ပြန်ဆုံကြမယ်နော်
____________________
ဘာမှမပြုပြင်ထားတဲ့မြင်ကွင်းကို
တစ်ယောက်ချင်းစီထွက်ငေးပြီး ပျော်ရွှင်စွာဆွေးမြေ့နေပါ
အမှောင်လေးနည်းနည်းမှမယိုကျရင်
ညမဟုတ်ဘူးလို့ တွေးထား
လှိုင်းတွေက
အကိုင်းတွေပိုထွားကျိုင်းလာပြီ
ဘဝရဲ့အောက်မှာ
တစ်ယောက်တည်းကြွေရတာပဲအချစ်
ဒီတစ်ခါပြန်ပွင့်ရင် ငါတစ်ကယ်လာခဲ့ပါ့မယ် ။ ။
#အောင်ခိုင်မြတ်
No comments:
Post a Comment