ဘယ်သူသိမှာလဲ
အခုချိန်မှာ လူတစ်ယောက်
သူ့ကိုသူ suicide လုပ်သွားတယ်ဆို
ဘယ်သူသိမှာလဲ
အချိန်တန်လို့ သတင်းတက်လာရင်
sad react ပေးတာထက်
ဘာများပိုခံစားကြဦးမှာလဲ
ညကြီးအချိန်မတော် ပေတရာပေါ်က
သွေးတွေ ဆေးချနေတယ်ဆိုရင်ရော
ဘယ်သူသိမှာလဲ
ကျဆုံးစာရင်းထဲ နာမည်တောင်မပါလာဘဲ
တိတ်တဆိတ်ထွက်သွားသူတွေကိုရော
ဘယ်သူသိမှာလဲ
မင်းစိတ်ကို မင်း ညာနေတယ်ဆိုရင်ရော
ဘယ်သူသိမှာလဲ
ဘယ်သူမှမသိပေမယ့်
မင်းကိုယ်တိုင်ရော လိပ်ပြာလုံလို့လား......
ThaeNu
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Sunday, November 6, 2022
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...

-
ကဗျာဆရာသေဆုံးခြင်း _____________________ ဏေမျိုးဇော် ပါးနမ်းလို့ရတယ် ခေါင်းရိုက်ခွဲလိုက်လို့လဲရတယ် က...
-
❝ ခင်ခင်ပျိုရေ စောင့်ခဲ့တယ် ❞ တရားဟာ တရားအတိုင်း အမှားဟာ အမှားအတိုင်း ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ သမိုင်းဆိုတာ နှေးချင်နှေးပြီး မြန်ချ...
No comments:
Post a Comment