Wednesday, October 20, 2021

သီတင်းကျွတ် လပြည့်၊ အဘိဓမ္မာ အခါတော်နေ့

 သီတင်းကျွတ် လပြည့်​​‌နေ့သည် ထေရဝါဒ သာသနာတော်မြတ်၏ နေ့ထူးနေ့မြတ်ဖြစ်၏။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်ရှိ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ မွေးကျေးဇူးဆပ်သည့် အနေဖြင့် အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ဟောကြားတော်မူ၏။

ထို့ကြောင့် အဘိဓမ္မာခုနစ်ကျမ်း ပေါ်ပေါက်
လာခဲ့ရပေ၏။ ပဌာန်းဒေသနာတော်ကို လူ့ပြည်၌
ဟောကြားခဲ့ခြင်းမဟုတ်ပေ။ တာဝတိံသာ နတ်ပြည်၌ ဟောခဲ့​ခြင်းဖြစ်ပါပေသည်။ 

လူ့ပြည်၌ အဘယ့်​ကြောင့် ပေထက် အက္ခရာတင်နိုင်သနည်း။ တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သော အဘိဓမ္မာတရားများကို ပညာအရာရာတွင် ဧတဒဂ်ရသော ရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား မေးလျောက်သဖြင့် ဗုဒ္ဓမြတ်စွာဘုရားက အကျဉ်းမျှပြန်ဟောပြတော်မူလေသည်။ ရှင်သာရိပုတ္တရာက နည်းတစ်ထောင် ခြံရံ၍ /နည်းလမ်းတစ်ထောင် အကျယ်ချဲ့၍ သ်ိတော်မူ၏။

ထို့ကြောင့် ဆင့်ကဲအာဂုံဆောင် လက်ဆင့်ကမ်းရာမှ ပေထက်အက္ခရာတင်နိုင်ခြင်း ဖြစ်ပေတော့သည်။ မြတ်စွာဘုရားရှင်သည်  ဝါဆိုလပြည့်နေ့မှ
သီတင်းကျွတ်လပြည့်နေ့ထိ #တာဝတိံသာနတ်
ပြည်၌ အဘိဓမ္မာတရားဟောတော်မူ၏။

ထို​​ကြောင့် အဘိဓမ္မာတရားတော် အဆုံးသတ်သည့် သီတင်းကျွတ် လပြည့်နေ့ကို ( အဘိဓမ္မာအခါတော်နေ့) ဟုခေါ်ဆိုခြင်းဖြစ်၏။ ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် ယမကပါဋိဟာရိယဥာဏ်ဖြင့် ရေအစုံမီးအစုံ တန်ခိုးတော်ကို  ပြတော်မူ၏။#ယမိုက်ပြာဋိဟာတန်ခိုးတော် ဟုခေါ်တွင်လေသည်။

လက်ဝဲနားတော်မှ ရေ /လက််ယာနားတော်မှမီး 
လက်ဝဲမျက်လုံးတော်မှ မီး /လက်ယာမျက်လုံးတော်မှရေ စသည်အားဖြင့် ဒွါရတော်များမှ၎င်း ။ကိုယ်ခန္ဓာတော် အစိတ်အပိုင်းများမှ၎င်း၊  ရေ  မီး အစုံ တစ်လှည့်စီ ထွက်ပေါ်  ယိုစီးပြခြင်း ယမိုက်ပြာဋိဟာ တန်ခိုးတော်ဟုခေါ်ပါသည်။ ဤအရာများသည်မြတ်စွာဘုရားရှင်နှင့်သာ သက်ဆိုင်ပါသည်။ 
အခြားတန်ခိုးရှင်များနင့် မသက်ဆိုင်ပါ။ #ရှေးပွင့်တော်မူကုန်သော မြတ်စွာဘုရားရှင် တို့၏ ပြုမြဲဓမ္မတာဖြစ်သော​​​ကြောင့်သာ ယမိုက်ပြာဋိတန်ခိုးတော်ကို ပြခြင်းဖြစ်၏။ ဂုဏ်သတင်းကျော်ဇောဖို့
လာဘ်လာဘရဖို့ တန်ခိုးပြခြင်းမဟုတ်ပါ။

မြတ်စွာဘုရားသခင်သည်  ယမိုက်ပြာဋိဟာတန်ခိုးတော် ပြပြီးနောက်လူ့ပြည်ရှိ အိန္ဒိယ နိုင်ငံနေရာ သက်ဿနဂိုရ်ပြည်သို့ နတ်မင်း  ဗြဟ္မာမင်းဖန်ဆင်းပေးသော ပတ္တမြားစောင်းတန်းမှ ​​​​​​ကြွတော်မူ၏။လက်ယာဘက်ရွှေစောင်းတန်းမှ ဗြဟ္မာများက လိုက်ပါလာ၏။ လက်ဝဲဘက်ငွေစောင်းတန်းမှ နတ်မင်းများကလိုက်ပါလာ၏။

