Monday, January 31, 2022

အချစ်ရေ့ မောင်မောင်မငိုဘူး


အချစ်ရေ့ မောင်မောင်မငိုဘူး
_____________________

ဘဝမှာ 
တယောက်ထဲကို ချစ်ဖူးပြီ
အယူဝါဒတခုကို ယုံပြီးပြီ
တပ်တောင်တာ ဗိုလ်ထုကိုလည်း
အံတုခဲ့ဘူးပြီ

ငါတို့ရဲ့ဘဝများ
ငါတို့အခွန်များလို 
ဖြစ်ချင်ရာလည်း ဖြစ်ခဲ့ပြီ

မင်းရင်ငွေ့ကိုလှုံပြီး
အသက်ရှင်ခဲ့သည်
အလံတခုကိုခြုံပြီး
သေအုံးမည် 
မောင်မောင်မငိုဘူး ရင့်ကျက်ပြီ ။     ။

-ဆူးရစ်နွယ်

14 comments:

  1. မဂ်လာပါလို့ နုတ်ဆက်ဖို့တောင် မဂ်လာမရှိတဲ့နေ့ရက် ပါလား ဒီနေ့က ငါတို့မြန်မာပြည်သူလူထုရဲ့ဘဝမိုးမှောင်ကျတဲ့နေ့တနေ့ပဲလေ ပြန်လှည့်ခွင့်သာရမယ်ဆိုရင် 2021 January 31ဒီနေ့ညအတွက်ကြိုတင်ပြင်ဆင်ထားလိုက်ချင်တယ် ငါတို့ခေါင်းဆောင် ငါတို့သူရဲကောင်း အပြစ်မဲ့တဲ့သေဆုံးသွားတဲ့ငါတို့ပြည်သူတွေ တကယ်ကိုမတန်ဘူး မအလ မျိုးသုန်းမှကိုဖြစ်မှာ

    ReplyDelete
  2. ကြယ်တွေထပ်မချွေ
    ကြယ်တွေမကြွေပါနဲ့တော့လား😔

    ReplyDelete
  3. ဘာလိုလိုနဲ့ခွေးလက်အောက်မာတစ်နှစ်ပြည့်တော့မယ်

    ReplyDelete
  4. အားတင်းထားပါ။​အောင်ပွဲက လက်တကမ်းမှာပါ။

    ReplyDelete
  5. မေလည်းမငိုတော့ဘူး😁😁😁

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...