Saturday, January 29, 2022


"တိုင်းပြည်"


မနက်ခင်းတိုင်း
မနက်ခင်းတိုင်းကို
သေစာရင်းတွေနဲ့
မျက်နှာသစ်နေရတဲ့
"တိုင်းပြည်"...

‌ဆုတ်ဖြဲခံရတဲ့
အမှန်တရားတွေအတွက်
မမျော်လင့်ပဲ
အနိုင်ကျင့်ခံလိုက်ရတဲ့
တရားစောင့်နတ်သမီးကလည်း
"ငိုကြီးနဲ့ချက်မ"

ဒီနိုင်ငံမှာ...
လူဖြစ်ရတာ
ကုသိုလ်ကံတွေ
ကောင်းလှချည်ရဲ့တဲ့
ဗုဒ္ဓ နဲ့ ငါ
အဲ့မှာကို လွဲခဲ့တယ်...။

မတက်နိုင်ဘူး....
ရှိရှိသမျှ ဘုရား
အကုန်ကယ်ပါ...
"အတ္တာဟိ အတ္တာနော
နာထော" ရတာလည်း
မောလှပြီ....။

ကမ္ဘာမကြေ တဲ့
တောက် ခေါက်ရပေါင်းလည်း
အလီလီ.....
ဟော..ဒီက
ဟော.…ဒီက
"ပြိုလဲနေတဲ့ တိုင်းပြည်"

/ငရာ/

8 comments:

  1. ကဗျာကောင်းတစ်ပုဒ် ကြောင့် စိတ်ဓါတ်ခွန်အားရရှိပါတယ်
    ကျေးဇူးတင်ပါတယ်ဆရာ

    ReplyDelete
  2. ဒီနိုင်ငံမှာ လူဖြစ်ရတာ ကုသိုလ်ကံတွေကောင်းလှချည်ရဲ့တဲ့။အင်မတန် ရယ်စရာကောင်းခဲ့တာ ကြာပါပြီဗျာ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...