"ကြွေတာကိုကပွင့်ခြင်းပဲ"
ပန်းဆိုတာက
ကြွေတာကိုကပွင့်ခြင်းပဲ။
တစ်ပွင့်ချွေရင်
တစ်ပွင့်ဝေလွင်နေမှာပဲ။
နှစ်ပွင့်ချွေရင်
နှစ်ပွင့်ဝေလွင်နေမှာပဲ။
ကဲ...ချွေစမ်းပါဦး
လေရူးလေနော့၊ သော့နှင်မဆုံး
လေသင်ဓုန်းလား၊ မုန်တိုင်းလားပဲ
တအားတိုက်စမ်း၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ၊ မြေမှာကြွေအောင်
မွချွေစမ်းလေ၊ မမှုပါဘူး
ကြွေတာကိုကပွင့်ခြင်းပဲ။
ပန်းအဘိဓမ္မာ
ဒါပဲလေ ချွေလို့ကြွေကြွေ
ကြွေလို့နေနေ၊ ကြွေတာကိုက ပွင့်ခြင်းပဲဟေ့။ ။
#မောင်ချောနွယ်
No comments:
Post a Comment