"သနပ် မုန့်တီ"
သနပ် မုန့်တီဆိုတာတော့ တနင်္သာရီ ဒေသ အစားအစာ တစ်မျိုးဖြစ်ပါတယ်။သနပ်ကို လူတိုင်းနီးပါး သိလောက်ပေမယ့် မုန့်တီနဲ့တွဲပြီး စားကြတာတော့ နည်းနည်းထူးဆန်းနေသလိုဖြစ်နေမှာပါ။
နှမ်းလှော်မွှေးမွှေး ရှောက်ရွက်အနံ့ တသင်းသင်းနဲ့ သနပ်ကတော့ အသီးအရွက်ေတွနဲ့ သုပ်ရတာပါ။ပဲတောင့်ရှည်၊ခရမ်းသီး၊ပန်းကော်ဖီ၊ပဲပင်ပေါက်၊ကြက်သွန်နီ စတဲ့ အသီးအရွက်တွေကို အတုံးသေးသေးလှီးပြီး ပအုန်းရည်နဲ့ရေရောထားတဲ့ ရေပူဆူဆူထဲကို ထည့်ပြီးတော့ ရေနွေးဖျောရပါတယ်။နည်းနည်းနွမိးတဲ့အခါကျ ဇကာလေးနဲ့စစ်ထားပြီးတော့ စိမ်းစားငပိအရေဖျော်လေးကို မီးလေးနဲ့ ခဏကြိုပါတယ်။ကြက်သွန်ဖြူနဲ့ငရုတ်သီးဆီနာနာ သတ်ထားတဲ့ ဆီကျက်မွှေးလေးက အဆင့်သင့်ဖြစ်နေပြီဆိုရင် အသီးအရွက်၊ငပိကြိုရည်၊ဆီချက်လေးနဲ့ ရောမွှေလိုက်ရင် အနံ့ရောအရသာပါ ပြည့်စုံတဲ့ သီးစုံသနပ်လေးရပါပြီ ။နှမ်းလှော်ထောင်းလေးနဲ့ပါးပါးလှီးထားတဲ့ ရှောက်ရွက်နဲ့စပါးလင်လေးကိုတော့ သနပ်ပေါ်အုပ်ရမှာဖြစ်ပါတယ်။မုန့်တီဖတ်နဲ့ တွဲသုတ်ပြီး ငရုတ်သီးတောင့်ခြောက်ကြော်လေးနဲ့ တွဲစားကြတာပါ။ တချို့ကတော့ သနပ်ကို ငှက်ပျောဖူး၊ ပိန္နဲအကာ စသဖြင့် ရာသီပေါ်ရာ အသီးအရွက်တွေနဲ့လည်း သုပ်ကြပါတယ်။
သီးစုံသနပ်နဲ့မုန့်တီကို တနင်္သာရီတိုင်းကို လာဖြစ်ခဲ့ရင် မြည်းစမ်းကြပါခင်ဗျာ။
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
လူသားဆန်ဖို့ Clickရမယ်💪✊ ဘာဖြစ်ဖြစ်Clickမှရမယ်လို့သာတွေးပြီး clickကြရအောင်ပါခင်ဗျာ။ #photocredit
-
◼အမှောင်◼ ကျေးရွာအနှံ့ မီးလင်းလိုက်တာ ထိန်လို့...။ တခဏချင်း ပြာပုံဖြစ်သွားတယ် ။ ©လကျာ်ဧ #thevoiceofspring #poem #thevoiceofspring




No comments:
Post a Comment