Wednesday, January 26, 2022

" တော်လှန်ရေးက စျေးကြီးတယ် "


" တော်လှန်ရေးက စျေးကြီးတယ် "

နေရင် စျေးကြီး
သေရင်လည်း စျေးကြီးတဲ့ မြေမှာ    
တော်လှန်ရေးလည်း စျေးကြီးတယ်လို့ 
ငါတို့ မျက်မြင်ကိုယ်တွေ့ သိခဲ့ရပေါ့ 

တချို့တွေ ပြန်မဆုံတော့ဘူး 
တချို့တွေ ဖုတ်ဖက်ခါ ထွက်သွားတယ်
လူ့ အကြောင်းတွေကို သင်ရ 
သမိုင်းအသစ်ကို ရေးရ​
တော်လှန်ရေးက စျေးကြီးတယ် 

အသက်တစ်ချောင်းနဲ့ မလောက်လို့ 
အသက်ပေါင်းများစွာ ထပ်ပြီး ဝယ်ရ 
ဘဝ နည်းနည်းနဲ့ မလောက်လို့ 
ဘဝပေါင်းများစွာ ပေးဆပ်ပြီး ဝယ်ခဲ့ရ 
တော်လှန်ရေးက စျေးကြီးတယ် 

တော်လှန်ရေးက စျေးကြီးတဲ့အကြောင်းတွေးမိရင် 
စာသင်ကျောင်းမရှိတဲ့ ကချင်ရွာလေးကို သတိရ 
လျှပ်စစ်မီးမရတဲ့ ကရင်ရွာလေးကို သတိရ 
ခုထိ အိမ်မပြန်ရတဲ့ ကမန်ဒုက္ခသည်တွေကို သတိရ 
ငါတို့ရဲ့ အတိတ််တွေကို ဘယ်လို ခိုးယူခဲ့သလဲ 
ငါတို့ရဲ့ မနက်ဖြန်တွေကိုကော ဘယ်လို လုယူခဲ့ကြသလဲ

ဒီနိုင်ငံမယ် 
အသက်တွေ စျေးပေါတယ်
ဘဝတွေ စျေးပေါတယ် 
မူးယစ်ဆေးဝါး စျေးပေါတယ် 
တော်လှန်ရေးက စျေးကြီးတယ်

တော်လှန်ရေးက စျေးကြီးလိုက်တာလို့ 
ငါ ညဥ်းမိတော့ 
ရဲဘော်တစ်ယောက်က နှစ်သိမ့်တယ် 
အနာဂတ်တွေကို ဝယ်ရတာပဲ
တရားမျှတမှုကို ဝယ်ရတာပဲ
တော်လှန်ရေးက စျေးကြီးမှာပေါ့တဲ့ 

မနက်ဖြန်တွေ အတွက် 
ကိုယ့်ကောင်တွေ အသေခံပြီး ဝယ်ထားရတဲ့ တော်လှန်ရေး 
ပြားနေအောင် အနင်းခံထားရတဲ့ ဆင်းရဲသားတွေရဲ့ တော်လှန်ရေး 
မျက်ရည်တွေကနေ လှိုင်းတံပိုးတွေဖြစ်သွားတဲ့ တော်လှန်ရေး 
ကျိုးကြေသွားတဲ့ ပြာပုံထဲကမှ ဖီးနစ်လို ရုန်းထလာတဲ့ တော်လှန်ရေး
တော်လှန်ရေးက စျေးကြီးတယ်။ 

-မောင်မြတ်သူ 



#poetryoflife

13 comments:

  1. မှန်တယ် ငါတို့ရဲ့ အနာဂတ်​တွေလဲ ပုံလိုက်ရတာဘဲ

    ReplyDelete
  2. နိုင်ကိုနိုင်ရမယ်။

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
    Replies
    1. ကိုယ်ကျိုးစွန့်နစ်နာခံမှ
      နိင်မဲ့ပွဲ

      Delete
  4. စည်းကမ်းရှိပြီး စည်းလုံးညီညွတ်မှသာလျှင် ပန်းတိုင်ကိုရောက်မည်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...