Wednesday, April 20, 2022



နွေဦးရဲ့ နှစ်ကူး
____________

တော်လှန်ရေးက တစ်နှစ်ပြည့်ခဲ့ပြီး 
တက္ကသိုလ်ရဲ့ သစ်ပုတ်ပင်ထက်က 
လွမ်းနာကျ ဥဩငှက်ငယ် 
နွေဦးကို စိတ်နာတဲ့ခံစားချက်တွေနဲ့ 
ဆောင်းတွင်း တမနက်မှာ  
ကြိုတင်ကာ တွန်ကျူးနေတယ်။ 
 
တစ်ချိန်က 
အနာဂတ် ကြယ်ကလေးတွေ 
ပျော်ပျော်ကြီး ငှားနေခဲ့ရတဲ့ 
နှစ်သောင်းခွဲတန် ငါးပေခန်းလေးထဲမှာ 
ခုဆို ကြမ်းပိုးတွေဝမ်းနည်းနေလောက်ပြီ။ 
 
စိန်ပန်းပွင့်က နီတယ် 
ပြည်သူ တွေက ညီတယ် 
ကျောင်းသားသွေးက ရဲတယ် 
သို့သော် 
မြောက် ပြန်ကျည်အဝေ့မှာ အဓိပတိလမ်းထက် 
ရနံသင်းတဲ့ ကံ့ကော်ပန်းကလေးတချို့ 
လှိုင်လှိုင်ကြီး ကြွေကျခဲ့ရ။ 
 
တစ်ခါတစ်ခါ 
ကျောင်းWelcome တွေကို သတိရမိသလို 
လက်ရှိမှာ စစ်ပွဲတွေက 
ပိုပျော်ဖို့ကောင်းလာတယ်။ 
 
အများကျိုးဆောင် ကိုယ်ကျိုးအောင် 
ဒါကိုတော့ ရှေးအစဥ်လာဆိုပြီး 
လက်ဆင့်ကမ်းလို့ မဖြစ်သေးဘူး 
ငါတို့လိုချင်တာ ခေတ်မှီနည်းပညာ။ 
 
စည်းစနစ်ကျကျမလုပ်နိုင်ရင်တော့ 
မမျှမတ အလိမ်ခံအနှိမ်ခံဘဝတွေ 
သက်ဆိုးရှည်နေလိမ့်မယ်။ 
 
အိပ်ပျော်နေရှာတဲ့ စာကြည့်တိုက်တွေကို 
ခေါ်နှိုးဖို့အတွက်  
ငါတို့ တောထဲထွက်ခဲ့ရတာ  
ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။     ။
 
- ဖားစည်မောင်ထူး - 

Art - PMT


#Credit
#ဝရဇိန်စာစဥ်

Tuesday, April 19, 2022

လူငယ်ဘဝ ကွယ်လွန်ခြင်း

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘာသာစကားပြော သင်တန်းတွေ
ကွန်ပျူတာ သင်တန်းတွေ
အောင်လက်မှတ်တွေ မရှိခဲ့ပါ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဗီဒီယိုဂိမ်းတွေ
ကာရာအိုကေတွေ
စိတ်ကြွဆေးပြားတွေလည်း မရှိခဲ့ပါ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်တစ်သေတ္တာပဲ ရှိခဲ့ပါတယ်...။

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ရုပ်ရှင်ရုံသည်သာ အငြိမ်းချမ်းဆုံး ခိုနားရာ
တစ်ခါတစ်ရံ စိတ်ပြေပျောက်စရာ
အပြာရောင် စာအုပ်များနဲ့သာ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
စက်ဘီးလေးတစ်စီးတောင် မရှိခဲ့သလို
ရည်းစားလည်း တစ်ယောက်မှ မရှိခဲ့ပါ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ
ကျွန်တော့်ရဲ့ ကမ္ဘာ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ခပေါင်းစီးကရက် တစ်ဘူးနဲ့
မြို့ပတ်ရထားကို မူးအောင် စီးခဲ့ဖူးပါတယ်

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
လူငယ့်ရေးရာ ညကျောင်းတစ်ကျောင်း ရှိခဲ့သလို
ရန်ကုန်မြို့လယ် ပလက်ဖောင်းဟာလည်း
သင်တန်းကျောင်းကြီး တစ်ကျောင်းပါပဲ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဒိုင်ယာရီစာအုပ် လွယ်အိတ်ထဲထည့်လို့ 
လျှောက်သွားခဲ့တာ
အသည်းကွဲသီချင်းတွေ အော်ဆိုခဲ့တာ
အနာဂတ်လွမ်းချင်း ကဗျာတွေ ရေးသားခဲ့တာ

အခုတော့
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးလည်း
ပျောက်ကွယ်ခဲ့ပါပြီ
တစ်တိုင်းပြည်လုံး ဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့ မြစ်ကြီးထဲမှာ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးဟာ
နစ်မြှုပ် ပျောက်ကွယ်ခဲ့ပါပြီ။.....................................။

                         _လှသန်း



ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကို ဖျော်ဖြေတာ
ပျော်စရာမှ မဟုတ်ပဲကွယ် ။

ဆယ့်နှစ်ကြိုးကသော
လောက၏ ကဝေလက်ချောင်းများ
ငါ့အား .... ဆွဲခေါ်
ငါ ... မမွေ့ပျော်တော့ပါပြီ အရှင် ။

#တာရာမင်းဝေ



◼အခု သိပြီလား ◼

ကာတွန်း©နေညိုအေး
#thevoiceofspring #cartoon



#thevoiceofspring



တောတွင်းမှ ​နွေဦးတမ်းချင်း
____________________

အလင်းရေ.....
ဆုတောင်းတိုင်းလည်း မပြည့်ခဲ့လွန်းတော့ 
ဆုတောင်းဖို့ကို မောင် ကြောက်တတ်လာတယ်
ဒုက္ခတွေဟာ ဘာလို့ မောင်တို့ဆီမှာမှ ပျော်မွေ့ရသလဲ??? 

