Friday, January 28, 2022

ကမ္ဘာကြီးလုံးတယ်ဆိုတုန်းကလည်း
ကျွန်တော်ပြုံးမိပါတယ်။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲလို့။

တစ်ခါ
ကမ္ဘာကြီးပြားပြန်ပြီတဲ့
ဘယ်လိုဖြစ်ရတာတုန်း။
အင်းပေါ့လေ။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲကိုး။

ကမ္ဘာကြီးဟာ
သူတို့အလိုအရ လုံးရပြားရ။

သူတို့အလုပ်
တော်တော်လည်း ဟုတ်တယ်လို့
သူတို့ဘာသာသူတို့
သက်သေပြချက်ထုတ်ကြတယ်။

ကျွန်တော်ဟာ သာမာန်ပြည်သူ
ကဗျာတို၊ စာတိုလေးတွေ
မရေးတတ် ရေးတတ်နဲ့ ရေးနေတဲ့
ကဗျာရေးသူပါ။

ကမ္ဘာကြီးလုံးသည်ဖြစ်စေ
ကမ္ဘာကြီးပြားသည်ဖြစ်စေ
တရားမျှတသော ကမ္ဘာကြီးသာ
တောင့်တပါ၏။    ။

အောင်ချိမ့်
(ကမ္ဘာကြီးအကြောင်း)

11 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...