Friday, January 28, 2022

အသွားနှစ်ဖက်နဲ့ ဓါး


အသွားနှစ်ဖက်နဲ့ ဓါး


အသွားနှစ်ဖက်နဲ့ ဓါးလို
ဒီနေ့ ဒုက္ခတွေဟာ 
နှစ်ဖက်စလုံးကို ထိတယ်

ပိုအားစိုက်တဲ့ ဖက်က
ပိုပြီး နာကျင်ရတယ်

ဒါပေမယ့် အပြုံးမပျက်
ရှေ့‌ဆက်တိုးနေကြတယ်

တချို့က နာမည်မကြီးဘူး
ဒါ‌ပေမယ့် ပုဒ်မကြီးတယ်

သူ့အကြောင်း ပြည်သူက မသိဘူး
ရန်သူကတော့ သိတယ်

ရောင်နီလာရင် တလေးတစား
ဂါရဝပြုရမယ့် သူတွေ

ခေတ်က မှတ်ကျောက်တင်ထားတဲ့
ပြည်သူ့သားကောင်းတွေကို
အစဉ်အမြဲ ဦးညွတ်လျက်...

San Zuren 🌸

9 comments:

  1. ငွေမလှူနိုင်လည်းအားငယ်စရာမရှိ
    နေ့တိုင်းကလစ်ရင်း ကူညီလို့ရတယ် ရဲဘော်တွေကို 💪💪❤️

    ReplyDelete
  2. အဲဒါ သိပ်မှန်ပါတယ်..zuren
    မထင်မရှားရော ထင်ထင်ရှားရှားရော..
    ကျဆုံးခဲ့ သူရဲကောင်းများကိုအမြဲဦးညွတ်
    အလေးပြုလျှက်ပါ✅✅

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...