Saturday, October 23, 2021

လူငယ်လေးတစ်စု
ခေတ်တိုင်းမှာ သူတို့ရှိတယ် ။

ဆေးလိပ်ကြိုက်တယ်
ကဗျာကြိုက်တယ်
လက်ဖက်ရည်ကြိုက်တယ်
စာအုပ်ကြိုက်တယ်
ဂန္တဝင်ဂီတကြိုက်တယ်
နောက်ပြီး
နိုင်ငံရေးကြိုက်တယ် ။

လူတွေက သူတို့ကို အရူးလို့ထင်ကြတယ်။
ကျောက်တောင်ကို 
ကြက်ဥ နဲ့ပေါက်တဲ့အကောင်တွေတဲ့။

တချို့ကလည်း သူပုန်လောင်းလေးတွေတဲ့။
ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့။

ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး
လူကြောင်တွေတဲ့ 
ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့ ။

မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ် 
ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်
မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ် 
အချစ်ရေးတော့ကံခေကြတယ်ဗျ ။

အချိန်တန်တော့သူတို့တွေဟာ
သံတိုင်တွေ နောက်မှာ
တောတောင်လျှိုမြောင်တွေကြားမှာ 
ဘာဆုလာဒ်မှမရဘဲ
ပျောက်ဆုံးကုန်ကြတယ် ။

လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစ်စုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။

-မောင်ငြိမ်းချမ်း

#poetryoflife


5 comments:

  1. ညီလေးတို့ ညီမလေးတို့ကို အောင်မြင်မှု့တွေ အများကြီးရပါစေလို့ဆုတောင်းပေးပါတယ်

    ReplyDelete
  2. ဟုတယ်နော်ဒါပေမဲ့အမတို့ကတော့pdfတွေကိုချစ်တယ်😘😘

    ReplyDelete
  3. ဘေးရန်ကင်းစွာပြန်လာပေးပါခလေးတွေရေ.အောင်ရမည်

    ReplyDelete
  4. Heroes will be remembered in heart.

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...