Friday, October 29, 2021

Click 4 Tanintharyi

"သနပ် မုန့်တီ"


သနပ် မုန့်တီဆိုတာတော့ တနင်္သာရီ ဒေသ အစားအစာ တစ်မျိုးဖြစ်ပါတယ်။သနပ်ကို လူတိုင်းနီးပါး သိလောက်ပေမယ့် မုန့်တီနဲ့တွဲပြီး စားကြတာတော့ နည်းနည်းထူးဆန်းနေသလိုဖြစ်နေမှာပါ။

နှမ်းလှော်မွှေးမွှေး ရှောက်ရွက်အနံ့ တသင်းသင်းနဲ့ သနပ်ကတော့ အသီးအရွက်​​ေတွနဲ့ သုပ်ရတာပါ။ပဲတောင့်ရှည်၊ခရမ်းသီး၊ပန်းကော်ဖီ၊ပဲပင်ပေါက်၊ကြက်သွန်နီ စတဲ့ အသီးအရွက်တွေကို အတုံးသေးသေးလှီးပြီး နနွင်းမှုန့်၊ပအုန်းရည်နဲ့ရေရောထားတဲ့ရေပူဆူဆူထဲကို ထည့်ပြီးတော့ ရေနွေးဖျောရပါတယ်။နည်းနည်းနွမိးတဲ့အခါကျ ဇကာလေးနဲ့စစ်ထားပြီးတော့ စိမ်းစားငပိအရေဖျော်လေးကို မီးလေးနဲ့ ခဏကြိုပါတယ်။ကြက်သွန်ဖြူနဲ့ငရုတ်သီးဆီနာနာ သတ်ထားတဲ့ ဆီကျက်မွှေးလေးက အဆင့်သင့်ဖြစ်နေပြီဆိုရင် အသီးအရွက်၊ငပိကြိုရည်၊ဆီချက်လေးနဲ့ ရောမွှေလိုက်ရင် အနံ့ရောအရသာပါ ပြည့်စုံတဲ့ သီးစုံသနပ်လေးရပါ​ပြီ ။နှမ်းလှော်ထောင်းလေးနဲ့ပါးပါးလှီးထားတဲ့ ရှောက်ရွက်နဲ့စပါးလင်လေးကိုတော့ သနပ်ပေါ်အုပ်ရမှာဖြစ်ပါတယ်။မုန့်တီဖတ်နဲ့ တွဲသုတ်ပြီး ငရုတ်သီးတောင့်ခြောက်ကြော်လေးနဲ့ တွဲစားကြတာပါ။ တချို့ကတော့ သနပ်ကို ငှက်ပျောဖူး၊ ပိန္နဲအကာ စသဖြင့် ရာသီပေါ်ရာ အသီးအရွက်တွေနဲ့လည်း သုပ်ကြပါတယ်။

သီးစုံသနပ်နဲ့မုန့်တီကို တနင်္သာရီတိုင်းကို လာဖြစ်ခဲ့ရင် မြည်းစမ်းကြပါခင်ဗျာ။




#photocredit
















8 comments:

  1. အိမ်မှာဒီနေ့ချက်တယ်��

    ReplyDelete
  2. ကြိုက်တယ်😋😋

    ReplyDelete
  3. မုန်တိဖတ်နဲ့စားတယ်
    ရှောက်ရွက်အနုံလေးနဲ့ကြိုက်တယ်

    ReplyDelete
  4. အယ်နေ့လုပ်စားဟယ်လာစားကြပါအေ

    ReplyDelete
  5. စားကွန်းဟိုပုံဘဲ့��������

    ReplyDelete
  6. သနပ်နဲ့မုပန်လုပ်နေလို့Clickတာနောက်ကျသွားဟယ်အေ

    ReplyDelete
  7. တတိယအကြိမ်ဝင်လို့ပီးပီအေ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...