တစ်ရေးနိုးညတွေ
အိပ်မရတဲ့ညတွေ
မိုးမလုံတဲ့ညတွေ
နှင်းရွှဲရွှဲစိုတဲ့ညတွေ
တစ်ထွာသာသာ ဝမ်း ဟောင်းလောင်းညတွေ.....
ကြယ်တွေငိုတဲ့ညတွေ......... 

အလင်း ကိုယုယထွေးပွေ့ချင်တဲ့လက်တွေဟာ 
အခုတော့ သေနတ်ကိုင်နေရတယ်....
ကြားချင်နေတဲ့ အလင်းရဲ့စကားသံချိုလေးတွေအစား
လက်နက်ကြီးသံတွေ.......... 

ရင်းထားရတဲ့အသက်တွေ....
မိသားစုတွေရဲ့ဒုက္ခတွေ....
စွန့်လွတ်ခဲ့ရတဲ့ အရာတွေ.....
မြိုသိပ်ထားရတဲ့ ခံစားမှုတွေ....
သယ်ပိုးထားရတဲ့အလွမ်းတွေ...... 

အလင်းရေ......
တစ်ခါခါ‌ မောင်ငိုမိတယ်....
တစ်ခါခါ သက်ပြင်းဖွဖွချတယ်..... 
မောင့်နှလုံးသား ဒီထက်ပိုမာနိုင်ပါ့မလား...... 

တော်လှန်ရေးဆိုတာ နှလုံးသားနူးညံ့တဲ့သူတွေပဲလုပ်နိုင်တာတဲ့....
ဒီနှလုံးသားတွေလည်း ဒါဏ်ရာ‌တွေ ဗလဗွနဲ့........ 

အလင်းရေ .......
မောင့်ရဲ့ပျက်ကွက်မှုတွေအတွက်တောင်းပန်ပါတယ်
အလိုက်တသိ နားလည်မှုတွေအတွက် ကျေးဇူးတင်ရပါတယ်.....
ချစ်ခြင်းတွေနဲ့ရှင်သန်စေလို့ ပိုပြီးတမ်းတရပါတယ်..
ရင်နဲ့မဆန့်အောင်အလွမ်းတွေသယ်ပိုးထားတယ်
အလင်းရဲ့ရှေ့မှောက်ပြန်ရောက်တဲ့အခါ အချစ်တွေအဖြစ် သွန်ချပစ်မယ်...... 

အလင်းရေ......
မင်းရဲ့ချစ်ခြင်းတွေနဲ့ ခွန်အားယူရသူမို့
နေကောင်းကျန်းမာအောင်နေပေးပါ
အစစအရာရာမှာ ဂရုစိုက်ပါ
အနာဂတ်အိမ်လေးအတွက် ရှင်သန်နေပေးပါ.... 

စစ်မိစ္ဆာတွေကို အပြီးတိုင်သုတ်သင်ပြီးတဲ့အခါ
ချစ်မေတ္တာ‌တွေနဲ့ ကမ္ဘာသစ်တည်ကြတာပေါ့...

‌ဪ....
နွေဦးရဲ့ ကံ့ကော်လေးတွေ ပွင့်ချိန်ရောက်ပြန်ပါပေါ့လား......

- ရဲဘော်အောက်ချင်း -

Art - နိသာ


#ဝရဇိန် စာစဥ်

To Be Trusted Is A Greater Than Loved ✓


နားလည်မှုရှိဖို့ဆိုရင် ယုံကြည်မှုကို 
အရင်းတည်ရပါတယ်
ယုံကြည်မှုပျက်စီးသွားရင်တော့ 
အရာအားလုံး တစ်စစီဖြစ်သွားပါပီ 

ငါချစ်ပေးခဲ့ရတာ
ငါ့ကို အလွဲသုံးစားလုပ်ဖို့ 
မဟုတ်ဘူးဆိုပီး သေလောက်အောင် 
စိတ်နာသွားတတ်ကြတယ် 

အချိန်တွေမလွန်ခင် နောင်တမရအောင်နေပါ 
အဲဒီလို လူတွေက 
သူများထက် ပိုပြတ်သားပါတယ်
 
ဘာလို့လဲဆိုတော့ သူတို့ပေးခဲ့တဲ့
ဂရုစိုက်မှု ၊ အလေးထားမှုအားလုံးဟာ 
ချစ်တဲ့စိတ်တစ်ခုထဲ ရှိခဲ့လို့ပါပဲ

ဒါကြောင့် ကိုယ်တကယ် မြတ်နိုးတဲ့
ချစ်သူရှိရင် တန်ဖိုးထားပါ

ရံဖန်ရံခါ မိမိရဲ့ ပေ့ါပျက်ပျက်ကတိစကားသည် 
မိမိထင်ထားသည်ထက်၍ 
သူတစ်ပါးကို ဒုက္ခ ရောက်စေတတ်တယ်
ဒါကြောင့် 
စကားကို လွယ်လွယ်နှင့် မပြော‌နဲ့
လွယ်လွယ်နဲ့ ကတိမပေးနဲ့
ပေးပြီးသားကတိလဲ မဖျက်နဲ့

san Zuren🌺



San Zuren 🌸

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...