ပဉ္စသိက္ခနတ်သားက နတ်စောင်းကိုတီးလျက် / အချို့နတ်သားများက နတ်ခရုသင်းကိုမှုတ်လျက်/ ဗြဟ္မာတစ်ဦးက ကနက္ကဒါန် ထီးဖြူတော်ကိုမိုးလျက်ဆင်းသက်လိုက်ပါလာကြ၏။

 ဤ အချင်းအရာကို မြင်ရသောမြတ်စွာဘုရားရှင်၏ ထူးကဲသော အသရေတော်ကိုမြင်ရသော  လူ/နတ်ဗြဟ္မာများသည်ဘုရားဆုပန်ကြကုန်၏။
 ထို့ကြောင့် #သီတင်းကျွတ်  လပြည့်နေ့ကို  
 ဘုရားဆု ပန်သောနေ့ ဟုလညိး ခေါ်ကြ၏။
နောက်တမျိုးကတော့ -

သီ= ရဟန်း သံဃာတော်များသည် ပါတိမေက္သံသံ

ဝရသီလ = ဣန္ဒြိယသံဝရသီလ  (ဣန္ဒြေခြောက်ပါးတို့ကိုစောင့်စည်းမူ) 

အာဇီဝပါရိသုဒ္ဓိသီလ=(မသန့်ရှင်းသော အသက်မွေးမူကိုရှောင်ခြင်း)

ပစ္စယသန္နိဿိတသီလ ဆွမ်း  ကျောင်း ဆေး သက်န်း  ပစ္စည်းလေးပါးကို ဆင် ခြင် မှီဝဲခြင်း )

ဤ လေးပါးပေါင်းစု၍ စတုပါရိသုဒ္ဓိသီလဟုခေါ်၏။ အဆိုပါ သီလ လေးပါးအား မပေါက်ကြားအောင်  မပျောက်ကြားအောင် ဝါတွင်းသုံလ၌  တစ်ရက်ချင်းအားဖြင့် ပန်းကုန်းသဖွယ် သကုန်းထိန်းသိမ်းရ၏။

တင်း =သံဃာတော်များအနေဖြင့် စောင့်ထိန်းရမည့် သီလလေးပါးအား / အာပတ် ခုနစ်ပါးအား  တင်းရင်းရင်း ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရပေ၏။ သို့မှသာ ကထိန်ခင်းအပ်၏။

ကျွတ်=သံဃာတော်များအနေဖြင့် ဝါတွင်းသုံးလ
ပြည့်မှသာ အလိုရှိအပ်သော နေရာသို့ ပဝါရဏာပြု​ပြီးမှသာ ကျွတ်ကျွတ်လွတ်လွတ်ကြွသွားခွင့်ရှိ၏။ 

( ဝါတွင်းကာလ၌ ညခြောက်နာရီမှ  မနက်ခြောက်နာရီထိ ကျောင်းပြင်ပသို့ ထေကြီးဝါကြီးထံ ဝါပန်ပြီးမှကြွခွင့်ရှိ၏။ )

မြတ်စွာဘုရားသည်ပင်လျှင် တာဝတိံသာနတ်ပြည်၌ သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုပြီး မှသာ လူ့ပြည့်သို့ဆင်းသက်ကြွမြန်းတော်မူ၏။ ထိုနေ့ကို ပဝါရဏာပြုသောနေ့ ဟုလည်းခေါ်၏။ မြတ်စွာဘုရား လူ့ပြည်သို့ဆင်းသက်ကြွမြန်းသည့်နေ့တွင် လူ့ပြည်လူသားများက ဆီးမီးများထွန်းညှိ၍ ဆီးကြိုပူဇော်ကြ၏။

ထိုနေ့တွင် #မြတ်စွာဘုရားသခင်၏ လောက
ဝိဝရဏတန်ခိုးတော်ကြောင့် ငရဲပြည်  လူ့ပြည် နတ်ပြည်   ဗြဟ္မာ့ပြည်အား  စကြာဝဠာတစ်ခုလုံး
အား  တိုးလျိုပေါက်/ ထုတ်ချင်းပေါက်မြင်ရ၏။
လူ၊ နတ်​၊ ဗြဟ္မာ၊ ငရဲသား အားလုံးတို့သည်တစ်ဦး
ကို တစ်ဦး ထင်ထင်ရှားရှား မြင်ကြရ၏။

ထိုကြောင့် သီတင်းကျွတ် လပြည့်၊ အဘိဓမ္မာ အခါတော်နေ့သည့်ကား ဗုဒ္ဓဘာသာဝင် အပေါင်းတို့၏ 
အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ပင် ဖြစ်ပေတော့သည်။

#Crd_Photo
#C4T_Admin_Team




2 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...