Tuesday, January 25, 2022


ရင့်ကျက်သော ရင့်သီးမှု

အချိန်တွေကြာခဲ့ပြီးနောက်မှာ
ငါဟာ ပါပီယွန့်စကား မှန်ကြောင်းသိလာခဲ့

အပြော၊အရေး၊အတွေးတိုထက် ဗလထုတ်ပြဖိုလိုနေခဲ့
သက္ကရာဇ်တော်တော်ဝေးဝေးဆီသို ခေတ်နောက်ပြန်ဆွဲ
လက်ရုံးရည်ခေတ်ကြီး ပြန်ရောက်လာတယ်

ပြောင်းဝအာဏာ ဆုပ်ကိုင်ထားသူတိုရယ်
အရေး၊အတွေး၊အပြောလေးနဲ့ပဲ တတ်နိုင်တဲ့ငါရယ်

ပြဒါးတစ်လမ်း သံတစ်လမ်း ထိရောက်မှုအကြီးကြီးခြားနားနေခဲ့
ကလောင်ကိုပဲကိုင်တဲ့ ဤလက်က သေနတ်ကိုစွဲ
လူမဟုတ်သူတို ခေါင်းထဲ ကျည်ဆံသာထည့်ခဲ့
လူမဟုတ်တော့ စာကဗျာတွေသွင်းလို ဘယ်ဖြစ်မလဲ
ဖန်တီးသူသာ နစ်နာပါမယ်

ဂစ်တာကြိုးကြောင့်ပွန်းခဲ့တဲ့ ဒီလက်ချောင်းတွေက
မောင်းခုလုတ်ကို ဆွဲလိုဖြုတ်ကာ ငါဟာအာဂ
အမိမြေကိုစောင့်ရှောက်မယ့်သူကွ

ဘယ်ဆီဘယ်အခါ ရောက်လာမှ
ဤကလောင်တံကိုလက်က မချစတမ်း
ပြန်လည်ဖန်တီးနိုင်မယ်မှန်း
မသိခြင်းတိုနဲ့ပဲ လုံးပန်း
အနုပညာကလည်း ကြမ်းတမ်းလို မလန်းဆန်းတော့ပြီ

ဟာသတွေကလည်း မရယ်နိုင်ပြီ
ကြည်နူးခြင်းတိုလည်း မရှိနိုင်ပြီ
ငိုကြွေးခြင်းတိုလည်း အသက်မဲ့ပြီ

ငါသည်အနုပညာနဲ့ မသိမသာပဲဝေးခဲ့ပြီ
လူတိုနှလုံးသားကို စာကဗျာများ
ထည့်သွင်းစီးဆင်းလို ပျော့ပျောင်းသွားအောင်
ကြံဆောင်နေကြ ဤလက်နဲ့ဦးနှောက်က
အခုတော့ မောင်ခုလုတ်ကိုဆွဲဖြုတ်ဖို အမိန့်ချ
"ဒိုင်း"ကနည်း မြည်သံက ငှက်များလန့်ဖျတ်စေခဲ့ရပြီ

တေးသံတိုသာ ညည်းညူကာ
သာယာနာပျော်စရာသာ
ထုတ်ပြောသော ဤပါးစပ်က
"ပစ်"လို အကြင်နာမဲ့သော အမိန့်များ
ရေရွတ်လို ထွက်သွားခဲ့ပြီ

ကဗျာဆိုသည်ကိုလည်း မေ့ခဲ့ပြီ
စာဆိုသည်ကိုလည်း မတွေးခဲ့ပြီ
သွေးစွန်းနေသော လက်ဖြင့်သာ
ငါမသိသောသူတိုနဲ့ ရန်တွေ့ခဲ့ပြီ

တစ်နေ့နေ့တော့ ပြန်လာကာ
ဤကလောင်တံငါ ကိုင်ဖြစ်ခဲ့လို
ရင်ထဲက ဒဏ်ရာအမာရွတ်တိုနှင့်
သွေးတိုထားသော ကလောင်တံကိုကိုင်ရင်း
ဤအက္ခရာ ကဗျာစာများအား သွေးနံ့တိုမကင်း
ရေးခြစ်လို အရှင်း
ခံစားချက်တိုကို ချနင်းကာ
ဖော်ပြဖြစ်ပါမည်

#Tommy

8 comments:

  1. တနေ့ကျ လွတ်လပ်ပီးစည်ကမ်းပြည့်ဝတဲ့
    ဖယ်ဒရယ်ဒီမိုကရေနိင်ငံတော် လူငယ်တွေဦးဆောင်မှုအောက်တွေ့ခွင့်ကြုံခွင့်ရချင်ပါသေးတရ်❤✅

    ReplyDelete
    Replies
    1. ခုလဲအဲတိုင်းပဲ့✅

      Delete
  2. တရား​သောတိုက်ပွဲ​အောင်မြင်ရမည်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...