတွေရဲ့
ရိုက်နှပ်ချက်...။
သားလေးအတွက် ဒီနှစ်ရှင်ပြုဖို့
ရည်မှန်းထားတဲ့ မိဘတွေ
သမီးလေးကို နားဖောက်ပေးဖို့
စုထားတဲ့ စုဗူးလေးရော
သားသမီးမင်္ဂလာဆောင်အတွက်
သာရေးနာရေးတွေအတွက်
ကုန်းရုန်း ရှာခဲ့တာတွေလဲ
အကုန်စွန့်လွှတ် ခဲ့ရပြီလေ....။
ဝုန်းခနဲ အသံကြားရင်
ဒိုင်းခနဲ အသံကြားရင်
တစ်ခါမှ မကြားဘူးလေတော့
မြေမှာပြားပြားဝပ်
ခေါင်းတောင် မော်မကြည့်ရဲလေတဲ့အဖြစ်။
အော် ငါတို့က ပြည်သူတွေလေ
လေယာဥ်နဲ့ ဗုံးကျဲလောက်အောင်
ဆိုးသွမ်းနေလို့လား
မြေကျင်းလေးတွေ ကိုယ်စီတူး
သားသမီးကို ပွေ့ဖက်လို့
ဝင်ခိုနေရတယ်...။
ဝမ်းဟာနေမြဲ နေ့ရက်တွေများတဲ့
ချို့တဲ့လျော့ရဲ လက်တစ်စုံနဲ့...။
သတင်းတွေကကြား
စစ်ဘေးကိုရှောင်နေတဲ့
အပြစ်မဲ့ပြည်သူ
ငါတို့အိမ်ကိုများ မီးရှို့သွားလေခြင်း
နေလို့မရအောင် ဖျက်စီးသွားလေခြင်း
နံရံမှာထောင်ထား
ဓားများကို ယူသွားလေခြင်း
မသယ်နိုင်ထား သေတ္တာများကို
ဖောက်ထွင်းသွားလေခြင်း
မယူနိုင်များပြား အိုးခွတ်ပန်းကန်များကို
ထုထောင်းသွားလေခြင်း
အဝတ်အစားနဲ့အသုံးအဆောင်များကို
ဖြန့်ကျဲ ခြေသုတ်
ဖျက်စီးသွားလေခြင်း
မစားရက် မသောက်ရက်
စုပြီးဝယ်ထား ဆိုင်ကယ်များကိုလဲ
ယူငင်သွားလေခြင်း
လိုချင်ပစ္စည်းမှန်သမျှ ပိုင်ရှင်ကိုမသိ
ခိုးသွား ရက်လေခြင်း...။
ဒါတွေဟာ ငါတို့ ချွေးနဲ့ရင်းပြီး
ရှာထားရတဲ့
ငါတို့ကိုယ်ပိုင် ပစ္စည်းဥစ္စာတွေလေ...။
စိတ်ထဲ မချိနိုင် ဘယ်သူ့ကိုများ
တိုင်ခွင့်ရှိမလဲ အမေ...။
ဖျက်ပိုးကြလို့ သီးအနှံပျက်တာ
အချိန်ခနတာ
ပိုသတ်ဆေးဖြန်း ရှင်သန်နိုင်ကြသေးရဲ့....။
ခုတော့ တိုင်းပြည်မှာ
စစ်ပိုးကြတော့
ပြည်သူလုထုရဲ့ စည်းစိမ်ဥစ္စာ
မကုန်နိုင်ရိုး ထုံးစံရှိမလား....။
ခွေးလေ ခွေးလွင့်တွေ
အိမ်မရှိလေတော့
အိမ်ရဲ့ တန်ဖိုးကို မသိ....။
မိသားစုဆိုတဲ့ အရသာ
မခံစားကြဘူးလေတော့
သူများ အသိုက်အမြုံကို
ဖျက်လို ဖျက်စီးလုပ်...။
တစ်ကောင်ကြွက်
မိဘက မဆုံးမလေတော့
ရိုင်းဆိုင်းလိုက်တာများအလွန်...။
ပညာကမတက်
အသိဉာဏ်မိုက်မဲနေလေတော့
ပြည်သူကို ရန်သူလိုသဘောထား....။
ပြည်သူက မွေးဖွားလာ
လေသလား
တိရစ္ဆာန်က ဆင်းသက်
လာလေလား
ငမိုက်သားတို့ရယ်...။
ကိုယ်ချင်းစာစိတ် ဗလာနတ္ထိ
အမိန့်ဆိုတိုင်း မှား မှန်မသိ
လိုက်လုပ်နေရင်
မင်းအမေ မင်းပြန်ရိုးခိုင်းလေရင်ကော
လုပ်နေမည်ပဲလား...။
လူရိုင်းတွေနဲ့ ဝေးရာနေ
စစ်ဘေးရှောင် ငါတို့ကိုများ
တောနင်းရှာဖွေ...။
ငါတို့ဘဝတွေ
ပုန်းနေလဲ မလွယ်
မိရင်လဲ မလွယ်
အသက်ကိုပါ ပေးရဦးမယ်...။
ငါတို့မှာ ဘာများအပြစ်ရှိလို့လဲ
ငါ့သားတို့ရယ်..။
ပြန်စရာမြေ
အိမ် မရှိတော့ပါလား
တွေးရင်းသာ ရင်မောမိတော့တယ်..။
#HAM
👇crd photo
😢😢😢
ReplyDeletedone 💙
ReplyDeleteDone
ReplyDelete👍👍👍
ReplyDelete😔
ReplyDeleteမိစ္ဆာတွေကို အမြစ်ဖြတ်သုတ်သင်မှဖြစ်မယ့်ပွဲ
ReplyDeleteC2D
ReplyDeleteစစ်မိစ္ဆာတွေကို အမြစ်ပြတ်ချေမှုန်းကြမယ်
ReplyDelete😪😪😪😪😪😪😪
ReplyDeletedone
ReplyDeleteမြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်
ReplyDeleteကြိုးစားကလစ်ကြစို့နော်
Be safe all.
ReplyDeleteကြိုးစားပီးclickပါမယ်
ReplyDeletedone
ReplyDeleteDone🦜
ReplyDelete