Thursday, January 27, 2022

ခေတ်ကိုရေးမယ့် သူရဲကောင်းများ


ခေတ်ကိုရေးမယ့် သူရဲကောင်းများ


သေသူ သေခဲ့ပြီ
ရှင်ကျန်ရစ်သူကတော့
လောကငရဲပါပဲ

ပုံမှန်ဘဝ
ပုံမှန်အပျော်
ပုံမှန်ရက်စွဲတွေ
ရှင်လျက်နဲ့ ဘဝခြားနေသလို
ကိုယ်နဲ့ သက်ဆိုင်မှု မရှိတဲ့ 
အတိတ်တွေလို

နေရာသစ်ဟာ အလွမ်းတွေကို
ထွေးပွေ့ဆီးကြို ထားလေရဲ့

တော်လှန်ရေးဟာ
သွေးဆိုရင်
ချစ်ခြင်းမေတ္တာက
အသက်ပါပဲ

တဆစ်ဆစ်နာကျင်လည်း
တင်းတင်းကြပ်ကြပ် 
ဖက်တွယ်ထားနေတုန်းပဲ

ငါတို့ဟာ
ခေတ်ကိုရေးမယ့် သူရဲကောင်းများ

San Zuren 🌸

16 comments:

  1. ကြောက်တရားကိုဖျောက်..
    ​ကြာခဲ့တဲ့သမိုင်းဖစ်စဥ်ကိုတခါပြန်ကြည့်
    ငါတို့မှာ ငါတို့ပဲ့ရှိတယ်အရူံးမပေး စိတ်ဓာတ်နဲ့ငါတို့ရှေ့ကြမရ်..ွ ဖိရင်ရုန်း ရုန်းမှ လွတ်မြောက်မှာပါ
    fighting all clickers❤

    ReplyDelete
  2. ဝမ်းရေးအတွက်လည်းလုပ်ကြမယ် ရဲဘော်တွေအတွက်လည်း click ကြမယ်နော် နေ့တိုင်း❤️

    ReplyDelete
  3. အညာကနေ ကလစ်ပေးနေတယ်...
    အရေးတော်ပုံအောင်ရင် တနသာရီကို အလည်လာမယ်......

    ReplyDelete
  4. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်

    ကြိုးစားကလစ်ကြစို့နော်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...