Tuesday, January 25, 2022


ဟေ့ရောင် ...သားကြီးတို့ 

မင်းတို့တွေက မြန်မာပြည် ရဲ့ ကောင်းကင်အမိုးကြီးကို
 တက်လဲနေကြတာလေကွာ...
ခွေနေပြီလား
လျော့နေပြီလား
ရောင်နီပဲ လာလာ
နေမွန်းပဲ တည့်တည့်
ညအမှောင်တွေပဲရောက်ရောက်
ငါတို့ရင်ထဲ 
အမြဲတမ်း လင်းမယ့်
 "ကြယ်" က မင်းတို့ ..မင်းတို့ လေကွာ

ကိုလင်းလင်း သီချင်းလိုပါပဲ
အမှောင်ယံ ထဲ က ကပွဲတွေစရင်
ငါတို့ အတူတူ ကမယ်
ဇာတ်လမ်းတွေ တစ်ပုဒ်စီ 
တိုးတိုးလေး ရွတ်မယ်
အာရုံတွေကို နားစွင့်မယ်
တောရိုင်းဥပဒေတွေနဲ့
အကျဉ်းတန်မြို့ပြကနေ
မင်းတို့အလာကို 
ဓါးသွေးပြီးတော့စောင့်တယ်
အားခဲပြီးတော့ တိုက်မယ်
မိစ္ဆာအစွယ် ပြုတ်အောင်
ငါတို့ အတူတူ နုတ်မယ်...

ဟေ့ရောင်..တွေ
မင်းတို့ မှတ်မိသေးလား
ငါတို့ ပြောနေကျ စကားလေးလေကွာ
"ရန်ကုန်မှာ ပြန်ဆုံမယ်"

ဒါပဲကွာ...သားကြီးတို့ရေ 


/ငရာ/

18 comments:

  1. ပြည်သူ့ တော်လှန်ရေး အောင်ရမည်

    ReplyDelete
  2. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်

    ကြိုးစားကလစ်ကြစို့နော်

    ReplyDelete
  3. ကြိုးစားကလစ်လျှက်ပါ❤✅

    ReplyDelete
  4. အရေးတော်ပုံ အောင်ရမည်

    ReplyDelete
  5. ဒီနေ့နဲ့မနက်ဖြန်တောင်မသေချာတော့တဲ့လူ့ဘဝတိုတိုလေးမှာပြောချင်တာပြောလုပ်ချင်တာလုပ်ပြီးလွှတ်လွှတ်လပ်လပ်နေမယ်ဘယ်သူမှတားလို့မရဘူး ငါတို့လွှတ်လပ်မှုငါတို့အခွင့်အရေးအသာတကြည်မရရင်တိုက်ယူမယ်အဆုံးထိ ငါတို့မျိုးဆက်သမိုင်းမရိုင်းစေရ

    ReplyDelete
  6. ရန်ကုန်မှာ ပြန်ဆုံကြမယ်

    ReplyDelete
  7. သားကြီးက ပြောတယ်..
    သူတို့တခါတလေfbကိုသုံးတဲ့အခါ ပုံမှန်လိုနေကြတဲ့သူတွေ
    မြင်ရလေ စိတ်နာ သူတို့လေ့ကျင့်မှုပြင်းထန်လေတဲ့

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...