.....၁ မိနစ်ငြိမ်....
==============
၂၀၂၁၊ ဖေဖော်ဝါရီ(၁) ....
ခင်ဗျားတို့မြင်လား...
အဲ့ဒီနေ့ကတည်းက....
အနာဂတ်တွေ ...
တဖြုတ်ဖြုတ် ကြွေနေတာကို...
သူတို့ခမျာ..
စစ်ခွာသံ ပြင်းပြင်းအောက်...
သေရမှာထက် ...
နေရမှာ ပိုကြောက်ခဲ့ကြ....
ဒီသမိုင်းဟာ...
ချွေးနဲ့ သွေးနဲ့ ရေးရမှန်းလည်း...
သူတို့သိရဲ့...
အိမ်မှာဟင်းမကောင်းရင်...
ထမင်းပန်ကန် လွှင့်ပစ်တတ်တဲ့...
ကောင်လေးဟာ...
တောနဲ့တောင်စွယ်ကို ခြေကုတ်...
၁၀၀ တန် ငပိဘူးကို...
ဟင်းလုပ်ခဲ့တာသာ...
သူတို့ မိဘတွေသိခဲ့ရင်...
ရယ် လေမလား..???
ငို ကြ လေ မလား..???
တစ်ချို့ ပြန်မလာနိုင်တာတောင်...
အမျှဝေတာ မကြိုက်...
" ကျွန်တော်တို့အလှည့် ကျန်သေးသတဲ့ "
ကိုယ့်မှာ..
" မိုက်လိုက်တာ" လို့လဲ မပြောရက်...
သိပ်ခက်တဲ့ကောင်တွေ...
ကိုယ့်ကမ္ဘာလာထိမှ ...
ပျက်တယ်လို့ထင်သူတွေအတွက်...
ကြွေခဲ့ရတဲ့ ကြယ်တွေကို..
အားနာမိပါရဲ့..။
သွေးသစ်
No comments:
Post a Comment