"ထားဝယ် မုန့်ဟင်းခါး"
မုန့်ဟင်းခါးကို မြန်မာပြည်သူ/သားတိုင်း စားကြ/ကြိုက်ကြပါတယ်။ ဒေသအလိုက် ချက်နည်းအမျိုးမျိုးနဲ့ ချက်လေ့ရှိပြီး ဒေသအမည်လေးတွေကိုအစွဲပြုပြီး မုန့်ဟင်းခါးကို အမည်တပ်ခေါ်လိမ့် ရှိပါတယ်။ထားဝယ်ဒေသမှာတော့ ချက်နည်းနဲ့ ဒေသနာမည်ကို အစွဲပြုပြီး ထားဝယ်မုန့်ဟင်းခါးလို့ ခေါ်ကြပါတယ်။
ထားဝယ်မုန့်ဟင်းခါးဟူသည် ထားဝယ်ရိုးရာ အစားအသောက် တစ်မျိုးပင် ဖြစ်ပါသည်။
ထားဝယ်မုန့်ဟင်းခါးမှာပါဝင်တဲ့ အဓိကအစိတ်အပိုင်းကတော့ ငှက်ပျောပင်ဖြစ်ပါတယ်။ငှက်ပျောပင်ရဲ့အကာနဲ့ချက်တာမျိုးမဟုတ်ပဲ ငှက်ပျောပင်ရဲ့အလယ်အူကိုအဝိုင်းလိုက်ပါးပါးလှီးပြီး ချက်တာဖြစ်ပါတယ်။စပါးလင်၊ ကြက်သွန်ဖြူ/နီ၊ ဂျင်း၊ ငရုတ်သီးမှုန့် စတဲ့အနှစ်တွေကို ဆီများများနဲ့ဆီမွှေးသတ်ရတာကတော့ ထားဝယ်မုန့်ဟင်းခါးရဲ့ အသက်ပါ။ ဟင်းရည်အလေးအရသာအတွက်ကို ငါးပုပ်ခြောက်ပြုတ်ထောင်းကို ထည့်လေ့ရှိပြီး လတ်ဆတ်တဲ့ရိုးရိုးငါးကို ပြုတ် အရိုးနွှင်ပြီး ထည့်ရမှာကတော့ မပါမဖြစ်လုပ်ရမှာဖြစ်ပါတယ်။တခြားဒေသက မုန့်ဟင်းခါးတွေနဲ့ မတူတဲ့အချက်ကတော့ ထားဝယ်မုန့်ဟင်းခါးအရည်က သိပ်မသွက်ပဲ ပျစ်ပျစ်လေးနဲ့ အဆီများများ အနှစ်များများ ဖြစ်နေတာပါ။အနှစ်များများရဖို့ ကုလားပဲကို ပြုတ်ပြီး ထောင်းထည့်ပြီး ချက်လေ့ရှိပါတယ်။
ထားဝယ်ဒေသရဲ့ နေရာအလိုက် ချက်နည်းလည်းကွဲပြားပါလိမ့်မယ်။ တချို့က တညင်ရွက် (ထားဝယ်အခေါ် လန်ဂေါ်ဝပ်)ကို ဆီသတ်ပြီး ပအုန်းရည် (ထားဝယ်အခေါ်- အုန်းရယ်)နဲ့ ကြက်သွန်နီ များများနဲ့ အရည်သွက်သွက် ချက်လေ့ရှိပါတယ်။
ထားဝယ်မုန့်ဟင်းခါးကိုတော့ ဆီထမင်း၊ ကြက်သွန်ကြော်၊ ပဲပြုတ်တို့နဲ့တွဲစားလေ့ရှိပါတယ်။
ဒေသန္တရ ဗဟုသုတ ရရန်နှင့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် သမိုင်းအမွေအနှစ်များကို ဖော်ထုတ်ရန် အလို့ဌာ တင်ပြခြင်းသာ ဖြစ်ပါသည်။ စာရေးဆရာ၊ သမိုင်းသုတေသီများ မဟုတ်သည့် လူငယ်လူရွယ်များမှ ဖော်ထုတ်ရေးသားခြင်းသာ ဖြစ်ပါ၍ အမှားအယွင်းများ ပါဝင်သွားခဲ့ပါက ထောက်ပြပြောဆိုပေးပါရန် ပန်ကြားအပ်ပါသည်။
C4T ၏ Digital Strike တွင် ပါဝင်ရင်း အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ဖို့လည်း နှိုးဆော်ပါရစေ ခင်ဗျာ/ရှင့်...
ရယ်မျို ဘီ😋😋😋
ReplyDeleteကြိုက်စတပတ်တခါချက်စားဟယ်N
ReplyDeleteအိမ်မှာအခုရှိတယ်စားကျမလား
ReplyDeleteစားရှင်ဟယ်🤤
ReplyDeleteလာစား
Deleteမုဟန်းခါး.ကြာဇံဟန်းခါးစား
ReplyDeleteKyite tal
ReplyDeleteKyite
ReplyDelete